ဗွီအိုအေမြန်မာ နေ့စဉ် သတင်းလွှာ ဧပြီလ ၃၀၊ ၂၀၁၃ ဗွီအိုအေမြန်မာသတင်းဌာန၏ နေ့စဉ် နောက်ဆုံးရ မြန်မာ နှင့် နိုင်ငံတကာ သတင်းများ၊ သတင်းဆောင်းပါးများ နဲ့ နေ့စဉ် တီဗွီမဂ္ဂဇင်း/သတင်းလွှာ အစီအစဉ်... |
| မြန်မာ မြန်မာလူမှုဘ၀ တိုးတက်ကောင်းမွန်ဖို့ အလှမ်းဝေးစဲ ဒေါ်စုပြောကြား "သူတို့ရဲ့ဘ၀တွေ ပိုမိုကောင်းမွန်တဲ့ အခြေအနေတခုကို ပြောင်းလာပြီလို့ ကျမတို့ ပြည်သူတွေကိုယ်တိုင် သိရှိလာတဲ့အချိန် မရောက်မချင်း ကျမတို့ရဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးဟာ အောင်မြင်နေပြီလို့ မဆိုနိုင်သေးပါဘူး" အပြည့်အစုံ ရခိုင်စုံစမ်းရေးကော်မရှင် အကြံပြုချက် ကင်တားနားနဲ့ အမေရိကန် လေ့လာသုံးသပ်မည် "ဒီအစီရင်ခံစာကို ကြည့်ရတာ ဒေါင့်အစုံအလင် တင်ပြထားပုံပါပဲ။ ဒါ အတော်လေး အရေးကြီးပါတယ်။ ဒီလို အစီရင်ခံစာမျိုး ထွက်လာစေဖို့ ကျနော်တို့အားလုံး မျှော်လင့် ထားတာပါ။ ကိစ္စရပ်တိုင်းကို ကော်မရှင်က လေ့လာတင်ပြထားပါတယ်" အပြည့်အစုံ KIO နဲ့ ရှေ့သီတင်းပတ်ထဲ ဆွေးနွေးဖို့ အစိုးရကမ်းလှမ်း “၀န်ကြီး ဦးအောင်မင်းက ကျနော်တို့ကို peace center မှာ ရှင်းပြတာကတော့ သူ့အနေနဲ့ လွန်ခဲ့တဲ့ရက်ပိုင်းက ဆွေးနွေးပွဲ ထပ်မံလုပ်ဖို့ အဆိုပြုလွှာ ပို့ထား တယ်။ မြစ်ကြီးနားမှာ တွေ့ဆုံဆွေးနွေးနိုင်ဖို့တော့ အဆိုပြုလွှာ ပို့ထားပါတယ်” အပြည့်အစုံ လက်ပံတောင်းစီမံကိန်း ဆက်လက်ကန့်ကွက် ဆန္ဒပြ “ဒီလက်ပံတောင်းတောင် ပြဿနာ ဖြေရှင်းမှုမှာ ကျနော်တွေ့တဲ့နည်းကတော့ အတင်း ကိုယ့်ဘက်စွဲတာလို့တော့ မထင်ပါဘူး။ ဒီလက်ပံတောင်းတောင်ကြေးနီ စီမံကိန်းကြီးကို လုံးဝ ဖျက်သိမ်းပေးမှပဲ အားလုံးအတွက် အေးငြိမ်းမှုနဲ့ သာယာမှု ရှိပါလိမ့်မယ်လို့ ကျနော် တွက်ပါတယ်” အပြည့်အစုံ ရခိုင်ပဋိပက္ခ စုံစမ်းရေးကော်မရှင် အစီရင်ခံစာထုတ်ပြန် "အဲ့ဒီဥပဒေကိုသာ မှန်ကန်စွာနဲ့ ဥပဒေအတိုင်း မျှတစွာ ကျင့်သုံးခဲ့မယ်ဆိုရင် ပြဿနာ အများအပြားကို တားဆီးနိုင်ခဲ့ဖွယ် ရှိပါတယ်။ အဲ့ဒီဥပဒေကို ကျင့်သုံး အကောင်အ ထည်ဖော်တဲ့နေရာမှာ ဒေသဆိုင်ရာ လူဝင်မှုကြီးကြပ်ရေး တာဝန်ရှိသူတွေနဲ့ တခြား တာဝန်ရှိသူတွေကြားမှာ အကျင့်ပျက်ခြစားမှုတွေ ရှိတယ်ဆိုတာကို အစီရင်ခံစာမှာ ရှင်းရှင်းလင်းလင်း ပြောထားပါတယ်" အပြည့်အစုံ ဆီးရီးယားဗုံးပေါက်ကွဲမှု ၀န်ကြီးချုပ် အထိအခိုက်မရှိ လွတ်မြောက် "ပေါက်ကွဲမှုကြောင့် ထိခိုက် ဒဏ်ရာရမှုတွေ ရှိခဲ့ပေမဲ့ ၀န်ကြီးချုပ်ကတော့ တစုံတရာ အနာတရမရရှိဘဲ လွတ်မြောက်သွားတယ်လို့ နိုင်ငံပိုင်မီဒီယာက ကြေညာပါတယ်။" အပြည့်အစုံ ရခိုင်ပဋိပက္ခ စုံစမ်းရေး အစီရင်ခံစာထုတ်ပြန်၊ မွန်ဂိုလီးယားရောက် ဒေါ်အောင်ဆန်းစုကြည်၊ မန်ချက်စတာ ယူနိုက်တက် အသင်းက ဘောလုံး အကျော်အမော် ဟောင်းကြီးတွေရဲ့ ရန်ပုံငွေ ရှာဖွေပွဲ စတာတွေကို ရှုစားကြရမှာပါ။ အပြည့်အစုံ Cool စကားလုံးဆိုင်ရာ အီဒီယံအသုံးအနှုန်းများ ဧပြီ ၂၉၊ ၂၀၁၃ - ဒီတပတ် a cool head, keep your cool, lose your cool နဲ့ cool your heels စတဲ့ အသုံးအနှုန်းများကို တင်ပြထားပါတယ်။ အပြည့်အစုံ မြန်မာနိုင်ငံအတွင်း ပြည်ပပို့ကုန် မူဝါဒအပြောင်းအလဲတွေကြောင့် ပြည်ပ ဆန်တင်ပို့မှုတွေ ပြီးခဲ့တဲ့ လပိုင်းတွေအတွင်း ပိုများလာခဲ့ပါတယ်။ ပြည်ပ ဈေးကွက် တိုးချဲ့လာတဲ့ တချိန်တည်းမှာ ပြည်တွင်း စားသုံးမှု ဖူလုံရေးအတွက်လည်း မြန်မာအာဏာပိုင်တွေဘက်က အရန်ဆန် စုဆောင်းမှုတွေ လုပ်ဆောင်နေပါတယ်။ မြစ်မခမီဒီယာက မမေသင်္ကြန်ဟိန်က ပြောပြပါလိမ့်မယ်။ အပြည့်အစုံ ၂၀၁၃ခုနှစ်ဧပြီလ၃၀ရက်အင်္ဂါနေ့ မြန်မာနိုင်ငံဆိုင်ရာသတင်းများကိုစုစည်းတင်ဆက်ထားပါတယ်။ အပြည့်အစုံ မလေးရှားနိုင်ငံမှာ လက်ရှိ အာဏာရ ညွန်ပေါင်း ပါတီတွေက ၁၉၅၇ ခုနှစ်ကတည်းက တိုင်းပြည်အာဏာကို ချုပ်ကိုင်ခဲ့ရာမှာ ဆယ်စုနှစ်တွေ နဲ့ချီပြီး နိုင်ငံရေးအရ တည်ငြိမ်မှု ရှိတဲ့ တိုင်းပြည်တခုအဖြစ်နဲ့ စံနမူနာထားခဲ့ကြတဲ့အထိ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း လာမယ့် မေလ ၅ ရက်နေ့မှာ ကျင်းပမယ့် ရွေး ကောက်ပွဲမှာတော့ ဘာသာရေး အလေးပေးတဲ့ နိုင်ငံရေးပါတီတွေ၊ ဘာသာရေးနဲ့ ကင်းရှင်းတဲ့ ပါတီတွေ စုစည်းထားတဲ့ အတိုက်အခံတွေနဲ့ ရင်ဆိုင်ရမှာ ဖြစ်တဲ့အတွက် ထူးထူးခြားခြား အပြောင်းအလဲတွေ တွေ့ရလိမ့်မယ်လို့ အကဲခတ်တွေက ခန့်မှန်းနေကြပါတယ်။ ဒီအကြောင်း ဗွီအိုအေ သတင်းထောက် Rian Maelzer ကွာလာလမ်ပူကနေ သတင်းပေးပို့ထားတာကို ကိုကျော်သိင်္ခက ပြောပြပေးမှာပါ။ အပြည့်အစုံ အာဖဂန်နစ္စတန်နိုင်ငံ မှာ နောက်နှစ်ကုန်မတိုင်ခင် နိုင်ငံတကာ တပ်တွေဆုတ်ခွာသွားတဲ့အခါမှာ အာဖဂန် အစိုးရ နဲ့ လုံခြုံရေးတပ်တွေအနေနဲ့ သူတို့နိုင်ငံရဲ့ လုံခြုံရေးကို ထိန်းသိမ်းဖို့နဲ့ တိုင်းပြည်ကို အကြမ်းဖက်သူတွေရဲ့ ရန်ကနေ ကာကွယ်နိုင်မှာဖြစ်တယ်လို့ နေတိုးတပ်ဖွဲ့ရဲ့ အကြီးတန်းအရာရှိတွေက အကောင်မြင်မျှော်လင့်ထားပါတယ်။ တချိန်တည်းမှာ အခက်အခဲတွေ ရှိနိုင်တဲ့အတွက် သတိထားပြီး အကောင်းမြင် မျှော်လင့်ထားတာ ဖြစ်ပါတယ်။ အမေရိကန်ရေတပ်ဗိုလ်ချုပ်ကြီး James Stavridis ကို ဗွီအိုအေသတင်းထောက် Al Pessin မေးမြန်းထားတာကို မမေစန္ဒီကပြောပြမှာဖြစ်ပါတယ်။ အပြည့်အစုံ ကမ္ဘာကျော် မန်ချက်စတာယူနိုက်တက် အသင်းရဲ့ဂန္ထ၀င်ကစား သမားဟောင်းကြီးတွေဟာ မြန်မာနိုင်ငံမှာ ချစ်ကြည်ရေး ရန်ပုံငွေပွဲ လာရောက် ကစားကြမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံက ပရဟိတလုပ်ငန်း ရန်ပုံငွေ အတွက် မြန်မာ့လက်ရွေးစင်ဟောင်းတွေ ပါဝင်တဲ့ အသင်းနဲ့ လာမယ့် ဇွန်လကျရင် ရန်ကုန်မြို့မှာ ကစားကြမှာဖြစ်ပါတယ်။ ဒီအကြောင်းအပြည့်အစုံကိုတော့ မမေစန္ဒီက ပြောပြပေးပါလိမ့်မယ်။ အပြည့်အစုံ ပြီးခဲ့တဲ့နှစ် အတွင်း ဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ်တွင်း ပဋိပက္ခမျိုး ထပ်ပြီး မဖြစ်ဖို့ အတွက် လုံခြုံရေးကို ဆက်ပြီး ထားဖို့ လိုအပ်နေသေးမှာ ဖြစ်ပြီး ဥပဒေတွေကိုလည်း တိတိကျကျ လုပ်ဖို့ လိုအပ်မယ်လို့ စုံစမ်းစစ်ဆေးရေး ကော်မရှင်က ပြောဆိုလိုက်ပါတယ်။ ကိုကျော်ကျော်သိန်းက ပြန်ပြီး ပြောပြပေးမှာပါ။ အပြည့်အစုံ |
| အကြံပေး၊ ဝေဖန်၊ မေးခွန်းများရှိပါက အီးမေးပေးပို့ရန်။ burmese@voanews.com
|
| Voice of America 330 Independence Ave. SW Suite 3166 Washington, D.C. 20237 USA |
မြန်မာလူမှုဘ၀ တိုးတက်ကောင်းမွန်ဖို့ အလှမ်းဝေးစဲ ဒေါ်စုပြောကြား
ရခိုင်စုံစမ်းရေးကော်မရှင် အကြံပြုချက် ကင်တားနားနဲ့ အမေရိကန် လေ့လာသုံးသပ်မည်
KIO နဲ့ ရှေ့သီတင်းပတ်ထဲ ဆွေးနွေးဖို့ အစိုးရကမ်းလှမ်း
လက်ပံတောင်းစီမံကိန်း ဆက်လက်ကန့်ကွက် ဆန္ဒပြ
ရခိုင်ပဋိပက္ခ စုံစမ်းရေးကော်မရှင် အစီရင်ခံစာထုတ်ပြန်
ဆီးရီးယားဗုံးပေါက်ကွဲမှု ၀န်ကြီးချုပ် အထိအခိုက်မရှိ လွတ်မြောက်
Cool စကားလုံးဆိုင်ရာ အီဒီယံအသုံးအနှုန်းများ 












မွန်ဂိုလီယားဒီမိုကရေစီညီလာခံ ဒေါ်စုတက်ရောက်
ပြိုကျခဲ့တဲ့ ဘင်္ဂလားဒေ့ရှ်စက်ရုံပိုင်ရှင် ဖမ်းမိ
ရုပ်သံလွှင့်လုပ်ငန်း ၁၀ ခု အီရတ်လိုင်စင်ရုပ်
ပါကစ္စတန်ရွေးကောက်ပွဲအကြို တိုက်ခိုက်မှုတွေဖြစ်ပွား
မြန်မာ-အမေရိကန် ကူးသန်းရောင်းဝယ်ရေး အလားအလာ 





