ဗွီအိုအေမြန်မာ နေ့စဉ် သတင်းလွှာ မတ်လ ၈၊ ၂၀၁၃ ဗွီအိုအေမြန်မာသတင်းဌာန၏ နေ့စဉ် နောက်ဆုံးရ မြန်မာ နှင့် နိုင်ငံတကာ သတင်းများ၊ သတင်းဆောင်းပါးများ နဲ့ နေ့စဉ် တီဗွီမဂ္ဂဇင်း/သတင်းလွှာ အစီအစဉ်... |
အမေရိကန်ကို နျူကလီးယားနဲ့ မြောက်ကိုရီးယား ခြိမ်းခြောက် မြောက်ကိုရီးယားနိုင်ငံက အမေရိကန်ပြည်ထောင်စုကို နျူကလီးယားလက်နက်နဲ့ လက်ဦးမှုရယူ တိုက်ခိုက်မယ်လို့ သတိပေး ပြောကြားလိုက်ပါတယ်။ အပြည့်အစုံ အုပ်ချုပ်ရေးပိုင်းတွင်း မြန်မာအမျိုးသမီးများ ပါဝင်မှုအားနည်း လွှတ်တော် နှစ်ရပ်ပေါင်း ကိုယ်စားလှယ် ၆၀၀ ကျော်မှာ အမျိုးသမီးကိုယ်စားလှယ် အရေအတွက် ဟာ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ၂၉ ဦးသာ ရှိတယ် လို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေ ကပြောပါတယ်။ အပြည့်အစုံ USAID အကြီးအကဲနဲ့ ဗွီအိုအေ မြန်မာပိုင်း သီးသန့်တွေ့ဆုံမေးမြန်းခြင်း မြန်မာနိုင်ငံကို ၂၀၁၆ ခုနှစ်မှာ ပွင့်လင်းတဲ့အစိုးရများမိတ်ဖက်အဖွဲ့ဝင်ဖြစ်ရေး တွန်းအားပေးတဲ့ အနေနဲ့ ပွင့်လင်းမြင်သာမှုကို အားပေးတဲ့ သတင်းအချက်အလက် နည်းပညာတွေနဲ့ ပံ့ပိုးသွားမှာဖြစ်တယ်လို့ USAID အကြီးအကဲကပြောဆိုလိုက်ပါတယ်။ အပြည့်အစုံ USAID ရဲ့ မြန်မာပြည် အကူအညီ ဖွံ့ဖြိုးရေး ဦးစားပေးမည် မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ထွန်းကားဖို့ အရေးပါဆုံးက သမ္မတနဲ့ လွှတ်တော် ဥက္ကဌ မဟုတ်ဘဲ အရပ်ဘက်လူထုအခြေပြုအဖွဲ့အစည်းတွေရဲ့ အသံက အဓိကကျပါတယ်လို့ လည်း USAID အမေရိကန်နိုင်ငံတကာဖွံ့ဖြိုးမှုအေဂျင်စီ အုပ်ချုပ်ရေးမှူး Dr. Rajiv Shah က ပြောဆိုလိုက်ပါတယ်။ အပြည့်အစုံ သမ္မတဦးသိန်းစိန် ဥရောပခရီးစဉ် အဆုံးသတ် သမ္မတ ဦးသိန်းစိန်ဟာ သူ့ရဲ့ ပထမဆုံး အကြိမ် ဥရောပ ၅ နိုင်ငံခရီးစဉ်ကို ကြာသပတေးနေ့မှာ အဆုံးသတ်ပြီး အီတလီနိုင်ငံကနေ ပြန်လည်ထွက်ခွါသွားပြီဖြစ်ပါတယ်။ အပြည့်အစုံ CIA အကြီးအကဲ အထက်လွှတ်တော် အတည်ပြု CIA ဗဟိုထောက်လှမ်းရေးအကြီးအကဲ အဖြစ် သမ္မတက အဆိုပြုထားတဲ့ John Brennan ကို အမေရိကန်အထက်လွှတ်တော်က အတည်ပြုလိုက်ပါတယ် အပြည့်အစုံ ဘင်လာဒင် သားမက် အမေရိကန်ဖမ်းမိ အမေရိကန်နိုင်ငံသားတွေကို သတ်ဖြတ်ဖို့ ပူးပေါင်းကြံစည်မှုနဲ့ ဘင်ဘာဒင် သားမက်ကို ရုံးထုတ်မှာဖြစ်တယ်လို့ တရားရေးဌာန ပြောခွင့်ရသူတွေက ပြောပါတယ် အပြည့်အစုံ မြောက်ကိုရီးယားအပေါ် အရေးယူဒဏ်ခတ်မှုသစ် ကုလ လုံခြုံရေးကောင်စီ ချမှတ် မြောက်ကိုရီးယားနိုင်ငံ နောက်ဆုံးလုပ်ခဲ့တဲ့ Nuclear စမ်းသပ်မှုကို တုန့်ပြန်တဲ့အနေနဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီက အရေးယူဒဏ်ခတ်မှုအသစ်တွေ ထပ်လုပ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ အရေးယူဒတ်ခတ်မှုတွေလုပ်ဖို့ လုံခြုံရေးကောင်စီအဖွဲ့ဝင် ၁၅ နိုင်ငံလုံးက ကြာသကတေးနေ့က တခဲနက် မဲခွဲဆုံးဖြတ်ခဲ့ကြပါတယ်။ အပြည့်အစုံ ဆီရီးယားသူပုန်တွေရဲ့ ကုလဝန်ထမ်းတွေ ဖမ်းဆီးမှု နိုင်ငံတကာ ကန့်ကွက် ကုလသမဂ္ဂ ငြိမ်းချမ်းရေးတပ်ဖွဲ့ ဝင် ၂၁ ဦးကို ဆီးရီးယားသူပုန်အုပ်စု တစုက ဖမ်းဆီးထားတဲ့ လုပ်ရပ်ဟာ နိုင်ငံတကာ ဥပဒေကို အကြီးအကျယ် ချိုးဖေါက်လိုက်တာဖြစ်တယ်လို့ ဆိုပါတယ်။ အပြည့်အစုံ " တိုင်လာ" သို့မဟုတ် "မြန်မာသီချင်းချစ်သူ" မြန်မာ့ဂီတကို မြတ်နိုးပြီး မြန်မာတေးသီချင်းတွေကို သီဆိုပြီး မြန်မာစာ၊ မြန်မာစကား ကို လေ့လာနေတဲ့ အမေရိကန်ပြည်ထောင်စု အင်ဒီယားနားပြည်နယ် ဖို့ဝိန်းက အသက် ၁၉နှစ်အရွယ် အမေရိကန်ကျောင်းသားလေး Tylet Davis ခေါ် ကိုဝင်းဟိန်း အကြောင်းပါ။ အပြည့်အစုံ အမေရိကန်ရဲ့ အထောက်အပံ့တွေက မြန်မာနိုင်ငံမှာ တာဝန်သိ တာဝန်ယူတဲ့ အုပ်ချုပ်ရေး ဖြစ်ပေါ်လာဖို့ဆိုတဲ့ အကြောင်း၊ ကာကွယ်ရေး အသုံးစာရိတ် လွှတ်တော်အတည်ပြု၊ အမေရိကန်နိုင်ငံတကာဖွံ့ဖြိုးမှုအေဂျင်စီ USAID အဖွဲ့ အုပ်ချုပ်ရေးမှူး Dr. Rajiv Shah နဲ့ တွေ့ဆုံမေးမြန်းခန်း စတာတွေကို ရှုစားကြရမှာပါ ... အပြည့်အစုံ အမေရိကန်ပြည်ထောင်စု အစိုးရအသုံးစရိတ်ရဲ့ ၁ ရာခိုင်နှုန်း မပြည့်တဲ့ ရန်ပုံငွေနဲ့ နိုင်ငံတကာဖွံ့ဖြိုးမှုအတွက် အသုံးပြုတာဖြစ်ပေမယ့် ကမ္ဘာတ၀န်း လူသန်းပေါင်းများစွာရဲ့ အသက်ကို ကယ်ဆယ်နိုင်တဲ့အကြောင်း၊ မြန်မာနိုင်ငံကို ၂၀၁၆ ခုနှစ်မှာ ပွင့်လင်းတဲ့အစိုးရများ မိတ်ဖက်အဖွဲ့ဝင်ဖြစ်ရေး တွန်းအားပေးတဲ့အနေနဲ့ ပွင့်လင်းမြင်သာမှုကို အားပေးတဲ့ သတင်းအချက်အလက်နည်းပညာတွေနဲ့ ပံ့ပိုးသွားမှာဖြစ်တယ်လို့ USAID အကြီးအကဲကပြောဆိုလိုက်ပါတယ်။ ရန်ကုန်မြို့ကိုရောက်ရှိနေတဲ့ အမေရိကန်နိုင်ငံတကာ ဖွံ့ဖြိုးမှုအေဂျင်စီ အုပ်ချုပ်ရေးမှူး Dr. Rajiv Shah ကို ဒေါ်ခင်စိုးဝင်းက သီးသန့်တွေ့ဆုံမေးမြန်းထားပါတယ်။ အပြည့်အစုံ USAID ရဲ့ မြန်မာနိုင်ငံ အတွက် အထောက်အပံ့၊ မြန်မာ စစ်တပ် အသုံးစာရိတ် ၊ သမ္မတ ဦးသိန်းစိန်ရဲ့ ဥရောပ ခရီးစဉ် ပြီးဆုံး စတဲ့ မြန်မာ သတင်းတွေကို ရှုစားရမှာပါ။ အပြည့်အစုံ ၂၀၁၁ခုနှစ်မတ်လက ဂျပန်နိုင်ငံ အရှေ့မြောက်ကမ်းရိုးတန်း တလျှောက်မှာ တိုက်ခက်သွားတဲ့ဆူနာမီရေလှိုင်း နဲ့ အင်အားပြင်း ငလျင်လှုပ်သွားပြီး ၂နှစ်ကြာမှာတော့ အဲဒိကပ်ဘေးဆိုးခံရတဲ့ အခြေအနေကနေ ပြန်နလန်ထူဖို့အတွက် သိပ္ပံနည်းကျ စိုက်ပျိုး နည်းတမျိုးကို အသုံးပြုနေပြီဖြစ်ပါတယ်။ အခုအခါမှာတော့ ငလျင်ဒဏ် အများဆုံးခံခဲ့ရတဲ့နေရာတွေမှာ စိုက်ပျိုးခင်းတွေပြန်ပြီး လိပ်ခုံးပုံအဆောက်အအုံတွေတည်ဆောက်ပြီး အသီးအနှံတွေ စိုက်ပျိုးနေပြီဖြစ်ပါတယ်။ အေပီ သတင်းဌာနကပေး ပို့ထားတဲ့ သတင်းကို မေစန္ဒီကပြောပြမှာဖြစ်ပါတယ်။ အပြည့်အစုံ မြန်မာနိုင်ငံအပေါ် အမေရိကန်ပြည်ထောင်စုကပေးနေတဲ့ ဖွံ့ဖြိုးမှု အထောက်အပံ့တွေဟာ ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ တရားဥပဒေစိုးမိုးရေးအတွက် ပွင့်လင်းမြင်သာပြီး တာဝန်ခံတဲ့ အုပ်ချုပ်မှု ဖြစ်ထွန်းအောင် တွန်းအားပေး နေတာဖြစ်တဲ့ အကြောင်း အမေရိကန် နိုင်ငံတကာ ဖွံ့ဖြိုးမှုဆိုင်ရာ အုပ်ချုပ်ရေးမှူး Dr. Rajiv Shah က ရန်ကုန်မြို့ အမေရိကန်စင်တာမှာ မနေ့က ပြောဆိုလိုက်ပါတယ်။ ဒီမိုကရေစီ ထွန်းကားဖို့အတွက် အရပ်ဘက် လူ့အဖွဲ့အစည်းတွေရဲ့ အခန်းကဏ္ဍက အဓိက ကျတယ်လို့ လည်း ဆိုပါတယ်။ ရန်ကုန်မြို့ကနေ ဒေါ်ခင်စိုးဝင်းက သတင်းပေးပို့ထားပါတယ်။ အပြည့်အစုံ အမေရိကန်ပြည်ထောင်စုက နိုင်ငံတကာကို ပေးနေတဲ့ အကူအညီတွေဟာ အစိုးရအသုံးစရိတ်ရဲ့ ၁ ရာခိုင်နှုံးမပြည့်တဲ့ ရန်ပုံငွေနဲ့ နိုင်ငံတကာဖွံ့ဖြိုးမှုအတွက် အသုံးပြုတာဖြစ်ပေမယ့် ကမ္ဘာတ၀န်း လူသန်းပေါင်းများစွာရဲ့ အသက်ကို ကယ်ဆယ်နိုင် တဲ့အကြောင်း၊ အမေရိကန်နိုင်ငံတကာဖွံ့ဖြိုးမှုအေဂျင်စီ USAID အဖွဲ့ အုပ်ချုပ်ရေးမှူး Dr. Rajiv Shah က ဗွီအိုအေကို ပြောပါတယ်။ မြန်မာနိုင်ငံကို ၂၀၁၆ ခုနှစ်မှာ ပွင့်လင်းတဲ့ အစိုးရများ မိတ်ဖက် အဖွဲ့ဝင်ဖြစ်ရေး တွန်းအားပေးတဲ့အနေနဲ့ ပွင့်လင်းမြင်သာမှုကို အားပေးတဲ့ သတင်းအချက်အလက်နည်းပညာတွေနဲ့ ပံ့ပိုးသွားမှာဖြစ်တယ်လို့ လည်း ဆိုပါတယ်။ USAID အဖွဲ့ အုပ်ချုပ်ရေးမှူး Dr. Rajiv Shah ကို ဒေါ်ခင်စိုးဝင်းက သီးသန့်တွေ့ဆုံမေးမြန်းထားပါတယ်။ အပြည့်အစုံ တရုတ် ကွန်မြူနစ်ပါတီ ခေါင်းဆောင်တွေ ဥိးဆောင်ပြီး အဂတိလိုက်စားမှုတွေကို တိုးမြှင့် နှိမ်နှင်းနေပါတယ်။ ဒီလို လုပ်ဆောင်ရာမှာ တရုတ်ပြည်တောင်ပိုင်း က မြို့ကြီးတမြို့ဖြစ် တဲ့ ဂွမ်ဂျူးမြို့ဟာ ဒီအဂတိလိုက်စားမှုကို နှိမ်နင်းရာမှာ အဓိက စံပြ အဖြစ် စတင်လုပ်ဆောင်တဲ့မြို့ဖြစ်ပါတယ်။ မတ်လ နှောင်းပိုင်း မှာဆိုရင်လည်း နန်ရှား ခရိုင်မှာ နေထိုင်သူတွေအနေနဲ့ သူတို့ပိုင်ဆိုင်တဲ့ ငွေကြေး၊ ကား အိမ်ရာ စတဲ့ ပိုင်ဆိုင်မှုတွေအပြင် နိုင်ငံခြားခရီးသွားလာမှုတွေကို တရားဝင် ထုတ်ဖေါ်ကြေညာ တာတွေ ပြုလုပ်ရမှာဖြစ်ပါ ဗွီအိုအေ သတင်းထောက် William Ide ။ သတင်းပေးပို့ထားတာကို ကိုအောင်အောင်က တင်ပြပါမယ်။ အပြည့်အစုံ |
| အကြံပေး၊ ဝေဖန်၊ မေးခွန်းများရှိပါက အီးမေးပေးပို့ရန်။ burmese@voanews.com
|
| Voice of America 330 Independence Ave. SW Suite 3166 Washington, D.C. 20237 USA |
အမေရိကန်ကို နျူကလီးယားနဲ့ မြောက်ကိုရီးယား ခြိမ်းခြောက်
အုပ်ချုပ်ရေးပိုင်းတွင်း မြန်မာအမျိုးသမီးများ ပါဝင်မှုအားနည်း
USAID အကြီးအကဲနဲ့ ဗွီအိုအေ မြန်မာပိုင်း သီးသန့်တွေ့ဆုံမေးမြန်းခြင်း
USAID ရဲ့ မြန်မာပြည် အကူအညီ ဖွံ့ဖြိုးရေး ဦးစားပေးမည်
သမ္မတဦးသိန်းစိန် ဥရောပခရီးစဉ် အဆုံးသတ်
CIA အကြီးအကဲ အထက်လွှတ်တော် အတည်ပြု
ဘင်လာဒင် သားမက် အမေရိကန်ဖမ်းမိ
မြောက်ကိုရီးယားအပေါ် အရေးယူဒဏ်ခတ်မှုသစ် ကုလ လုံခြုံရေးကောင်စီ ချမှတ်
ဆီရီးယားသူပုန်တွေရဲ့ ကုလဝန်ထမ်းတွေ ဖမ်းဆီးမှု နိုင်ငံတကာ ကန့်ကွက်
" တိုင်လာ" သို့မဟုတ် "မြန်မာသီချင်းချစ်သူ"
No comments:
Post a Comment