ဗွီအိုအေမြန်မာ နေ့စဉ် သတင်းလွှာ ဧပြီလ ၂ ၆၊ ၂၀၁၃ ဗွီအိုအေမြန်မာသတင်းဌာန၏ နေ့စဉ် နောက်ဆုံးရ မြန်မာ နှင့် နိုင်ငံတကာ သတင်းများ၊ သတင်းဆောင်းပါးများ နဲ့ နေ့စဉ် တီဗွီမဂ္ဂဇင်း/သတင်းလွှာ အစီအစဉ်... |
| မြန်မာ အာဆီယံအသိုင်း အဝိုင်း ဖော်ဆောင်ရေး ခရီးရောက် အဖွဲ့ဝင် ၁၀ နိုင်ငံပါဝင်တဲ့ အာဆီယံအဖွဲ့ကြီးကို EU ဥရောပသမဂ္ဂလို စီးပွားရေး အသိုင်းအဝိုင်းကြီးဖြစ်အောင်ဖန်တီးဖို့ ဆောင်ရွက်နေမှုဟာ အားရစရာ အခြေအနေဖြစ်နေပြီလို့ အာဆီယံနိုင်ငံခေါင်းဆောင်တွေက ပြောလိုက်ပါတယ်၊ အပြည့်အစုံ အမေရိကန် ကုန်သွယ်ရေးအရာရှိ မြန်မာနိုင်ငံရောက် အမေရိကန် နဲ့ မြန်မာနိုင်ငံကြားမှာ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ပြန် တည်ဆောက်နိုင်မယ့် နည်းလမ်းတွေ ဆွေးနွေးဖို့ အမေရိကန်ရဲ့ ကုန်သွယ်ရေးဆိုင်ရာ ထိပ်တန်းအရာရှိ ဟာ မြန်မာအစိုးရ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ အပြည့်အစုံ မိတ္ထီလာ ဒုက္ခသည်တချို့ နေရပ်ပြန် မြန်မာနိုင်ငံမှာ မကြာသေးခင်တုန်းက သွေးထွက်သံယို ပဋိပက္ခတွေ ဖြစ်ပွားခဲ့တဲ့ မိတ္ထီလာမြို့ မှာ လုံခြုံရေးအတွက် စိုးရိမ်မှုတွေ ရှိနေဆဲ ဖြစ်ပေမဲ့ ပထမဆုံးအကြိမ်အဖြစ် အာဏာပိုင်တွေက ဒုက္ခသည်တချို့ ကို နေရပ်ပြန်ခွင့် ပေးလိုက်ပါတယ်။ အပြည့်အစုံ လက်ပံတောင်းမှာ လယ်ထွန်သူတွေကို ရဲကနှိမ်နင်း လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအတွက် သိမ်းဆည်းထားတဲ့ လယ်တွေမှာ ဒေသခံ လယ်သမားတွေ ပြန်လည် ထွန်ယက် စိုက်ပျိုးခဲ့တဲ့အတွက် ရဲတပ်ဖွဲ့ဝင်တွေနဲ့ ဒေသခံတွေကြား တင်းမာမူဖြစ်ပြီးတော့ ပစ်ခတ်မူ၊ ရိုက်နှက်မှုတွေဖြစ်ပွားခဲ့ပါတယ်။ အပြည့်အစုံ NY မှာ တိုက်ခိုက်ဖို့ စနာရက်ဗ် ညီအကိုကြံစည်ခဲ့ ဘော်စတန်မာရသွန် ဗုံးခွဲမှုနဲ့ ပတ်သက်တဲ့ သံသယရှိသူတွေဟာ နယူးယောက်မြို့ကိုလည်း ပစ်မှတ်ထားခဲ့တာဖြစ်တယ်လို့ နယူးယောက်မြို့တော်ဝန်က ပြောလိုက်ပါတယ်။ အပြည့်အစုံ George W. Bush ပြတိုက်ဖွင့်လှစ် အမေရိကန် သမ္မတ ပြတိုက်မှာတော့ ရီပက်ပလီကန် သမ္မတရဲ့ ၈ နှစ်တာ သမ္မတသက်တမ်းအတွင်း တွေ့ကြုံခဲ့ရတဲ့ အတွေ့အကြုံတွေကို အသေးစိတ် ပြသထားမှာ ဖြစ်ပါတယ် အပြည့်အစုံ တရုတ်ငှက်တုပ်ကွေး ထိုင်ဝမ်ကူးစက် တရုတ်နိုင်ငံပြင်ပမှာ ပထမဆုံးဖြစ်ပွါးတဲ့ H7N9 ငှက်တုပ်ကွေးရောဂါပိုးသစ် အကူးစက်ခံရသူကို တိုင်ဝမ်မှာတွေ့ရတယ်လို့ တိုင်ဝမ် အာဏာပိုင်တွေက ပြောပါတယ်။ အပြည့်အစုံ ဘော်စတွန် ဗုံးခွဲသူအကြောင်း အမေရိကန်ကို ရုရှားသတိပေးခဲ့ ဘော်စတွန်မြို့ မာရသွန်မှာ ဗုံးခွဲ တိုက်ခိုက်ခဲ့တဲ့ ညီအကို ၂ ယောက်ထဲက အကိုဖြစ်သူကို ၂၀၁၁ ခုနှစ် နှောင်းပိုင်းမှာ အကြမ်းဖက်မှု တိုက်ဖျက်ရေးဌာနက စောင့်ကြည့် စာရင်းမှာ ထည့်ထားခဲ့တယ်လို့ အမေရိကန်အရာရှိတွေက ပြောပါတယ်။ အပြည့်အစုံ ကမ္ဘာ နဲ့ ရင်ဘောင်တန်းတဲ့ မြန်မာ့လူငယ် ဒီသီတင်းပတ်ရဲ့စကားပြောကြရအောင်မှာ ဝါရှင်တန်ဒီစီမြို့တော် ကို ရောက်ရှိနေတဲ့ မြန်မာလူငယ်နှစ်ဦးဖြစ်တဲ့ ကိုစည်သူနဲ့ ကိုမော်ထွန်းအောင်တို့ကို ဗွီအိုအေ မြန်မာပိုင်းဌာနကို ဖိတ်ခေါ်စကားပြောထားပါတယ်။ အပြည့်အစုံ ဂီတ သတင်းစုံလင် ဂီတလောကအတွင်းက ဂီတအနုပညာရှင်တွေ ရဲ့ နောက်ဆုံးရ သတင်းတွေကို ဒီသီတင်းပတ်ရဲ့ စကားပြောကြရအောင် အစီအစဉ်မှာ စီစဉ်တင်ဆက်ထားပါတယ်။ အပြည့်အစုံ ဒိကနေ့ အစီအစဉ်မှာ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းက သိမ်းဆည်းထားတဲ့ လယ်မြေတချို့မှာ ဒေသခံ လယ်သမားတွေ ၀င်ရောက် လယ်ထွန်ယက် ရာက ရဲတပ်ဖွဲ့တွေနဲ့ တင်းမာမှုဖြစ်ပွားပြီး မနေ့က ပစ်ခတ်မှုနဲ့ ရိုက်နှက်မှုတွေ ဖြစ်ပွားခဲ့တဲ့သတင်း အပြည့်အစုံ ရခိုင်ပြည်နယ်ကနေ တရုတ်နိုင်ငံကို သွယ်တန်းမယ့် ဂက်စ်ပိုက်လိုင်း စီမံကိန်းကို ကန့်ကွက်တဲ့အနေနဲ့ ပြီးခဲ့တဲ့ ရက်သတ္တပတ်တုန်းက ဒေသခံရွာသူရွာသားတွေ၊ တက်ကြွ လှုပ်ရှားသူတွေ နဲ့ အလုပ်သမား တွေ ဆန္ဒပြခဲ့ကြပါတယ်။ အလားတူပါပဲ၊ မြန်မာတနိုင်ငံလုံးမှာရှိတဲ့ တရုတ်အစိုးရ ကျောထောက် နောက်ခံပေးထားတဲ့ စွမ်းအင် နဲ့ ဆောက် လုပ်ရေး စီမံကိန်းတွေကိုလည်း ဆန့်ကျင်ဆန္ဒပြ ပွဲတွေဖြစ်ပွားနေတာပါ။ မြန်မာနိုင်ငံထဲက တရုတ်ကုမ္ဗဏီးတွေရဲ့ ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းတွေ နဲ့ ပက်သက်ပြီး ပြန်ပြီး စဉ်းစားဖို့ တရုတ်အစိုးရကို ဆန္ဒပြသူတွေက တောင်းဆိုကြတာဖြစ်ပါတယ်။ ဒီအကြောင်း ဗွီအိုအေသတင်းထောက် Daniel Schearf သတင်းပေး ပို့ထားတာကို ကိုကျော်သိင်္ခ က ပြောပြပေးမှာဖြစ်ပါတယ်။ အပြည့်အစုံ . အပြည့်အစုံ ငှက်ဖျားရောဂါဟာ တချိန်က ကမ္ဘာ့နိုင်ငံ အားလုံးလိုလိုမှာ ဆိုးဆိုးဝါးဝါး ဖြစ်ပွါးပြီး လူတွေ အတော်ခံစားခဲ့ရတဲ့ ရောဂါတမျိုး ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရာစုနှစ်ထဲမှာ ငှက်ဖျားရောဂါပိုးရှိတဲ့ ခြင်တွေကိုနှိမ်နင်းပြီး ငှက်ဖျားရောဂါ တိုက်ဖျက်ရေးတွေ အပြင်းအထန် လုပ်ဆောင် ခဲ့တာကြောင့် အခုအခါမှာဆိုရင် ငှက်ဖျားရောဂါဖြစ်ပွါးတဲ့ နိုင်ငံဟာ တရာတောင် မရှိတော့ပါဘူး။ ဒါပေမယ့် အပူပိုင်းဒေသနိုင်ငံတွေ မှာတော့ အခုထိ ငှက်ဖျားရောဂါရဲ့ ဒဏ်ကို အတော်ခံနေရဆဲဖြစ်ပြီး နှစ်စဉ် လူပေါင်း ငါးသိန်းကျော် သေဆုံးနေရဆဲပါ။ VOA သတင်းထောက် Carol Pearson သတင်းပေးပို့ချက်ကို ဒေါ်ခင်မျိုးသက်က တင်ပြပေးပါလိမ့်မယ်။ အပြည့်အစုံ ဘော်စတွန်မာရသွန်ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီးတဲ့နောက်မှာ လုံခြုံရေးကင်မရာတွေပိုပြီး ချထားသင့်မသင့်နဲ့ပတ်သက်ပြီး အငြင်းပွားစရာတွေဖြစ်လာခဲ့ပါတယ်။ ဒီပြဿနာဟာ ဗြိတိန်နိုင်ငံလို လုံခြုံရေးကင်မရာတွေတင်းတင်းကျပ်ကျပ်ချထားတဲ့ နိုင်ငံမှာလည်း နှစ်ပေါင်းအတော်ကြာကြာ ငြင်းခုံနေတဲ့ပြဿနာလဲဖြစ်ပါတယ်။ အများပြည်သူလုံခြုံရေးနဲ့ ကိုယ်ရေးကိုယ်တာလွတ်လပ်မှုကြား အကြိတ်အနယ်ငြင်းခုံနေကြတဲ့ အကြောင်းနဲ့ပတ်သက်ပြီး ဗွီအိုအေသတင်းထောက် Henry Ridgwell လန်ဒန်မြို့ကနေ သတင်းပေးပို့ထားပြီး ကိုရန်နိုင်က ပြောပြပေးပါလိမ့်မယ်။ အပြည့်အစုံ |
| အကြံပေး၊ ဝေဖန်၊ မေးခွန်းများရှိပါက အီးမေးပေးပို့ရန်။ burmese@voanews.com
|
| Voice of America 330 Independence Ave. SW Suite 3166 Washington, D.C. 20237 USA |
အာဆီယံအသိုင်း အဝိုင်း ဖော်ဆောင်ရေး ခရီးရောက်
အမေရိကန် ကုန်သွယ်ရေးအရာရှိ မြန်မာနိုင်ငံရောက်
မိတ္ထီလာ ဒုက္ခသည်တချို့ နေရပ်ပြန်
လက်ပံတောင်းမှာ လယ်ထွန်သူတွေကို ရဲကနှိမ်နင်း
NY မှာ တိုက်ခိုက်ဖို့ စနာရက်ဗ် ညီအကိုကြံစည်ခဲ့
George W. Bush ပြတိုက်ဖွင့်လှစ်
တရုတ်ငှက်တုပ်ကွေး ထိုင်ဝမ်ကူးစက်
ကမ္ဘာ နဲ့ ရင်ဘောင်တန်းတဲ့ မြန်မာ့လူငယ်
ဂီတ သတင်းစုံလင်
No comments:
Post a Comment