Saturday, March 2, 2013

ဗွီအိုအေမြန်မာ နေ့စဉ် သတင်းလွှာ - မတ် ၀၂၊ ၂၀၁၃

ဗွီအိုအေမြန်မာ နေ့စဉ် သတင်းလွှာ
 
ဗွီအိုအေမြန်မာ နေ့စဉ် သတင်းလွှာ
မတ် ၀၂၊ ၂၀၁၃

ဗွီအိုအေမြန်မာသတင်းဌာန၏ နေ့စဉ် နောက်ဆုံးရ မြန်မာ နှင့် နိုင်ငံတကာ သတင်းများ၊ သတင်းဆောင်းပါးများ နဲ့ နေ့စဉ် တီဗွီမဂ္ဂဇင်း/သတင်းလွှာ အစီအစဉ်...

 
မြန်မာ

ဦးသိန်းစိန် ဖင်လန်သမ္မတနဲ့တွေ့ဆုံ ဦးသိန်းစိန် ဖင်လန်သမ္မတနဲ့တွေ့ဆုံ
ဥရောပ ငါးနိုင်ငံဆီ ခရီးလှည့်နေတဲ့ သမ္မတ ဦးသိန်းစိန်ဟာ ဖင်လန်မှာ ရောက်နေပြီး ဖင်လန်နိုင်ငံက ယူရိုငွေ ၆ သန်းခွဲနီးပါး ကူညီဖို့ ကတိပေးလိုက်ပါတယ်။ အပြည့်အစုံ
 
 မြန်မာ့မီဒီယာဥပဒေကြမ်း CPJ ဝေဖန် မြန်မာ့မီဒီယာဥပဒေကြမ်း CPJ ဝေဖန်
မြန်မာနိုင်ငံရေးဆွဲနေတဲ့ ပုံနှိပ်ခြင်းနဲ့ ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေမူကြမ်းဟာ မီဒီယာလွတ်လပ်ခွင့်ကို ခြိမ်းခြောက်နေတယ်လို့ CPJ အဖွဲ့က ဝေဖန်ပါတယ်။ အပြည့်အစုံ
 
ကချင်ဒုက္ခသည်တွေဆီ ကုလအကူအညီရောက် ကချင်ဒုက္ခသည်တွေဆီ ကုလအကူအညီရောက်
ကချင်ပြည်နယ်ထဲက စစ်ဘေးဒုက္ခသည်တွေအတွက် ကုလသမဂ္ဂက ထောက်ပံ့ ကူညီမှုတွေ ပို့ပေးနိုင်ခဲ့ပြီလို့ ကုလသမဂ္ဂက ပြောပါတယ်။ အပြည့်အစုံ
 
နော်ခမ်းနဲ့ အပေါင်းအပါသုံးဦး တရုတ်ကွပ်မျက် နော်ခမ်းနဲ့ အပေါင်းအပါသုံးဦး တရုတ်ကွပ်မျက်
ရှမ်းတိုင်ရင်းသား နော်ခမ်းဟာ မဲခေါင်မြစ်အတွင်း တရုတ် ငါးဖမ်းသမား ၁၃ ယောက်ကို သတ်ရန် အမိန့်ပေးခဲ့မှုနဲ့ တရုတ်ပြည်မှာ ဒီနေ့ပဲ သေဒဏ်အပေးခံရပါတယ်။ အပြည့်အစုံ
 
နိုင်ငံတကာ

ဘတ်ဂျက်ဖြတ်တောက်မှု မရှောင်နိုင်တဲ့အပေါ် သမ္မတအိုဘားမား ဝေဖန် ဘတ်ဂျက်ဖြတ်တောက်မှု မရှောင်နိုင်တဲ့အပေါ် သမ္မတအိုဘားမား ဝေဖန်
အစိုးရအသုံးစရိတ် ၈၅ ဘီလီယံ အလိုအလျှောက် ဖြတ်တောက်မယ့် အစီအစဉ်ကြောင့် အမေရိကန်တဝှမ်းမှာ ဂယက်ရိုက်ခတ်မှုတွေ စတင်နေပါပြီ။ အပြည့်အစုံ
 
ရဲရက်စက်မှုကြောင့်သေဆုံးမှု တောင်အာဖရိကစုံစမ်း
ရဲကားနောက်မှာ ဒရွတ်တိုက် ချိတ်ဆွဲခေါ်ဆောင်ခံရတဲ့ အငှားယာဉ်မောင်းသူ သေဆုံးမှု သမ္မတက လက်ခံနိုင်စရာ မရှိကြောင်းပြောသလို ရာထူးချပီး စစ်ဆေးနေပါတယ်။ အပြည့်အစုံ
 
ဘင်္ဂလားဆန္ဒပြပွဲ ၄၀ ကျော်သေဆုံး ဘင်္ဂလားဆန္ဒပြပွဲ ၄၀ ကျော်သေဆုံး
အဆင့်မြင့် အစ္စလာမ်မစ် ခေါင်းဆောင်တစ်ဦးကို စစ်ပွဲတွေအတွင်း ကျူးလွန်တဲ့ ရာဇဝတ်မှုတွေနဲ့ သေဒဏ်စီရင်မှုကြောင့် ဆန္ဒပြမှုကို အကြမ်းဖက်ဖြိုခွဲတာမှာ လူ ၄၀ ကျော် သေဆုံးခဲ့ပါတယ်။ အပြည့်အစုံ
 
သတင်းသုံးသပ်ချက်

ဝန်ထုပ်ဝန်ပိုးကြီး ပိနေတဲ့ မြန်မာပြည် ဝန်ထုပ်ဝန်ပိုးကြီး ပိနေတဲ့ မြန်မာပြည်
မတ် ၂၊ ၂၀၁၃ - ဗမာစစ်တပ်ဟာ တိုင်းပြည်အပေါ်မှာ ဝန်ထုပ်ဝန်ပိုးကြီးလို့ ဖိစီးနေတာ ဒီကနေဆိုရင် (၅၁) နှစ်ရှိပြီးဖြစ်ကြောင်း သုံးသပ်တင်ပြထားပါတယ်။ အပြည့်အစုံ
 
နေ့စဉ် တီဗွီသတင်းလွှာ

နေ့ စဉ်တီဗွီသတင်းလွှာ (၀၃၊၀၂၊၂၀၁၃) နေ့ စဉ်တီဗွီသတင်းလွှာ (၀၃၊၀၂၊၂၀၁၃)
မအူပင်မြို့နယ်လယ်သမားတွေနဲ့ ပဋိပက္ခမှာ မြန်မာအစိုးရက တာဝန်ယူဖြေရှင်းဖို့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး ကိုယ်စားလှယ် သောမတ် အိုဟေး ကင်တာနားက တောင်းဆို ၊ စိုင်းနော်ခမ်းနဲ့ အဖွဲ့ဝင် ၃ ယောက်ကို တရုတ်နိုင်ငံမှာ မနေ့ကပဲ သေဒဏ်ပေး၊ အမေရိကန် အောက် လွှတ်တော်မှ ကျင်းပတဲ့ မြန်မာ့အရေး ကြားနာစစ်ဆေး၊ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် ၂၂ ကြိမ်မြောက် အရှေ့အာရှရဲ့ World Economic Forum ကမ္ဘာ့စီးပွားရေးရာ နှီးနှောဖလှယ်ပွဲအကြို ပဏာမ သတင်းစာရှင်းလင်းပွဲ အကြောင်း သတင်းပေးပို့ချက်တွေကို ရှု့စားကြမှာပါ။ အပြည့်အစုံ
 
ဗွီဒီယိုသတင်း

စနေ့နေ့ မြန်မာတီဗွီသတင်းများ စနေ့နေ့ မြန်မာတီဗွီသတင်းများ
၂၀၁၃ ခုနှစ် မတ်လ ၂ ရက် စနေနေ့ မြန်မာနိုင်ငံဆိုင်ရာသတင်း တွေကို စုစည်းတင်ဆက်ထားပါတယ်။ အပြည့်အစုံ
 
ကမ္ဘာ့စီးပွားရေးနှီးနှောဖလှယ်ပွဲ အကြိုပြင်ဆင်မှု ကမ္ဘာ့စီးပွားရေးနှီးနှောဖလှယ်ပွဲ အကြိုပြင်ဆင်မှု
ချမ်းသာတဲ့ ကမ္ဘာ့ဦးဆောင်ကော်ပိုရေးရှင်းကြီးတွေက ဆင်းရဲတဲ့နိုင်ငံတွေ ဖွံ့ဖြိုးတိုးတက်မှုအတွက် လက်တွေ့ ကျကျ ကူညီနိုင်ရေးဟာ ပထမအဆင့် ယုံကြည်မှုတည်ဆောက်နိုင်ဖို့ အဓိကကျတယ်လို့ ကမ္ဘာ့စီးပွားရေးဖိုရမ် အာရှရေးရာဌာနမှူး Sushant Palakurthi Rao (ဆူရှန့် ပါလာကူရသီ ရောင်း) က ပြောဆိုလိုက်ပါတယ်။ လာမယ့် ဇွန်လဆန်းမှာ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် ၂၂ ကြိမ်မြောက် အရှေ့အာရှရဲ့ World Economic Forum ကမ္ဘာ့စီးပွားရေးရာ နှီးနှောဖလှယ်ပွဲအကြို ပဏာမ သတင်းစာရှင်းလင်းပွဲ မနေ့က ရန်ကုန်မြို့မှာ ကျင်းပပါတယ်။ ရန်ကုန်မြို့ကနေ ဒေါ်ခင်စိုးဝင်းက သတင်းပေးပို့ထားပါတယ်။ အပြည့်အစုံ
 
NLD ညီလာခံနဲ့ ပါတီရပ်တည်မှု NLD ညီလာခံနဲ့ ပါတီရပ်တည်မှု
လာမယ့် မတ်လ ၈ရက်နေ့ကစပြီး ၁၀ ရက်နေ့ထိ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီက ပထမဆုံး အကြိမ် ပါတီညီလာခံကျင်းပမှာဖြစ်ပါတယ်။ ဒါဟာပြီးခဲ့တဲ့နှစ် ကြားဖြတ်ရွေးကောက်ပွဲမှာ လွှတ်တော်အတွင်း နေရာအများဆုံးယူခဲ့ပြီးနောက် ပထမဆုံးအကြိမ် ညီလာခံ ကျင်းပမှာဖြစ်ပါတယ်။ စမ်းစစ်လေ့လာသူ တချို့ကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ခေါင်းဆောင်တွေ အနေနဲ့ အစိုးရနဲ့ အတိုက်အခံလုပ်ရတာတွေ မရှိသလောက် ဖြစ်နေချိန်မှာ ပါတီ တည်ဆောက်ရေးနဲ့ မူဝါဒ ကိစ္စတွေကို ပိုပြီး အာရုံစိုက်သင့်တယ်လို့ ဝေဖန်ပြောဆိုပါတယ်။ VOA သတင်းထောက် Daniel Schearf ပေးပို့ထားတဲ့ သတင်း ကို မေစန္ဒီက ပြောပြမှာဖြစ်ပါတယ်။ အပြည့်အစုံ
 
နိုင်ငံရေးနဲ့   ဘောလုံးအားကစား နိုင်ငံရေးနဲ့ ဘောလုံးအားကစား
. အပြည့်အစုံ
 
မဇင်မာအောင်ရဲ့ မြန်မာ့အရေး အတွေးအမြင် မဇင်မာအောင်ရဲ့ မြန်မာ့အရေး အတွေးအမြင်
လွှတ်တော်တွင်းနဲ့ လွှတ်တော်ပြင်ပနိုင်ငံရေးကို ဟန်ချက်ညီညီသွားနိုင်ဖို့နဲ့ ဘယ်လိုကိစ္စရပ်တွေ ကို ကိုင်တွယ်လုပ်ဆောင်မယ်ဆိုတာ ရွေးချယ်နိုင်ဖို့ရာတွေဟာ ရှေ့လျှောက် မြန်မာ့နိုင်ငံရေးမှာ အဓိကကျတဲ့ စိန်ခေါ်မှု တွေ ဖြစ်လိမ့်မယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးရဲ့ ၂၀၁၂ ခုနှစ် အမျိုးသမီးရဲစွမ်းသတ္တိဆုရှင် မဇင်မာအောင်က ပြောပါတယ်။ ကိုယ့်လမ်းကြောင်းကို ကိုယ်ကိုယ်တိုင် မရွေးနိုင်ရင် ကိုယ့်ကိုပုံဖော်တာကို ခံရလိမ့်မယ်လို့လည်း သူက ပြောပါတယ်။ အမျိုးသမီးခေါင်းဆောင်တွေကို စွမ်းအားမြှင့်တင်ရေး အစီအစဉ်တစ်ခုနဲ့ အမေရိကန်ပြည်ထောင်စုဆီ သီတင်းသုံးပတ်ကြာ လာရောက်ခဲ့တဲ့ မဇင်မာအောင်ကို ပြီးခဲ့တဲ့သီတင်းပတ်အတွင်း ကိုကျော်ကျော်သိန်းက တွေ့ဆုံ မေးမြန်းထားပါတယ်။ Sent at 3:51 PM on Friday အပြည့်အစုံ
 
မြန်မာပြည်ဖွံ့ဖြိုးရေးနဲ့   ၀င်ငွေခွန် မြန်မာပြည်ဖွံ့ဖြိုးရေးနဲ့ ၀င်ငွေခွန်
မြန်မာနိုင်ငံအတွင်း စီးပွားရေးလုပ်ငန်းရှင်ကြီးတွေရဲ့အခွန်တိမ်း ရှောင် မှုတွေ ရှိနေဆဲဖြစ်ပြီး တိုင်းပြည်ဖွံ့ဖြိုးရေးအတွက် အခွန်တွေ မှန်မှန်ကန်ကန် ပေးဆောင်ဖို့လိုအပ်သလို ၀င်ငွေခွန်နဲ့ ပတ်သက်ပြီး အသိပညာပေးမှုတွေ လိုအပ်တဲ့အကြောင်း သုံးသပ် ပြောဆိုမှုတွေရှိနေပါတယ်။ မြစ်မခမီဒီယာက မေသင်္ကြန်ဟိန်က တင်ပြပါလိမ့်မယ်။ အပြည့်အစုံ
 
မြန်မာ့အရေး အောက်လွှတ်တော်ကြာနားပွဲ မြန်မာ့အရေး အောက်လွှတ်တော်ကြာနားပွဲ
မြန်မာနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ဆောင်တဲ့နေရာမှာ အမေရိကန်ပြည်ထောင်စုအနေနဲ့ မြန်မာစစ်တပ်ပိုင်း နဲ့ ပူးပေါင်လုပ်ဆောင်တဲ့ ရင်းနှီးမြှုပ်နှံမှုမျိုး လုပ်မှာ မဟုတ်ဘူးလို့ အမေရိကန် အစိုးရ ထိပ်ပိုင်း တာဝန်ရှိသူတဦးက ပြောလိုက်ပါ တယ်။ဒါ့ပေမယ့် မြန်မာ့နိုင်ငံရေးပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်မှာတော့ အမေရိကန်ပြည် ထောင်စုက ဆက်ပြီး ပံ့ပိုး ကူညီသွား မှာဖြစ်တယ် လို့ ပြောပါတယ်။ အမေရိကန် အောက် လွှတ်တော်မှာ ကြာသပတေးနေ့ Tom Lantos လူ့အခွင့်အရေး ကော်မရှင်က ကျင်းပတဲ့ မြန်မာ့အရေး ကြားနာစစ်ဆေးပွဲအကြောင်း ကိုယ်တိုင် သွားရောက်သတင်းယူခဲ့တဲ့ ကိုကျော်သိင်္ခက ဆက်ပြီး ပြောပြ ပေးမှာပါ။ အပြည့်အစုံ
 

အကြံပေး၊ ဝေဖန်၊ မေးခွန်းများရှိပါက အီးမေးပေးပို့ရန်။ burmese@voanews.com
Voice of America
330 Independence Ave. SW Suite 3166
Washington, D.C. 20237 USA

No comments:

Post a Comment