ဗွီအိုအေမြန်မာ နေ့စဉ် သတင်းလွှာ ဧပြီလ ၀၇၊ ၂၀၁၃ ဗွီအိုအေမြန်မာသတင်းဌာန၏ နေ့စဉ် နောက်ဆုံးရ မြန်မာ နှင့် နိုင်ငံတကာ သတင်းများ၊ သတင်းဆောင်းပါးများ နဲ့ နေ့စဉ် တီဗွီမဂ္ဂဇင်း/သတင်းလွှာ အစီအစဉ်... |
| မြန်မာ ဦးသန့်အိမ် ရန်ကုန်မှာဖွင့်လှစ် ၁၉၆၁ ကနေ ၁၉၇၁ ခုနှစ်အထိ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် တာဝန်ယူခဲ့သူ ဦးသန့် ရန်ကုန်မြို့မှာနေထိုင်ခဲ့တဲ့ နေအိမ်ကို တနင်္ဂနွေနေ့က ဖွင့်လှစ်ခဲ့ပါတယ်။ အပြည့်အစုံ ပုဂ္ဂလိက သတင်းစာတွေ ရောင်း အားကောင်း ပုဂ္ဂလိကသတင်းစာတွေ စတင်ထုတ်ဝေပြီး ရက်ပိုင်းအတွင်းမှာပဲ စောင်ရေ တိုးထုတ်လာရတယ်လို့ ထုတ်ဝေသူတွေက ပြောပါတယ်။ အပြည့်အစုံ ထိုင်းနယ်စပ်မှာ မြန်မာ စစ်သားတချို့သေဆုံး ထိုင်း-မြန်မာနယ်စပ် ကော့သောင်းခရိုင်မှာ ဘယ်သူဘယ်ဝါမသိရတဲ့ လက်နက်ကိုင်အဖွဲ့တခုရဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် မြန်မာ စစ်သားတချို့ သေဆုံးခဲ့ပါတယ်။ အပြည့်အစုံ သွေးတိုးရောဂါတိုက်ဖျက်ရေး WHO ဆော်သြ ဧပြီလ ၇ ရက်နေ့မှာကျရောက်တဲ့ ကမ္ဘာ့ကျန်းမာရေးနေ့မှာ သေဆုံးမှုများတဲ့ သွေးတိုးရောဂါ ကာကွယ်ရေး ၀ိုင်းဝန်းကြိုးပမ်းကြဖို့ ကုလသမဂ္ဂက နှိုးဆော်လိုက်ပါတယ်။ အပြည့်အစုံ ကြက်တုပ်ကွေးဖြစ်သူ ၂ ယောက်တိုး တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့မှာ ကြက်ငှက်တုပ်ကွေးရောဂါဖြစ်နေတဲ့သူ ၂ ယောက် ထပ်တိုးလာတယ်လို့ တရုတ်အာဏာပိုင်တွေက ပြောလိုက်ပါတယ်။ အပြည့်အစုံ နိုင်ငံခြားရေးဝန်ကြီးကယ်ရီ အရှေ့အလယ်ပိုင်းနဲ့ အာရှခရီးစဉ် စတင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီဟာ အာရှ၊ အရှေ့အလယ်ပိုင်းနဲ့ ဥရောပနိုင်ငံတွေပါဝင်တဲ့ ၆ နိုင်ငံခရီးစဉ်ကို မနေ့က စနေ့က စတင်လိုက်ပါပြီ။ အပြည့်အစုံ နဲလ်ဆင်မန်ဒဲလား ဆေးရုံကဆင်းပြီ တောင်အာဖရိကသမ္မတဟောင်း နဲလ်ဆင်မန်ဒဲလားဟာ ကျန်းမာရေးတိုးတက် ကောင်းမွန်လာပြီဖို့လို့ စနေနေ့မှာ ဆေးရုံကဆင်းပြီဖြစ်ပါတယ်။ အပြည့်အစုံ ဘာသာစော်ကားမှုဆန့်ကျင်တဲ့ ဥပဒေပြဌာန်းဖို့ ဘင်္ဂလားဒေ့ရှ်မှာဆန္ဒပြ ဘာသာစော်ကားမှုဆန့်ကျင်ရေးဥပဒေ ပြဌာန်းပေးဖို့ ထောင်နဲ့ချီရှိတဲ့ မူစလင်ဘာသာရေး စိတ်ဓာတ်ပြင်းထန်သူတွေ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ တောင်းဆိုဆန္ဒပြခဲ့ကြပါတယ် အပြည့်အစုံ အင်ဒိုနီးရှားမှာ အားပြင်းငလျင်လှုပ်ခတ် အင်ဒိုနီးရှားနိုင်ငံအရှေ့ပိုင်းမှာ ပြင်းအားကြီးငလျင် လှုပ်ခတ်ခဲ့ပေမဲ့ ခုထိတော့ ဆူနာမီ သတိပေးချက်ထုတ်ပြန်မှုနဲ့ အပျက်အစီး အသေအပျောက် မသိရသေးပါဘူး။ အပြည့်အစုံ Me N Ma Girls အဖွဲ့ရဲ့ အောင်မြင်မှု ခြေလှမ်းများ "မြန်မာနိုင်ငံရဲ့ ဆင်ဆာပေါ့နော် လျော့သွားပြီဆိုတဲ့အကြောင်းတွေ အရင်တုန်းက ဘောင်ထဲမှာ ဘယ်လို လုပ်ခဲ့ရတယ်ဆိုတဲ့ဟာမျိုးတွေပေါ့နော်။ လုပ်ခွင့်မရခဲ့တာတွေ လုပ်ခွင့်ရခဲ့တာတွေ၊ သူတို့ အဓိကထား ပြီးတော့ မေးမယ်။ ညီမတို့ကလည်း ဥပဒေကို ဆန့်ကျင်လို့ မရခဲ့ဘူး။" အပြည့်အစုံ ဂီတလောကကို နုတ်ဆက် သရုပ်ဆောင်ဘက် အာရုံစိုက်တော့မယ့် Meat Loaf ဂီတလောကကို နုတ်ဆက်ပြီးတော့ သူဝါသနာပါတဲ့ သရုပ်ဆောင်အလုပ်ကို ပိုအာရုံစိုက်တော့မယ်ဆိုပြီး ကမ္ဘာ့မြို့ကြီးတွေကို ဖျော်ဖြေရေးခရီးစဉ်ထွက်မယ့် ကမ္ဘာ့အထင်ပေါ်ဆုံး အဆိုတော်ကြီးတစ်ဦးဖြစ်တဲ့ Meat Loaf အကြောင်း နားဆင်ကြည့်ရအောင်ပါ။ အပြည့်အစုံ မြန်မာနိုင်ငံမှာ အရှုံးမရှိဘူးဆိုရင် ပြည်သူတွေ ဘာအမြတ်ထွက်သလဲ လက်ရှိမြန်မာနိုင်ငံမှာ ပြည်ပနိုင်ငံတွေနဲ့တကွ ပြည်တွင်း နိုင်ငံရေး၊ စီးပွားရေး လူမှုရေးအင်အားစုတွေ အားလုံးလိုလိုက ရှုံးနိမ့်သူမရှိ "WIN WIN Situation" ဆိုပြီး ကိုယ့်လမ်းကိုယ် ချီတက်နေကြတယ်။ တကယ်ပဲ မြန်မာနိုင်ငံမှာ ရှုံးနိမ့်သူ မရှိတော့ဘူးလား။ မြန်မာပြည်သူတွေကရော ဒီလိုအခြေအနေမှာ ဘာတွေများ အမြတ်ထွက်နေကြပါသလဲ။ အမြတ်ထွက်ဖို့ဆိုရင်ရော ဘာတွေ ဆောင်ရွက်ကြဖို့ လိုလဲဆိုတာကို သတင်းစာဆရာ ဦးစည်သူအောင်မြင့်နဲ့ ကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးဗဟိုကော်မတီဝင် လွှတ်တော်အမတ် ဦးလှဆွေတို့အပါအဝင် သောတရှင်တွေနဲ့အတူ ဦးကျော် အပြည့်အစုံ ဒီနေ့အစီအစဉ် - အင်ဒိုနီးရှားလူဝင်မှုစခန်းမှာ အဓိကရုဏ်းဖြစ်ပြီး မြန်မာနိုင်ငံသားတွေ သေဆုံး၊ ပလီမီးလောင်မှုနဲ့ မိတ္ထီလာနောက်ဆက်တွဲ၊ သမ္မတဟောင်း ဂျင်မီ ကာတာ ခရီးစဉ်၊ ဂျော်ဒန်ပြန် မြန်မာအလုပ်သမား အတွေ့အကြုံနဲ့ သက်တံရောင်သတင်းလွှာ ..... အပြည့်အစုံ |
| အကြံပေး၊ ဝေဖန်၊ မေးခွန်းများရှိပါက အီးမေးပေးပို့ရန်။ burmese@voanews.com
|
| Voice of America 330 Independence Ave. SW Suite 3166 Washington, D.C. 20237 USA |
ဦးသန့်အိမ် ရန်ကုန်မှာဖွင့်လှစ်
ပုဂ္ဂလိက သတင်းစာတွေ ရောင်း အားကောင်း
ထိုင်းနယ်စပ်မှာ မြန်မာ စစ်သားတချို့သေဆုံး
သွေးတိုးရောဂါတိုက်ဖျက်ရေး WHO ဆော်သြ
ကြက်တုပ်ကွေးဖြစ်သူ ၂ ယောက်တိုး
နိုင်ငံခြားရေးဝန်ကြီးကယ်ရီ အရှေ့အလယ်ပိုင်းနဲ့ အာရှခရီးစဉ် စတင်
နဲလ်ဆင်မန်ဒဲလား ဆေးရုံကဆင်းပြီ
ဘာသာစော်ကားမှုဆန့်ကျင်တဲ့ ဥပဒေပြဌာန်းဖို့ ဘင်္ဂလားဒေ့ရှ်မှာဆန္ဒပြ
အင်ဒိုနီးရှားမှာ အားပြင်းငလျင်လှုပ်ခတ်
Me N Ma Girls အဖွဲ့ရဲ့ အောင်မြင်မှု ခြေလှမ်းများ
ဂီတလောကကို နုတ်ဆက် သရုပ်ဆောင်ဘက် အာရုံစိုက်တော့မယ့် Meat Loaf
မြန်မာနိုင်ငံမှာ အရှုံးမရှိဘူးဆိုရင် ပြည်သူတွေ ဘာအမြတ်ထွက်သလဲ
No comments:
Post a Comment