Thursday, April 25, 2013

ဗွီအိုအေမြန်မာ နေ့စဉ် သတင်းလွှာ - ဧပြီလ ၂၅၊ ၂၀၁၃

ဗွီအိုအေမြန်မာ နေ့စဉ် သတင်းလွှာ
 
ဗွီအိုအေမြန်မာ နေ့စဉ် သတင်းလွှာ
ဧပြီလ ၂၅၊ ၂၀၁၃

ဗွီအိုအေမြန်မာသတင်းဌာန၏ နေ့စဉ် နောက်ဆုံးရ မြန်မာ နှင့် နိုင်ငံတကာ သတင်းများ၊ သတင်းဆောင်းပါးများ နဲ့ နေ့စဉ် တီဗွီမဂ္ဂဇင်း/သတင်းလွှာ အစီအစဉ်...

 
မြန်မာ

၂၂ ကြိမ်မြောက် အာဆီယံ ထိပ်သီးညီလာခံ ဘရုနိုင်းမှာ ကျင်းပ ၂၂ ကြိမ်မြောက် အာဆီယံ ထိပ်သီးညီလာခံ ဘရုနိုင်းမှာ ကျင်းပ
"၂၀၁၅ ခုနှစ်အမှီ အဖွဲ့ဝင်နိုင်ငံတွေ ဆောင်ရွက်သင့်တဲ့ ရည်မှန်းချက်တွေအတိုင်း ပြည့်မှီ အောင်လုပ်ဖို့ လိုအပ်တယ်ဆိုတာကို အဖွဲ့ဝင်နိုင်ငံတိုင်း သဘောပေါက်ကြ ပါတယ်လို့ အာဆီယံ အတွင်းရေးမှူးချုပ် Le Luong Minh က ပြောပါတယ်" အပြည့်အစုံ
 
မြန်မာကို ကုန်သွယ်မှု အထူးအခွင့်အရေးပေးဖို့ အမေရိကန်စဉ်းစား
"အမေရိကန် ပြည်ထောင်စုက မြန်မာနိုင်ငံနဲ့ ထိတွေ့ဆက်ဆံတဲ့ မူဝါဒတွေရဲ့ တစိတ်တပိုင်း အဖြစ်နဲ့ ကုန်သွယ်မှု အခွင့်အရေးပေးမယ့် အစီအစဉ်တွေကိုတော့ ၂ နိုင်ငံ အစိုးရတွေက စိတ်ဝင်တစား ရှိနေတဲ့ အကြောင်းလည်း အမေရိကန် ကုန်သွယ်ရေးရုံးက ကြေညာချက် ထုတ်ပြန်ထားပါတယ်" အပြည့်အစုံ
 
ပဋိပက္ခ မြန်မာကိုင်တွယ်ပုံ အင်ဒိုနီးရှား သဘောပေါက် ပဋိပက္ခ မြန်မာကိုင်တွယ်ပုံ အင်ဒိုနီးရှား သဘောပေါက်
"ခရီးစဉ်အတွင်း အင်ဒိုနီးရှားနဲ့ မြန်မာနိုင်ငံကြား ရင်းနှီးမြှုပ်နှံမှု၊ ကုန်သွယ်မှု သဘောတူညီချက် ၃ ခုကိုလည်း လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ နေပြည်တော်မှာ သမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံရာမှာတော့ မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေကို အားပေးကြောင်း၊ အင်ဒိုနီးရှား သမ္မတ ယူဒိုယိုနို က ပြောဆို" အပြည့်အစုံ
 
နိုင်ငံတကာ

ဘင်္ဂလားဒေ့ရှ် အဆောက်အဦးပြိုကျမှု သေဆုံးသူ ၁၀၀ နီးပါးရှိ ဘင်္ဂလားဒေ့ရှ် အဆောက်အဦးပြိုကျမှု သေဆုံးသူ ၁၀၀ နီးပါးရှိ
"ဘင်္ဂလားဒေ့ရှ်နိုင်ငံ မြို့တော် ဒါကာ အပြင်ဘက်မှာ ၈ ထပ်ရှိတဲ့ ကုန်သွယ်ရေး အဆောက်အဦးတခု ပြိုကျတာကြောင့် လူ ၉၆ ဦးထက်မနည်း သေဆုံးပြီး၊ ၁ ထောင်လောက်ကို ဒဏ်ရာရခဲ့တယ်လို့ ကယ်ဆယ် ကူညီရေးလုပ်သားတွေ က ပြောပါတယ်" အပြည့်အစုံ
 
အမေရိကန်ကာကွယ်ရေးဝန်ကြီး ကိုင်ရိုရောက် အမေရိကန်ကာကွယ်ရေးဝန်ကြီး ကိုင်ရိုရောက်
"အီဂျစ်နိုင်ငံက အစ္စလာမ်ဝါဒီ ခေါင်းဆောင်တွေနဲ့ ဘာသာရေးကို နိုင်ငံရေးနဲ့ မရောတဲ့ အတိုက်အခံတွေကြား နိုင်ငံရေးအရ တင်းမာနေချိန်မှာ အမေရိကန် ကာကွယ်ရေး ဝန်ကြီး ကိုင်ရိုမြို့တော်မှာ ရောက်ရှိနေတာ ဖြစ်ပါတယ်" အပြည့်အစုံ
 
ကြက်တုပ်ကွေးကြောင့် တရုတ်မှာ သေဆုံးသူ ၂၂ ယောက်ရှိ ကြက်တုပ်ကွေးကြောင့် တရုတ်မှာ သေဆုံးသူ ၂၂ ယောက်ရှိ
"H7N9 အမျိုးအစား ဗိုင်းရပ်စ်ဟာ လူတွေအတွက် သာမန်ထက် ပိုတဲ့ အန္တရာယ် ရှိနေတဲ့အကြောင်း WHO အရာရှိ Keiji Fukuda က ပြောလိုက်တာပါ" အပြည့်အစုံ
 
ဘင်္ဂလားဒေ့ရှ် အဆောက်အဦးပြို ၇၀ ကျော်သေဆုံး ဘင်္ဂလားဒေ့ရှ် အဆောက်အဦးပြို ၇၀ ကျော်သေဆုံး
"ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒက္ကာမြို့စွန်က စီးပွားရေးလုပ်ငန်းတွေရှိရာ အထပ် ၈ ထပ်ရှိတဲ့ အဆောက်အဦးတခု ပြိုကျမှုမှာ လူ ၇၀ ထက်မနည်း သေဆုံးပြီး၊ ရာဂဏန်းချီ ဒဏ်ရာတွေရခဲ့ကြောင်း အရေးပေါ် ကယ်ဆယ်ရေး ၀န်ထမ်းတွေက ပြောပါတယ်။ ပြိုကျသွားတဲ့ ကုန်တိုက်မှာတော့ ဘဏ်တခု၊ အထည်ချုပ် စက်ရုံနဲ့ တခြားဈေးဆိုင် အတော်များများ ရှိပါတယ်" အပြည့်အစုံ
 
ကျန်းမာရေး

အပူပြင်းတာနဲ့ ကျန်းမာရေးသတိပြုစရာ အပူပြင်းတာနဲ့ ကျန်းမာရေးသတိပြုစရာ
ဧပြီ ၂၄၊ ၂၀၁၃ - အပူချိန် ပြင်းထန်မှုကြောင့် ဘယ်လို ရောဂါတွေ ဖြစ်လာနိုင်ပြီး၊ ဘယ်လို ကာကွယ် ကုသနိုင်ပါသလဲ။ အပြည့်အစုံ
 
သတင်းသုံးသပ်ချက်

ဗွီအိုအေ အယ်ဒီတာရဲ့  မြန်မာ့အရေး ရင်ဖွင့်ချက် ဗွီအိုအေ အယ်ဒီတာရဲ့  မြန်မာ့အရေး သုံးသပ်ချက်
ဧပြီ ၂၄၊ ၂၀၁၃ - မြန်မာနိုင်ငံမှာ သုံးလ တာဝန်ယူခဲ့တဲ့ ဗွီအိုအေမြန်မာပိုင်း အယ်ဒီတာ ဒေါ်ခင်စိုးဝင်းရဲ့  ကိုယ်တွေ့ကြုံ သတင်းသုံးသပ်ချက်ကို တင်ပြထားပါတယ်။ အပြည့်အစုံ
 
တီဗွီ

နေ့စဉ်တီဗွီသတင်းလွှာ(၀၄-၂၅-၂၀၁၃) နေ့စဉ်တီဗွီသတင်းလွှာ(၀၄-၂၅-၂၀၁၃)
အင်ဒိုနီးရှား သမ္မတ (Susilo Bambang Yudhoyono) ရဲ့ မြန်မာနိုင်ငံခရီးစဉ်နဲ့ မြန်မာနိုင်ငံမှာဖြစ်ပွားခဲ့တဲ့ ဘာသာရေးအသွင်ဆောင်တဲ့ အကြမ်းဖက်မှုတွေနဲ့ ပတ်သက်ပြီး အင်ဒိုနီးရှားနိုင်ငံရဲ့ အမြင်၊မိတ္ထီလာ အဓိကရုဏ်း အကြမ်းဖက်မှုမှာ ပါဝင် ပတ်သက်သူတွေလို့ သံသယ ရှိနေသူတွေကို ရုံးတင် တရားစွဲဆို စစ်ဆေး...စသည် အပြည့်အစုံ
 
ဗွီဒီယိုသတင်း

သက်ကြီးရွယ်အို ကူညီစောင့်ရှောက်ရေး အသင်း သက်ကြီးရွယ်အို ကူညီစောင့်ရှောက်ရေး အသင်း
ကမ္ဘာပေါ်က နိုင်ငံတော်တော်များများမှာရှိတဲ့ မိသားစုတွေမှာ သားသမီးဖြစ်သူတွေက သက်ကြီးရွယ်အိုမိဘတွေနဲ့ နီးနီးကပ်ကပ်ပြုစုနေထိုင်တဲ့ အလေ့အထရှိကြပေမယ့် အမေရိကန်နိုင်ငံမှာတော့ အရွယ်ရောက်လာတဲ့သားသမီးတွေက သူတို့ မိဘ အဖိုးအဖွားတွေနဲ့ ဝေးရာမှာ တက္ကသိုလ်တက်ဖို့၊ အလုပ်လုပ်ကိုင်ဖို့သွားကြပါတယ်။ အဲဒိအခါမှာ အသက်အရွယ်ကြီးရင့်သူတွေက အစိုးရ၊ နဲ့ တခြားအဖွဲ့အစည်းတွေက ထောက်ပံ့တဲ့ ပြုစုစောင့်ရှောက်ရေး ဂေဟာတွေမှာ သွားရောက်နေထိုင်ကြရပါတယ်။ မယ်ရီလန်းပြည်နယ် Hyattsvilleမြို့အနီးက ပြုစုစောင့်ရှောက်ရေး ဂေဟာတခုအကြောင်းကို VOA သတင်းထောက် Faiza Elmasry က သွားရောက်ပြီး သတင်းပေးပို့ခဲ့ပါတယ်။ အပြည့်အစုံကို မမေစန္ဒီက ပြောပြပါလိမ့်မယ်။ အပြည့်အစုံ
 
ကြာသပတေးနေ့ မြန်မာတီဗွီသတင်း ကြာသပတေးနေ့ မြန်မာတီဗွီသတင်း
မြန်မာနိုင်ငံတွင်းက ဘာသာရေးဆန်တဲ့ အဓိကရုဏ်းတွေ အပေါ် မြန်မာ အစိုးရ ကိုင်တွယ်ပုံကို သဘောပေါက် နားလည် လက်ခံတဲ့ အကြောင်း အင်ဒိုနီးရှားပြော၊ အမေရိကန် မြန်မာ စီးပွားရေး ဆက်ဆံရေး အသစ်၊ လက်ပံတောင်းတောင် အရေး ဒေသခံတွေ ဆန္ဒပြ စသည် ... အပြည့်အစုံ
 
အမေရိကန် လူဝင်မှုကြီးကြပ်ရေး ဥပဒေ အမေရိကန် လူဝင်မှုကြီးကြပ်ရေး ဥပဒေ
အမေရိကန်ပြည်ထောင်စု ဘော်စတွန်မြို့မှာ ပြီးခဲ့တဲ့ အပတ်အတွင်း မာရသွန်ပြိုင်ပွဲ ဗုံးဖောက်ခွဲ တိုက်ခိုက်ခံရတဲ့ဖြစ်ရပ်ကြောင့် လွှတ်တော်တွင်း အခြေအတင် ဆွေးနွေမှုတွေ ဖြစ်နေတဲ့ ဥပဒေ ပြုပြင်ပြောင်းလဲရေး ဆိုင်ရာ ကိစ္စတွေအပေါ် လူတွေ စိုက်မှု နည်းသွားခဲ့ပါတယ်။ အချိန်ကြာကြာ ပြင်းပြင်းထန်ထန် ဆွေးနွေးမယ်လို့ မျှော်လင့်ထားတဲ့ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ဥပဒေနဲ့ပတ်သက်ပြီး ရှေ့သတင်းပတ်အတွင်း ဆက်လက်ဆွေးနွေးမှုတွေ ရှိလာအုံးမှာဖြစ်ပါတယ်။ ဒီအကြောင်း မခင်ဖြူထွေးက ပြောပြပေးပါမယ်ရှင်။ အပြည့်အစုံ
 
သမ္မတအဖြစ် သရုပ်ဆောင်သူ သမ္မတအဖြစ် သရုပ်ဆောင်သူ
တချို့နိုင်ငံတွေမှာ နိုင်ငံခေါင်းဆောင်တွေကို နောက်ပြောင်တယ်ဆိုရင် ထောင်ချခံရနိုင်တဲ့အထိ ပြစ်မှု ကြီးသွားနိုင်ပါတယ်။ ဒါပေမယ့် လွတ်လပ်စွာ ပြောဆိုခွင့်ရှိတဲ့နေရာ တွေမှာ အများပြည်သူ ပိုင်နေ ရာတွေ နဲ့ ရုပ်မြင်သံကြားတွေကနေ နိုင်ငံရေးခေါင်းဆောင်တွေ ကို နောက်ပြောင်ပြီး ဟာသလုပ်ကြတာတွေကို တွေ့နိုင်ပါတယ်။ ၀ါရှင်တန် ဒီစီတ၀ိုက်မှာ သမ္မတ အိုဘားမားနဲ့ တော်တော်လေး ပုံစံတူတဲ့ လူတယောက်က အစည်းအဝေးပွဲတွေ နဲ့ တခြားပွဲတွေ မှာ သမ္မတ အိုဘားမားရဲ့ ဟန်ပန်အတိုင်း မိန့်ခွန်း ပြောပြီး လူထုကို ဖျော်ဖြေနေတာပါ။ ဒီအကြောင်း ဗွီအိုအေသတင်း ထောက် Deborah Block သတင်းပေးပို့ထားတာကို ကိုကျော်သိင်္ခ က ပြောပြပေးမှာပါ။ အပြည့်အစုံ
 
ဥတုပြောင်းလဲမှုနဲ့ သဘာ၀၀န်းကျင် ဥတုပြောင်းလဲမှုနဲ့ သဘာ၀၀န်းကျင်
သဘာဝပါတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ဖို့နဲ့ ရာသီဥတု လျင်လျင်မြန်မြန် ပြောင်းလဲတာကို ထိန်းချုပ်ဖို့ ပြောဆိုတဲ့အခါမှာ လေနဲ့ ရေ အကြောင်း အဓိက ပြောဆိုကြပါတယ်။ မကြာသေးခင် သတင်းပတ်အတွင်း အမေရိကန်ပြည်ထောင်စု ၀ါရှင်တန်မြို့တော်မှာ ကျင်းပတဲ့ သဘာဝ ပါတ်ဝန်းကျင်ဆိုင်ရာ ထူးချွန်ဆု တခုဖြစ်တဲ့ Tyler ဆုကို လက်ခံရယူကြတဲ့သူတွေကတော့ ကမ္ဘာမြေကို မှီခိုပြီး အသက်ရှင်နေထိုင်ကြတဲ့ သေးငယ်တဲ့ သက်ရှိ သတ္တ၀ါလေးတွေကိုလည်း အာရုံစိုက်ဖို့ လိုမယ်လို့ ပြောဆိုကြပါတယ်။ VOA သတင်းထောက် Faith Lapidus ပေးပို့ထားတဲ့ သတင်းကို ကိုအောင်အောင်က တင်ပြပေးပါလိမ့်မယ်။ အပြည့်အစုံ
 
မိတ္ထီလာ အဓိကရုဏ်း ရုံးတင်စစ်ဆေးမှု မိတ္ထီလာ အဓိကရုဏ်း ရုံးတင်စစ်ဆေးမှု
မိတ္ထီလာအဓိကရုဏ်း အတွင်း ဘုန်းတော်ကြီး တပါးကို သတ်ဖြတ်ခဲ့တယ်လို့ သံသယ ရှိခံထားရသူ မူဆလင် ၇ ဦးကို ဗုဒ္ဓဟူးနေ့က ဒုတိယနေ့ အဖြစ် တရားရုံးမှာ ကြားနာ စစ်ဆေးနေပါတယ်။ မသိင်္ဂီထိုက်က တင်ပြထားပါတယ်။ အပြည့်အစုံ
 

အကြံပေး၊ ဝေဖန်၊ မေးခွန်းများရှိပါက အီးမေးပေးပို့ရန်။ burmese@voanews.com
Voice of America
330 Independence Ave. SW Suite 3166
Washington, D.C. 20237 USA

No comments:

Post a Comment