Friday, April 12, 2013

ဗွီအိုအေမြန်မာ နေ့စဉ် သတင်းလွှာ - 12.04.2013

ဗွီအိုအေမြန်မာ နေ့စဉ် သတင်းလွှာ
 
ဗွီအိုအေမြန်မာ နေ့စဉ် သတင်းလွှာ
12.04.2013

ဗွီအိုအေမြန်မာသတင်းဌာန၏ နေ့စဉ် နောက်ဆုံးရ မြန်မာ နှင့် နိုင်ငံတကာ သတင်းများ၊ သတင်းဆောင်းပါးများ နဲ့ နေ့စဉ် တီဗွီမဂ္ဂဇင်း/သတင်းလွှာ အစီအစဉ်...

 
မြန်မာ

နိုင်ငံတကာ ဖုန်းကုမ္ပဏီ ၁၂ ခု ဈေးပြိုင်စနစ်နဲ့ လက်ခံမည် နိုင်ငံတကာ ဖုန်းကုမ္ပဏီ ၁၂ ခု ဈေးပြိုင်စနစ်နဲ့ လက်ခံမည်
မိုဘိုင်းဆက်သွယ်ရေး ဈေးကွက် အခွင့်အလမ်းတွေ အများအပြား ရှိနေတဲ့ မြန်မာနိုင်ငံမှာ လုပ်ငန်း လုပ်ကိုင်ခွင့်ရဖို့ ကမ္ဘာ့ဆက်သွယ်ရေး ကုမ္ပဏီကြီးတွေ အကြီးအကျယ် ကြိုးပမ်းနေကြတာ ဖြစ်ပါတယ်။ အပြည့်အစုံ
 
မြန်မာနိုင်ငံ လူမျိုးရေး ပဋိပက္ခ G8 စိုးရိမ်ပူပင် မြန်မာနိုင်ငံ လူမျိုးရေး ပဋိပက္ခ G8 စိုးရိမ်ပူပင်
မြန်မာနိုင်ငံမှာ နိုင်ငံရေးနဲ့ စီးပွားရေး တိုးတက်လာတဲ့အပေါ်ကြိုဆိုပေမဲ့ လူမျိုးရေးနဲ့ ဘာသာရေးပဋိပက္ခတွေ ဆက်ရှိနေတဲ့အပေါ်မှာ စိုးရိမ်တယ်လို့ G8 စက်မှုအင်အားကြီး ၈ နိုင်ငံကပြောလိုက်ပါတယ် အပြည့်အစုံ
 
ဗလီမီးလောင်မှု စုံစမ်းရေးအစီရင်ခံစာ အစ္စလာမ် အဖွဲ့အစည်းတွေကျေနပ် ဗလီမီးလောင်မှု စုံစမ်းရေးအစီရင်ခံစာ အစ္စလာမ် အဖွဲ့အစည်းတွေကျေနပ်
ရန်ကုန်မြို့က ဆော်ဒီကီးရား ရေကျော် ဗလီမီးလောင်မှု စုံစမ်းစစ်ဆေးရေးအဖွဲ့ ရဲ့ စစ်ဆေးတွေ့ရှိချက်အရ ဒီမီးလောင်မှုဟာ ပေါ့ဆမီးဖြစ်တယ်ဆိုတဲ့ ထုတ်ပြန်ချက်ကို အစ္စလာမ်ဘာသာရေးအဖွဲ့ကြီး ၅ဖွဲ့ ပါဝင်ဖွဲ့စည်းထားတဲ့ အဖွဲ့ချုပ်က လက်ခံကြောင်း ပြောဆိုလိုက်ပါတယ်။ အပြည့်အစုံ
 
နှစ်သစ်မှာ ဖွဲ့စည်းပုံပြင်နိုင်ကြောင်း စံဇာဏီဘိုဟောကိန်းထုတ် နှစ်သစ်မှာ ဖွဲ့စည်းပုံပြင်နိုင်ကြောင်း စံဇာဏီဘိုဟောကိန်းထုတ်
သိကြားမင်းက ဒီနှစ်သင်္ကြန်မှာ ဒိုင်းရယ်၊ လေးမြားရယ် ကိုင်ပြီးဆင်းမှာ ဖြစ်တဲ့အတွက် ရန်အားလုံးကို ချုပ်ငြိမ်းမှာ ဖြစ်တဲ့အပြင် နဂါးစီး ဆင်းမှာ ဖြစ်တဲ့ အတွက်ကြောင့် ဥပဒေကြောင်းအရ ပြောင်းလဲမှုတွေ ဖြစ်နိုင်ပေမယ့် အုပ်ချုပ်သူတွေကတော့ ပြောင်းမှာ မဟုတ်ဘူးလို့ ဝေဒပညာရှင် ဆရာ စံဇာဏီဘိုက ပြောပါတယ်။ အပြည့်အစုံ
 
ဆန္ဒပြ မိုးထိမိုးမိရွှေလုပ်သားတချို့ ယာယီအချုပ်ခံရ
"သူတို့တွေ အကုန်လုံး တရားရင်ဆိုင်ရမယ်ဆိုပြီး အဲ့ဒီနေ့က တရားရင်ဆိုင်ဖို့အတွက်ကို လာကြတယ်။ လာတဲ့လူတွေ အကုန်လုံးကို နေပူထဲမှာ ထားထားတယ်ပေါ့ အမရယ်၊ တနေကုန် ဘာမှလည်း မပြောဘူး။ ရုံးတင်မယ်" အပြည့်အစုံ
 
မြန်မာနိုင်ငံမှာ တာဝန်သိရင်းနှီးမြုပ်နှံမှု G8 မှာဆွေးနွေးမည် မြန်မာနိုင်ငံမှာ တာဝန်သိရင်းနှီးမြုပ်နှံမှု G8 မှာဆွေးနွေးမည်
"ကျနော်တို့ စိုးရိမ်တာက G8 ဆွေးနွေးပွဲမှာ ကမ္ဘာပေါ်က ပဋိပက္ခ ဖြစ်ပွား ရာ ဒေသတွေမှာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ မဖြစ်အောင် ဟန့်တားရေး ကြိုးပမ်းဆောင်ရွက်ဖို့ကိစ္စကို ဦးစားပေး ဆွေးနွေးမယ့် အကြောင်းအရာတခုအဖြစ် ထည့်သွင်းထားပေမဲ့လို့ ဒီအထဲမှာ မြန်မာနိုင်ငံကို ထည့်သွင်းမထားတဲ့ ကိစ္စပါ" အပြည့်အစုံ
 
နိုင်ငံတကာ

အမေရိကန် တင်သွင်းတဲ့ ဆန်တွေမှာ ခဲ ဓါတ် ပါဝင်မှုများ အမေရိကန် တင်သွင်းတဲ့ ဆန်တွေမှာ ခဲ ဓါတ် ပါဝင်မှုများ
အမေရိကန်ကို တင်သွင်းတဲ့ အာရှ၊ ဥရောပနဲ့ တောင်အမေရိကနိုင်ငံတွေက ဆန်တွေကို သိပ္ပံပညာရှင်တွေ စမ်းသပ် စစ်ဆေးတာမှာ ထိုင်ဝမ်နဲ့ တရုတ်နိုင်ငံက တင်သွင်းတဲ့ဆန်တွေမှာ ခဲ ပမာဏအများဆုံးပါဝင်တယ် အပြည့်အစုံ
 
ကားလေအိတ်များ ဂျပန်ကုမ္ပဏီကြီး ၄ ခု ပြန်ပြင်ဆင်ပေးမည် ကားလေအိတ်များ ဂျပန်ကုမ္ပဏီကြီး ၄ ခု ပြန်ပြင်ဆင်ပေးမည်
ကားရှေ့ခန်း ခရီးသည်စီးတဲ့ဖက်က လေအိတ်တွေမှာ ချွတ်ယွင်းချက်တွေ ရှိနေတာကြောင့် ပြန်လည်ပြင်ဆင်ပေးဖို့ အသိပေးရတာဖြစ်တယ်လို့ Toyota, Nissan, Honda နဲ့ Mazda ကားကုမ္ပဏီကြီးတွေက ပြောပါတယ်။ အပြည့်အစုံ
 
မြောက်ကိုရီးယား ဒုံးကျည်ကို ဖြိုခွင်းဖို့ တောင်ပိုင်း အသင့်ပြင် မြောက်ကိုရီးယား ဒုံးကျည်ကို ဖြိုခွင်းဖို့ တောင်ပိုင်း အသင့်ပြင်
တောင်ကိုရီးယား ကာကွယ်ရေး ၀န်ကြီးဌာနကလည်း မြောက်ကိုရီးယား ဘက်က စမ်းသပ်ပစ်လွှတ်မှုတွေကို ရင်ဆိုင်ဖို့ သေသေချာချာ ပြင်ဆင်ထားတယ်လို့ ကြာသပတေးနေ့မှာပဲ ပြောကြားခဲ့ပါတယ်။ အပြည့်အစုံ
 
တရုတ်ငှက်တုတ်ကွေး အိမ်နီးချင်းနိုင်ငံတွေ ပျံ့ နှံ့မည့် အရေး ကုလစိုးရိမ် တရုတ်ငှက်တုတ်ကွေး အိမ်နီးချင်းနိုင်ငံတွေ ပျံ့ နှံ့မည့် အရေး ကုလစိုးရိမ်
တရုတ်နိုင်ငံမှာ ငှက်တုပ်ကွေးရောဂါကြောင့် နောက်ထပ် လူတဦး သေဆုံး သွားခဲ့ပြီးနောက် မြန်မာနိုင်ငံအပါအ၀င် အိမ်နီးချင်း တိုင်းပြည်တွေကို ပျံ့နှံ့မှာစိုးရိမ်တဲ့ အကြောင်း ကုလသမဂ္ဂ စားနပ်ရိက္ခာနဲ့ စိုက်ပျိုးရေးအဖွဲ့ (FAO) ကပြောလိုက်ပါတယ်။ အပြည့်အစုံ
 
၂၀၁၄ ဗဟိုအစိုးရ အသုံးစရိတ် အိုဘားမား အဆိုပြု ၂၀၁၄ ဗဟိုအစိုးရ အသုံးစရိတ် အိုဘားမား အဆိုပြု
"၂၀၁၄ ခုနှစ် အမေရိကန် အစိုးရအသုံးစရိတ်အတွက် သမ္မတ အိုဘားမား အဆိုပြု ထားတဲ့ ဒေါ်လာ ၃ ဒဿမ ၇၇ ထရီလီယံဟာ အလယ်အလတ် လူတန်းစားတွေ အလုပ်အကိုင်ရဖို့ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် စီမံပြင်ဆင်ထားတဲ့ ဘဏ္ဍာရေး မူကြမ်းဖြစ်တယ်လို့ သမ္မတ အိုဘားမားက ပြောပါတယ်" အပြည့်အစုံ
 
Cyber တိုက်ခိုက်ခံရမှု မြောက်ကိုရီးယား လက်ချက်ဖြစ်ကြောင်း စုံစမ်းတွေ့ရှိ Cyber တိုက်ခိုက်ခံရမှု မြောက်ကိုရီးယား လက်ချက်ဖြစ်ကြောင်း စုံစမ်းတွေ့ရှိ
"မြောက်ကိုရီးယားစစ်တပ်ရဲ့ ထောက်လှမ်းရေး ဗျူရိုကနေ အရင်အခေါက်တွေတုန်းက အင်တာနက်ကတဆင့် တိုက်ခိုက်ဖို့ ကြိုးစားခဲ့ပုံနဲ့ နောက်ဆုံးတိုက်ခိုက်မှုပုံစံ ဆင်တူတယ်လို့ KISA ကပြောဆို" အပြည့်အစုံ
 
စက်မှုထိပ်သီး ၈ နိုင်ငံ ဆီးရီးယားအရေး ဦးစားပေးဆွေးနွေးမည် စက်မှုထိပ်သီး ၈ နိုင်ငံ ဆီးရီးယားအရေး ဦးစားပေးဆွေးနွေးမည်
"G8 စက်မှုထိပ်သီး ၈ နိုင်ငံက နိုင်ငံခြားရေး ဝန်ကြီးတွေရဲ့ ထိပ်သီးစည်းဝေးပွဲမှာ ဆီးရီးယားက တော်လှန်ရေးသမားတွေကို လက်နက် အထောက်အပံ့ ပေးရေးကို ဗြိတိန်နဲ့ ပြင်သစ်နိုင်ငံတွေက ဆက်ပြီး တိုက်တွန်းသွားကြလိမ့်မယ်" အပြည့်အစုံ
 
တီဗွီ

နေ့ စဉ်တီဗွီသတင်းလွှာ(၀၄-၁၂-၂၀၁၃) နေ့ စဉ်တီဗွီသတင်းလွှာ(၀၄-၁၂-၂၀၁၃)
မြန်မာနိုင်ငံမှာ ခရမ်းလွန်ရောင်ခြည် ညွှန်းကိန်းအဆင့် မြင့်တက်နေတဲ့အတွက် သင်္ကြန်ကာလ ရေကစားမယ့်သူတွေ သတိထားဖို့လို၊ အမေရိကန်ပြည်ထောင်စုမှာ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုဆောင်ရွက်ဖို့ ကွန်ဂရက်လွှတ်တော်ကို ဆန္ဒပြတောင်းဆို...စသည် အပြည့်အစုံ
 
ဗွီဒီယိုသတင်း

အမေရိကန်လူဝင်မှုကြီးကြပ်ရေး အပြောင်းအလဲ အမေရိကန်လူဝင်မှုကြီးကြပ်ရေး အပြောင်းအလဲ
ကွန်ဂရက်အနေနဲ့ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုကို အခုနှစ်အတွင်းမှာပဲ အတည်ပြုပေးဖို့ ဗုဒ္ဓဟူးနေ့တုန်းက လူတွေ ထောင် နဲ့ချီပြီး အမေရိကန်ပြည် ထောင်စု ၀ါရှင်တန်ဒီစီမြို့က လွှတ်တော်အဆောက်အဦးရှေ့မှာ တောင်းဆိုခဲ့ကြပါတယ်။ အမေရိကန်ပြည်ထောင်စုအတွင်းမှာ တရားဝင်နေ ထိုင်ခွင့် စာရွက် စာတမ်းမရှိကြတဲ့ ရွှေ့ပြောင်းအခြေချနေထိုင်သူ ၁၁ သန်းအတွက် နိုင်ငံသားဖြစ်ခွင့်ရရေး လမ်းကြောင်းတခုပွင့်လာဖို့ ဒီကိစ္စကို ထောက်ခံသူတွေက ဆော်သြနေကြတာပါ။ ဒီအကြောင်း နဲ့ ပက်သက်ပြီး ဗွီအိုအေသတင်းထောက် Carolyn Presutti သတင်းပေးပို့ထားတာကို ကိုကျော်သိင်္ခက ပြောပြပေးမှာဖြစ်ပါတယ်။ အပြည့်အစုံ
 
သောကြာနေ့ မြန်မာတီဗွီ သတင်း သောကြာနေ့ မြန်မာတီဗွီ သတင်း
သင်္ကြန်ရေကစားမယ့်သူတွေ ခရမ်းလွန်ရောင်ခြည် အန္တရာယ် ဂရုစိုက်ဖို့ မိုးဇလ ပညာရှင် တိုက်တွန်း၊ တိုက်ပွဲကြောင့် ထွက်ပြေးရတဲ့ ရှမ်းဒေသခံတွေ ဌာနေပြန်ကြပေမယ့် လုံခြုံမှု စိတ်မချရသေး၊ တရုတ်ပြည်က ကြက်ငှက်တုပ်ကွေး အိမ်နီးချင်း မြန်မာ ဂရုစိုက် စောင့်ကြည့်ဖို့ တိုက်တွန်း ၊ စက်မှု ထိပ်သီးနိုင်ငံများ အစည်းအဝေးက မြန်မာနိုင်ငံ ငြိမ်းချမ်းရေးနဲ့ တိုင်းရင်းသား သွေးစည်းမှုရဖို့ တိုက်တွန်းဆိုတာတွေကို ရှုစားကြရမှာပါ။ အပြည့်အစုံ
 
မြောက်ကိုးရီးယား အတွင်းရေး မြောက်ကိုးရီးယား အတွင်းရေး
မြောက်ကိုးရီးယား ခေါင်းဆောင် ကင်ဂျုံအွန်း ဟာ စစ်တပ်ရဲ့ ထောက်ခံမှု ရဖို့နဲ့ ထိန်းချုပ်နိုင်ဖို့ ခက်ခက်ခဲခဲ ရုန်းကန်နေရတယ်လို့ အရင် မြောက်ကိုးရီးယား သူလျိုဟောင်းက ဖွင့်ဟပါတယ်။ မခွာညိုက တင်ပြပေးမှာပါ။ အပြည့်အစုံ
 
ဂျွန်ကယ်ရီရဲ့ အာရှခရီးစဉ် ဂျွန်ကယ်ရီရဲ့ အာရှခရီးစဉ်
အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ဂျွန်ကယ်ရီရဲ့ ပထမဆုံး အာရှ ခရီးစဉ် အတွင်းမြောက်ကိုးရီးယား အရေး၊ အမေရိကန်ရဲ့ စစ်ရေး၊ သံတမန်ရေး ပိုပြီး တက်တက်ကြွကြွ ပါဝင်ဖို့တွေကို ဆွေးနွေးဖို့ ရှိပါတယ်။ ဒီအပေါ် ဆန်းစစ်သူတွေက ဘယ်လို သုံးသပ်ကြသလဲ ဆိုတာကို ကိုအောင်လွင်ဦးက ပြောပြပေးမှာပါ။ အပြည့်အစုံ
 
သင်္ကြန်ဆုတောင်း သင်္ကြန်ဆုတောင်း
မြန်မာ ရိုးရာ နှစ်သစ်မှာ မြန်မာပြည်သူတွေ ဒီမိုကရေစီ အပြည့်အ၀ ရရှိပြီး စိတ်ချမ်းသာ ကိုယ်ကျန်းမာ ရှိစေကြောင်း ကျော်ကြားသူတွေက ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်။ မသိဂီ င်္ထိုက်က တင်ပြပေးမှာပါ။ အပြည့်အစုံ
 
ကမ္ဘာ့သတင်း စက္ကန့် ၆၀

VOA60 World VOA60 World
VOA60 World အပြည့်အစုံ
 

အကြံပေး၊ ဝေဖန်၊ မေးခွန်းများရှိပါက အီးမေးပေးပို့ရန်။ burmese@voanews.com
Voice of America
330 Independence Ave. SW Suite 3166
Washington, D.C. 20237 USA

No comments:

Post a Comment