ဗွီအိုအေမြန်မာ နေ့စဉ် သတင်းလွှာ ဧပြီလ ၁၇၊ ၂၀၁၃ ဗွီအိုအေမြန်မာသတင်းဌာန၏ နေ့စဉ် နောက်ဆုံးရ မြန်မာ နှင့် နိုင်ငံတကာ သတင်းများ၊ သတင်းဆောင်းပါးများ နဲ့ နေ့စဉ် တီဗွီမဂ္ဂဇင်း/သတင်းလွှာ အစီအစဉ်... |
| မြန်မာ မြန်မာ့အရေး ဂျပန်အစိုးရတာဝန်ရှိသူတွေနဲ့ ဒေါ်စုဆွေးနွေး “မြန်မာနိုင်ငံ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးအတွက် ဂျပန်နိုင်ငံက ဆက်ပြီးတော့ ထောက်ခံပံ့ပိုးပေးဖို့ ဆန္ဒရှိပါတယ်။” အပြည့်အစုံ မြန်မာနဲ့ ဒေသတွင်း ရာဇ၀တ်ဂိုဏ်းတွေရဲ့အန္တရာယ် ကုလသတိပေး “ဒီမှောင်ခိုလုပ်ငန်းတွေကနေ ရရှိတဲ့ နှစ်ဝင်ငွေ အမေရိကန် ဒေါ်လာ ဘီလီယံ ၉၀ ဟာ မြန်မာနိုင်ငံရဲ့ ပြည်တွင်းအသားတင် ကုန်ထုတ်လုပ်မှု ပမာဏ GDP ထက် ၂ ဆ၊ ကမ္ဘောဒီးယားနိုင်ငံထက် ၈ ဆနဲ့ လာအိုနိုင်ငံရဲ့ GDP ထက် ၁၃ ဆအထိ ရှိနေပါတယ်” အပြည့်အစုံ Boston ဗုံးပေါက်ကွဲမှု မြို့ခံမြန်မာတဦးအမြင် "ဒီတိုင်းပြည်က ကျနော်တို့အပေါ်မှာ ကျေးဇူးရှိတယ်လေ။ ကျနော်တို့ကို ခေါ်ထားတယ်။ ကယ်ထားတဲ့ အခါကျတော့ ကျနော်တို့က ကိုယ်နိုင်တဲ့ဘက်က ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုး ထိသလိုပဲ ကျနော်တို့က ခံစားရတယ်" အပြည့်အစုံ Mississippi အထက်လွှတ်တော်အမတ် အဆိပ်ပါ စာအိတ်အပို့ခံရ "ဒီကြက်ဆူစေ့က ထွက်တဲ့ အဆိပ်ဟာ အလွန်ပြင်းထန်တဲ့ အဆိပ်မျိုးဖြစ်ပြီး၊ သေးငယ် တဲ့ အစက် တစက်နဲ့တင် လူကြီးတဦးကို သေစေနိုင်ပါတယ်" အပြည့်အစုံ Boston ဗုံးခွဲတိုက်ခိုက်မှု ကမ္ဘာ့ခေါင်းဆောင်တွေ ၀ိုင်းဝန်းရှုတ်ချ "အိန္ဒိယ၀န်ကြီးချုပ် Manmohan Singh ကလည်း အကြမ်းဖက်မှုကို တွန်းလှန်ရာမှာ အမေရိကန် ပြည်သူတွေနဲ့အတူ ရပ်တည်နေပါတယ်လို့ ပြောသွားပါတယ်" အပြည့်အစုံ Boston ဗုံးပေါက်ကွဲမှု အနက်ရောင်အိတ် ကျောပိုးထားသူအား FBI ရှာဖွေ "ဘယ်သူ့လက်ချက်ဆိုတာကို အသေအချာ မပြောနိုင်သေးလို့ ဘက်ပေါင်းစုံ ထည့်သွင်းစဉ်းစားနေရတယ်လို့ FBI က ပြောပါတယ်။" အပြည့်အစုံ Boston ဗုံးခွဲတိုက်ခိုက်မှု စက်ဆုပ်ဖွယ် လုပ်ရပ်အဖြစ် အိုဘားမားရှုတ်ချ “ဒီတိုက်ခိုက်မှုဟာ စက်ဆုပ်ရွံရှာဖွယ်ရာကောင်းပြီး သရဲဘောကြောင်တဲ့ လုပ်ရပ်ပါပဲ။ ဖြစ်ခဲ့တဲ့အပေါ်မှာ စုံစမ်းသိရှိရသလောက် ဒီလုပ်ရပ်ကို အကြမ်းဖက်သမားတွေရဲ့ လုပ်ရပ်အဖြစ် သတ်မှတ်ပြီး FBI က စုံစမ်းစစ်ဆေး နေပါတယ်။ အပြစ်မဲ့တဲ့အရပ်သားတွေအပေါ် ပစ်မှတ်ထား ဗုံးခွဲတိုက်ခိုက်တာတွေဟာ အကြမ်းဖက်လုပ်ရပ်ဖြစ်ပါတယ်” အပြည့်အစုံ အီရန်နယ်စပ်က အားပြင်းငလျင် လူအသေအပျောက်ရှိ "ပြိုကျခဲ့တဲ့အိမ်တွေရဲ့ အပျက်အစီးပုံတွေအောက်ကနေ အလောင်း ၅ လောင်း ပြန်ရခဲ့တယ်လို့ ပါကစ္စတန် အာဏာပိုင်တွေက ပြောပါတယ်။ အီရန်အစိုးရသတင်း မှာတော့ Sistan နဲ့ Baluchestan ခရိုင်တွေမှာ သေဆုံးသူ ၄၀ လောက် ရှိ" အပြည့်အစုံ Boston တိုက်ခိုက်မှု နိုင်ငံတကာရှုတ်ချ "အခု ဒီမှာ လေဆိပ်တွေ ဘာညာ အားလုံးပိတ်လိုက်ပြီလေ။ အခု လေယာဉ် အ၀င်အထွက် မပေးတော့ဘူး။ လမ်းတွေ၊ မြေအောက်ရထား Subway တွေပါ ပိတ်ပြီလေ။ လူတွေက သွားလာဖို့ အခက်အခဲ ရှိပြီလေ" အပြည့်အစုံ သင်္ကြန်ပွဲတော် နောက်ဆုံးနေ့ စည်ကား၊ ဂျပန်နိုင်ငံရဲ့ အကူအညီတွေကို အကျိုးရှိအောင် မြန်မာဘက်က သုံးပါမယ်လို့ ဂျပန်ရောက် ဒေါ်အောင်ဆန်းစုကြည် ပြောကြား၊ မြန်မာ့ ဘိန်းအထွက်နှုန်း ကုလ အစီရင်ခံစာ ထုတ်ပြန်၊ ပြန်ကြားရေး ၀န်ကြီးနဲ့ ဗွီအိုအေ တွေ့ဆုံမေးမြန်းခန်း ဒုတိယပိုင်း တို့ကို ရှု့စားကြရမှာပါ။ အပြည့်အစုံ တနင်္လာနေ့ နေ့လည်ပိုင်းက အမေရိကန်ပြည်ထောင်စု Boston မြို့မှာ ဖြစ်ပွားခဲ့တဲ့ ဗုံးပေါက်ကွဲမှု နဲ့ ပက်သက်ပြီးတော့ အခုအခါ မှာ သက်ဆိုင်ရာအဖွဲ့ အစည်းတွေက စုံစမ်းစစ်ဆေးမှုတွေကို ဆက်ပြီး ပြုလုပ်နေကြဆဲဖြစ်ပါတယ်။ ဒီလုပ်ရပ်ကို အကြမ်းဖက်မှု တခုအဖြစ် အိမ်ဖြူတော်က ပြောဆိုထားပါတယ်။ ဒါပေမယ့် အကြမ်းဖက်မှုဟာ ဘယ်သူ့လက်ချက်ဖြစ်တယ်၊ ဘာကြောင့် အခုလိုလုပ်တယ်ဆိုတာကိုတော့ အခုထိ မသိရသေးပါဘူး။ ဒီ ဗုံးပေါက်ကွဲမှု နဲ့ ပက်သက်ပြီး နိုင်ငံတကာက ခေါင်းဆောင်တွေက ကလည်းဝမ်းနည်းကြောင်း ပြောဆိုကြသလို၊ အခုလို အကြမ်းဖက်တဲ့ လုပ်ရပ်အပေါ်ကိုလည်း ရှုံ့ချကြပါတယ်။ ဒီအကြောင်း နဲ့ ပက်သက်ပြီး နောက်ဆုံးရသတင်းတွေကို စုစည်းပြီး မခင်ဖြူထွေးက တင်ပြပေးထားပါတယ်။ အပြည့်အစုံ ၂၀၁၃ခုနှစ်ဧပြီလ ၁၇ရက်ဗုဒ္ဓဟူးနေ့ မြန်မာနိုင်ငံဆိုင်ရာသတင်းများကို စုစည်းတင်ဆက်ထားပါတယ်။ အပြည့်အစုံ မြန်မာနိုင်ငံမှာ စာနယ်ဇင်းသမားတွေကို အကာအကွယ်ပေးနိုင်ပြီး ပုံနှိပ်ထုတ်ဝေရေး လုပ်ကိုင်နေသူတွေအတွက် အကျိုးရှိမယ့် စာနယ်ဇင်း ဥပဒေတရပ် ထွက်ပေါ်လာမယ်လို့ မျှော်လင့်တဲ့အကြောင်း၊ ဒီအတွက် စာနယ်ဇင်းသမားတွေနဲ့ မကြာခဏဆို သလို တွေ့ဆုံပြီး ဆွေးနွေးညှိ့နိုင်းနေတဲ့ အကြောင်း ပြန်ကြားရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်က ဗွီအိုအေနဲ့ သီးသန့် တွေ့ဆုံမေးမြန်းခန်းမှာ ပြောဆိုပါတယ်။ ၀န်ကြီး ဦးအောင်ကြည်ကို ဗွီအိုအေမြန်မာပိုင်း အစီအစဉ် အယ်ဒီတာ ဒေါ်ခင်စိုးဝင်းက နေပြည်တော်မှာ တွေ့ဆုံမေးမြန်းထားပါတယ်။ တွေ့ဆုံမေးမြန်းခန်းအပိုင်း (၂) ကို ရှု့စားကြပါ။ အပြည့်အစုံ |
| အကြံပေး၊ ဝေဖန်၊ မေးခွန်းများရှိပါက အီးမေးပေးပို့ရန်။ burmese@voanews.com
|
| Voice of America 330 Independence Ave. SW Suite 3166 Washington, D.C. 20237 USA |
မြန်မာ့အရေး ဂျပန်အစိုးရတာဝန်ရှိသူတွေနဲ့ ဒေါ်စုဆွေးနွေး
မြန်မာနဲ့ ဒေသတွင်း ရာဇ၀တ်ဂိုဏ်းတွေရဲ့အန္တရာယ် ကုလသတိပေး
Boston ဗုံးပေါက်ကွဲမှု မြို့ခံမြန်မာတဦးအမြင်
Mississippi အထက်လွှတ်တော်အမတ် အဆိပ်ပါ စာအိတ်အပို့ခံရ
Boston ဗုံးခွဲတိုက်ခိုက်မှု ကမ္ဘာ့ခေါင်းဆောင်တွေ ၀ိုင်းဝန်းရှုတ်ချ
Boston ဗုံးပေါက်ကွဲမှု အနက်ရောင်အိတ် ကျောပိုးထားသူအား FBI ရှာဖွေ
Boston ဗုံးခွဲတိုက်ခိုက်မှု စက်ဆုပ်ဖွယ် လုပ်ရပ်အဖြစ် အိုဘားမားရှုတ်ချ
အီရန်နယ်စပ်က အားပြင်းငလျင် လူအသေအပျောက်ရှိ
Boston တိုက်ခိုက်မှု နိုင်ငံတကာရှုတ်ချ
No comments:
Post a Comment