Friday, March 15, 2013

ဗွီအိုအေမြန်မာ နေ့စဉ် သတင်းလွှာ - မတ်လ ၁၅၊ ၂၀၁၃

ဗွီအိုအေမြန်မာ နေ့စဉ် သတင်းလွှာ
 
ဗွီအိုအေမြန်မာ နေ့စဉ် သတင်းလွှာ
မတ်လ ၁၅၊ ၂၀၁၃

ဗွီအိုအေမြန်မာသတင်းဌာန၏ နေ့စဉ် နောက်ဆုံးရ မြန်မာ နှင့် နိုင်ငံတကာ သတင်းများ၊ သတင်းဆောင်းပါးများ နဲ့ နေ့စဉ် တီဗွီမဂ္ဂဇင်း/သတင်းလွှာ အစီအစဉ်...

 
မြန်မာ

ကချင်ဒေသငြိမ်းချမ်းရေး ကုလအတွင်းရေးမှုးချုပ် မျှော်လင့် ကချင်ဒေသငြိမ်းချမ်းရေး ကုလအတွင်းရေးမှုးချုပ် မျှော်လင့်
မြန်မာနိုင်ငံ မြောက်ပိုင်း ကချင်ပြည်နယ်တွင်း အစိုးရနဲ့ ကေအိုင်အို ကချင်လွတ်မြောက်ရေး အဖွဲ့အစည်းအကြား အပစ်အခတ်ရပ်စဲရေးယူနိုင်ဖို့ သဘောတူခဲ့တဲ့အပေါ် ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် ဘန်ကီမွန်းက ကြိုဆိုလိုက်ပါတယ်။ အပြည့်အစုံ
 
လက်ပံတောင်းကိစ္စ အမြင်အမျိုးမျိုး လက်ပံတောင်းကိစ္စ အမြင်အမျိုးမျိုး
လက်ပံတောင်းတောင် အစီရင်ခံ ထွက်လာအပြီး လက်ရှိအခြေအနေပေါ်မှာ သုံးသပ်ပြောဆိုတာ နဲ့အတူ အင်အားသုံး အကြမ်းဖက်ပဋိပက္ခတွေ ဖြစ်ပွားမှာကို စိုးရိမ်မှုတွေ ရှိနေတာကို တွေ့ရပါတယ အပြည့်အစုံ
 
ဒေါ်အောင်ဆန်း စုကြည် ရောက်ချိန် လက်ပံတောင်းဆန္ဒပြပွဲ ဆက်ဖြစ် ဒေါ်အောင်ဆန်း စုကြည် ရောက်ချိန် လက်ပံတောင်းဆန္ဒပြပွဲ ဆက်ဖြစ်
နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကို အလေးထား ယုံကြည်ထားခဲ့ တဲ့ ပြည်သူလူထုတချို့ရဲ့ ဆန့်ကျင်ကန့်ကွက်မူ ခံရပြီး နှစ်ပေါင်း၂၀ကျော် အတွင်း မှာ ဒေါ်စုနဲ့ပြည်သူလူထုကြား တင်းမာမူတွေ၊ စိန်ခေါ်မူတွေနဲ့ ရင်ဆိုင်ရတဲ့ ပထမဦးဆုံး ခရီးစဉ်လည်း ဖြစ်ပါတယ်။ အပြည့်အစုံ
 
နိုင်ငံတကာ

နိုင်ငံခြားရေးဝန်ကြီးကယ်ရီ အရှေ့တောင်အာရှ ခရီးထွက်မည် နိုင်ငံခြားရေးဝန်ကြီးကယ်ရီ အရှေ့တောင်အာရှ ခရီးထွက်မည်
အာရှဒေသနဲ့ အမေရိကန်ရဲ့ သံတမန်ဆက်ဆံရေး တိုးတက်ဖို့ကြိုးပမ်းမှု တစိတ် တဒေသအဖြစ် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး John Kerry ဟာ လာမဲ့လတွေအတွင်း အာရှနဲ့ တောင်အာရှနိုင်ငံတွေကို သွားရောက်မှာဖြစ်ပါတယ်။ အပြည့်အစုံ
 
တရုတ်သမ္မတသစ် ရှီကျင့်ပင် တင်မြှောက် တရုတ်သမ္မတသစ် ရှီကျင့်ပင် တင်မြှောက်
တရုတ်အမျိုးသားပြည်သူ့ကွန်ဂရက်က ရှီကျင်းပင်းကို တရုတ်နိုင်ငံရဲ့ သမ္မတအဖြစ်နဲ့ မဲပေးရွေးချယ်ခဲ့ကြပါတယ်။ ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းစတင်လုပ်ဆောင်ခဲ့ပြီး ဆယ်စုနှစ်တခုအတွင်း ပထမဆုံးကြုံရတဲ့ ခေါင်းဆောင်မှုအပြောင်းအလဲကို တရုတ်နိုင်ငံဘေဂျင်းမြို့မှာ ကျင်းပခဲ့တဲ့ ဒီအခမ်းအနားအတွင်း အပြီးသတ်လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ အပြည့်အစုံ
 
ပုပ်ရဟန်းမင်းသစ်ရဲ့ ပထမဆုံး ဝတ်ပြု တရားပွဲ ပုပ်ရဟန်းမင်းသစ်ရဲ့ ပထမဆုံး ဝတ်ပြု တရားပွဲ
Roman Catholic ဘာသာဝင်တွေရဲ့ ပုပ်ရဟန်းမင်းကြီးအဖြစ်ရွေးချယ်ခံထားရတဲ့ ပုပ်ရဟန်းမင်းကြီး Francis ဟာ ကြာသပတေးနေ့က Rome မြို့တော်မှာရှိတဲ့ ဘုရားရှိခိုးကျောင်းတခုမှာ ပထမဆုံး သွားရောက် ဝတ်ပြုခဲ့ပါတယ်။ အပြည့်အစုံ
 
တောင်ကိုရီးယား-ကန် စစ်လေ့ကျင့်မှု ကင်ဂျုံအမ် စောင့်ကြည့် တောင်ကိုရီးယား-ကန် စစ်လေ့ကျင့်မှု ကင်ဂျုံအမ် စောင့်ကြည့်
တောင်နဲ့မြောက်ကီုရီးယားနှစ်နိုင်ငံကြား တင်းမာနေတဲ့ ပင်လယ်ပြင်မှာ ပြုလုပ်ခဲ့တဲ့ အမေရိကန်နဲ့ တောင်ကိုရီးယားတို့ရဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှု ကို မြောက်ကိုရီးယားခေါင်းဆောင်က စောင့်ကြည့်နေခဲ့ပါတယ်။ အပြည့်အစုံ
 
ခမာနီခေါင်းဆောင်ဟောင်း အီယန်ဆရီ ကွယ်လွန် ခမာနီခေါင်းဆောင်ဟောင်း အီယန်ဆရီ ကွယ်လွန်
ကွယ်လွန်ချိန် အသက် ၈၇ နှစ်ရှိပြီဖြစ်တဲ့ Ieng Sary ဟာ လက်ရှိ အမှုရင်ဆိုင်နေရတဲ့ ခမာနီအဖွဲ့ဝင်ဟောင်းတွေထဲမှာ အသက်အကြီးဆုံး ပုဂ္ဂိုလ်လည်း ဖြစ်ပါတယ်။ အပြည့်အစုံ
 
တီဗွီ

နေ့စဉ်တီဗွီသတင်းလွှာ (၀၃-၁၅-၂၀၁၃) နေ့စဉ်တီဗွီသတင်းလွှာ (၀၃-၁၅-၂၀၁၃)
လက်ပံတောင်းတောင် ဒေသခံတွေဆီ ဒေါ်အောင်ဆန်းစုကြည် သွားရောက် ရှင်းလင်း၊ သမ္မတ ဦးသိန်းစိန်ရဲ့ နယူဇီလန် ခရီးစဉ်၊ ပုပ်ရဟန်းမင်း အသစ်တင်မြှောက်မှုနဲ့ ပတ်သက်ပြီး တုန့်ပြန်ပြောဆိုချက်၊ ရန်ကုန်မြို့တော်က အမှိုက်သိမ်းစနစ်နဲ့ သမ္မတ အိုဘားမားရဲ့ အရှေ့အလယ်ပိုင်း ခရီးစဉ်နဲ့ ပတ်သက်ပြီး သုံးသပ်ချက် အပြင် တခြား စိတ်ဝင်စားဖွယ် သတင်းနဲ့ သတင်းတောင်းပါးတွေကို နားဆင်ကြရမှာပါ။ အပြည့်အစုံ
 
ဗွီဒီယိုသတင်း

သောကြာနေ့ မြန်မာတီဗွီ သတင်း သောကြာနေ့ မြန်မာတီဗွီ သတင်း
လက်ပံတောင်းတောင် အရေး ဒေသခံတွေကို ဒေါ်အောင်ဆန်းစုကြည် ရှင်းလင်း၊ သမ္မတ ဦးသိန်းစိန်ရဲ့ နယူးဇီလန် ခရီးစဉ်၊ မြန်မာ့ ဘိန်းစိုက်ပျိုးထုတ်လုပ်မှုနဲ့ ပတ်သက်ပြီး အမေရိကန်ရဲ့ မှတ်ချက် အပြည့်အစုံ
 
ရန်ကုန် လမ်းကြား အမှိုက် ရန်ကုန် လမ်းကြား အမှိုက်
ရန်ကုန်မြို့လယ် ပန်းဘဲတန်း၊ လသာနဲ့ ကျောက်တံတားမြို့နယ်ရှိ တိုက်ကြီးတွေရဲ့ နောက်ဖေး လမ်းကြားတွေ မှာ စည်းမဲ့ကမ်းမဲ့ အမှိုက်ပစ်နေကြသလို စည်ပင်သာယာကလည်း ပုံမှန် အမှိုက်ခွန်သာ ကောက်ခံပေမဲ့ သန့်ရှင်းရေးအတွက် တာဝန်မယူတဲ့အကြောင်း ဒေသခံတွေက ပြောပါတယ်။ ဒါ့ကြောင့် ရပ်မိရပ်ဘတွေ၊ လမ်းသာယာရေးအဖွဲ့တွေက ဦးဆောင်ပြီး ကန်ထရိုက်တာရဲ့ အကူအညီနဲ့ အမှိုက်သိမ်း နေကြရပါတယ်။ VOA ရန်ကုန်ရုံးက သတင်းထောက် ကိုစည်သူက သတင်းပေးပို့ထားပါတယ်။ အပြည့်အစုံ
 
ပုပ်ရဟန်းမင်းကြီး Francis ပုပ်ရဟန်းမင်းကြီး Francis
.Roman Catholic ကျောင်းတော်ရဲ့ ၂၂၆ ယောက်မြောက်အဖြစ် ရွေးချယ်ခံရတဲ့  အာဂျင်တီနားနိုင်ငံသား Cardinal ဘုန်းတော်ကြီး Jorge Mario Bergoglio ဟာ Pope Francis အဖြစ် နဲ့ ကမ္ဘာတလွှားက ရိုမင်ကသလစ် ဘာသာဝင်တွေကို ဦးဆောင်ဦးရွက်ပြုတော့မှာဖြစ်ပါတယ်။ ပုပ်ရဟန်းမင်းကြီးအသစ် Francis ဟာ Society of Jesuit လို့ခေါ်တဲ့ ယေရှုအသင်း တော်ကနေ ပုပ်ရဟန်းမင်းကြီးအဖြစ် ပထမဆုံးအကြိမ် ရွေးချယ်ခံရသူလည်းဖြစ်ပါတယ်။ ပုပ်ရဟန်းမင်းကြီး ရွေးချယ်မှုအပေါ် နိုင်ငံတကာရဲ့ တုန့်ပြန်ချက်တွေကို ကိုကျော်သိင်္ခ စုစည်းတင်ပြထားပါတယ်။ အပြည့်အစုံ
 
အိုဘားမား သွားမယ့် အရှေ့အလယ်ပိုင်းခရီး အိုဘားမား သွားမယ့် အရှေ့အလယ်ပိုင်းခရီး
သမ္မတအိုဘားမား ရှေ့သတင်းပတ်အတွင်း အရှေ့အလယ်ပိုင်းဒေသကို သွားဖို့ စီစဉ်နေပါတယ်။ အစ္စရေးသိမ်းပိုက်ထားတဲ့ ဂါဇာ အနောက်ဘက်ကမ်းခြေဒေသနဲ့ ဂျော်ဒန်နိုင်ငံတွေဆီကို သွားမယ့် ခရီးစဉ်အတွင်း အဲဒီဒေသအတွက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ ပြန်လည်ဖြစ်ပေါ်လာရေးအတွက် အဓိကထား ပြောကြားမှာ ဖြစ်ပါတယ်။ အီရန်နိုင်ငံရဲ့ နျူလကီလား စီမံကိန်းနဲ့ ဆီးရီးယားရဲ့ ပြည်တွင်း စစ်ပွဲ အရေးကိစ္စတွေလည်း သူ့ရဲ့ ခရီးစဉ် အတွင်း အဓိက ဆွေးနွေးမယ့် အကြောင်းအရာတွေ ဖြစ်ပါတယ်။ ဗွီအိုအေရဲ့ အိမ်ဖြူတော် အကြီးတန်း သတင်းထောက် Dan Robinson ရဲ့ သတင်းပေးပို့ချက်ကို မခွာညိုက ပြောပြပေးပါမယ်။ အပြည့်အစုံ
 
တရုတ်သမ္မတနဲ့ လူထုမျှော်လင့်ချက် တရုတ်သမ္မတနဲ့ လူထုမျှော်လင့်ချက်
တရုတ်နိုင်ငံ ဘေဂျင်းမြို့တော်မှာ ကျင်းပနေတဲ့ အမျိုးသား ပြည်သူ့လွှတ်တော် ညီလာခံအတွင်း သမ္မတသစ်အဖြစ်နဲ့ Xi Jinping ကို တာဝန်ပေးလိုက်ကြောင်း ဒီကနေ့ပဲ တရားဝင် ကြေညာလိုက်ပါတယ်။ ပြုပြင်ပြောင်းလဲရေးတွေ လုပ်ဆောင်မယ်လို့ ကတိပြုထားတဲ့ သမ္မတသစ်အပေါ်မှာတော့ တရုတ်နိုင်ငံသားတွေကြား မျှော်လင့်ချက်တွေ ကြီးကြီးမားမား ရှိနေကြတာပါ။ တရုတ်နိုင်ငံရေး အပြောင်းအလဲ နောက်ဆုံး အခြေအနေတွေ ကိုတော့ ကိုအောင်လွင်ဦး ကပြောပြပေးမှာ ဖြစ်ပါတယ်။ အပြည့်အစုံ
 

အကြံပေး၊ ဝေဖန်၊ မေးခွန်းများရှိပါက အီးမေးပေးပို့ရန်။ burmese@voanews.com
Voice of America
330 Independence Ave. SW Suite 3166
Washington, D.C. 20237 USA

No comments:

Post a Comment