Saturday, April 6, 2013

ဗွီအိုအေမြန်မာ နေ့စဉ် သတင်းလွှာ - ဧပြီလ ၀၆၊ ၂၀၁၃

ဗွီအိုအေမြန်မာ နေ့စဉ် သတင်းလွှာ
 
ဗွီအိုအေမြန်မာ နေ့စဉ် သတင်းလွှာ
ဧပြီလ ၀၆၊ ၂၀၁၃

ဗွီအိုအေမြန်မာသတင်းဌာန၏ နေ့စဉ် နောက်ဆုံးရ မြန်မာ နှင့် နိုင်ငံတကာ သတင်းများ၊ သတင်းဆောင်းပါးများ နဲ့ နေ့စဉ် တီဗွီမဂ္ဂဇင်း/သတင်းလွှာ အစီအစဉ်...

 
မြန်မာ

အမျိုးသမီးအားလုံး အခွင့်အရေးရတဲ့အထိ ကြိုးပမ်းဖို့ Hillary Clinton တိုက်တွန်း အမျိုးသမီးအားလုံး အခွင့်အရေးရတဲ့အထိ ကြိုးပမ်းဖို့ Hillary Clinton တိုက်တွန်း
ကမ္ဘာတဝန်း အမျိုးသမီးနဲ့ ကလေးတွေအားလုံး လွတ်လပ်ခွင့်၊ တန်းတူညီမျှခွင့်ရှိကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြိးဟောင်း ဟီလာရီကလင်တန်က ပြောပါတယ်။ အပြည့်အစုံ
 
နိုင်ငံသားအခွင့်အရေးအလေးထားဖို့ ဂျင်မီကာတာ တိုက်တွန်း နိုင်ငံသားအခွင့်အရေးအလေးထားဖို့ ဂျင်မီကာတာ တိုက်တွန်း
အမေရိကန်သမ္မတဟောင်း Jimmy Carter က ဂရုဏာတရားရှေ့ထားပြီး နိုင်ငံသား အားလုံးရဲ့ အခွင့်အရေးနဲ့ လွတ်မြောက်မှုအတွက် အလေးပေးဖို့ သမ္မတဦးသိန်းစိန်ကို အလေးအနက် တိုက်တွန်းလိုက်ပါတယ်။ အပြည့်အစုံ
 
အင်ဒိုနီးရှားမှာ မြန်မာ တချို့ သေဆုံးမှု ဖော်ထုတ် အရေးယူဖို့ မြန်မာ တောင်းဆို အင်ဒိုနီးရှားမှာ မြန်မာ တချို့ သေဆုံးမှု ဖော်ထုတ် အရေးယူဖို့ မြန်မာ တောင်းဆို
မြန်မာပြည်အတွင်းက ဘာသာရေးအခြေခံ အကြမ်းဖက်တိုက်ခိုက်မှုတွေနဲ့ ဆက်နွယ်ပြီး အင်ဒိုနီးရှားနိုင်ငံထိန်းသိမ်းရေးစခန်းအတွင်း ရုန်းရင်းဆန်ခတ်ဖြစ်ရာက မြန်မာ ၈ ဦး သေဆုံးခဲ့ရပါတယ်။ အပြည့်အစုံ
 
အကြမ်းဖက်မှုတိမ်းရှောင်သူတချို့ နေရပ်ပြန် အကြမ်းဖက်မှုတိမ်းရှောင်သူတချို့ နေရပ်ပြန်
ဆူပူအကြမ်းဖက်မှုတွေကြောင့် ဘေးလွတ်ရာတိမ်းရှောင်နေကြသူ တရာကျော်ကို ငြိမ်းချမ်းမှုတည်ဆောက်ရေး ကွန်ယက်က နေရပ်ဆီ ချောမွေ့စွာ ပြန်လည်ပို့ဆောင်ပေးခဲ့ပါတယ်။ အပြည့်အစုံ
 
နိုင်ငံတကာ

လွတ်လပ်စွာကုန်သွယ်ဖို့ အမေရိကန် ဒုသမ္မတ တိုက်တွန်း လွတ်လပ်စွာကုန်သွယ်ဖို့ အမေရိကန် ဒုသမ္မတ တိုက်တွန်း
ကမ္ဘာ့ကုန်သွယ်ရေးစည်းမျဉ်းတွေ ပြန်လည်ပုံဖော်ရာမှာ လွတ်လပ်စွာ ကုန်သွယ်မှု သဘောတူညီချက်ကို သုံးသွားမှာဖြစ်ကြောင်း အမေရိကန် ဒု-သမ္မတ ဂျိုးဘိုင်ဒန်က ပြောပါတယ်။ အပြည့်အစုံ
 
 ကြက်ဘဲ ၂ သောင်းကျော် တရုတ်သုတ်သင် ကြက်ဘဲ ၂ သောင်းကျော် တရုတ်သုတ်သင်
လူသေစေနိုင်တဲ့ ကြက်ငှက်တုပ်ကွေး ပျံ့ပွားမှုရပ်တန့်အောင် ရှန်ဟိုင်းမြို့မှာ ကြက်ဘဲအသား ရောင်းချမှုကို ပိတ်ပင်ထားပါတယ်။ အပြည့်အစုံ
 
နိုင်ငံခြားသံတမန်တွေ ထွက်ခွာဖို့ မြောက်ကိုရီးယား သတိပေး နိုင်ငံခြားသံတမန်တွေ ထွက်ခွာဖို့ မြောက်ကိုရီးယား သတိပေး
ကိုရီးယားကျွန်းဆွယ်မှာ တင်းမာမှုတွေ တိုးလာနေတဲ့ ပြုံယမ်းက သံရုံးတွေ ဘေးလွတ်ရာရွှေ့ဖို့ စဉ်းစားကြပါလို့ မြောက်ကိုရီးယားအစိုးရက တိုက်တွန်းလိုက်ပါတယ်။ အပြည့်အစုံ
 
ရုရှားသံတမန်တွေ ထွက်ခွာဖို့ မြောက်ကိုရီးယား အကြံပြု ရုရှားသံတမန်တွေ ထွက်ခွာဖို့ မြောက်ကိုရီးယား အကြံပြု
ကိုရီးယားကျွန်းဆွယ်တင်းမာမှုကြောင့် ရုရှားသံဝန်ထမ်းတွေကို ပြန်ခေါ်ဖို့ အသိပေးပေမဲ့ လောလောဆယ် ထွက်ခွာဖို့ မစီစဉ်သေးကြောင်း ရုရှားဘက်က ပြောပါတယ်။ အပြည့်အစုံ
 
သတင်းသုံးသပ်ချက်

သတင်းမီဒီယာ ချုပ်ကိုင်မှု နဲ့ လွတ်လပ်မှု သတင်းမီဒီယာ ချုပ်ကိုင်မှု နဲ့ လွတ်လပ်မှု
ဧပြီ ၆၊ ၂၀၁၃ - သတင်းမီဒီယာကို လွတ်လပ်စေလိုသူနဲ့ ထိန်းချုပ်သူတွေအကြောင်း မြန်မာ နဲ့ ဗြိတိန်ကို ဥပမာပေးပြီး သုံးသပ်တင်ပြထားပါတယ်။ အပြည့်အစုံ
 
တီဗွီ

နေ့ စဉ်တီဗွီသတင်းလွှာ (၀၄-၀၆-၂၀၁၃) နေ့ စဉ်တီဗွီသတင်းလွှာ (၀၄-၀၆-၂၀၁၃)
အင်ဒိုနီးရှားကမြန်မာ ၈ ဦးသေဆုံးမှု စုံစမ်းပေးပို့ အင်ဒိုအစိုးရကို မြန်မာ သံရုံးတောင်းဆို၊ မြန်မာနိုင်ငံသားတွေရဲ့ အခွင့်အရေး နဲ့ လွတ်လပ်ခွင့် အလေးထားဆောင်ရွက်ဖို့ သမ္မတဟောင်း Jimmy Carter တိုက်တွန်း၊ ဦးသိန်းစိန် နဲ့ တရုတ်သမ္မတ တွေ့ဆုံ၊ မြောက်ကိုရီးယားရဲ့ ခြိမ်းခြောက်မှု .... စသည်။ အပြည့်အစုံ
 
ဗွီဒီယိုသတင်း

စနေနေ့ မြန်မာတီဗွီသတင်းများ စနေနေ့ မြန်မာတီဗွီသတင်းများ
၂၀၁၃ ခုနှစ်ဧပြီလ ၆ရက်စနေနေ့ မြန်မာနိုင်ငံဆိုင်ရာသတင်းများကိုစုစည်းတင်ဆက်ထားပါတယ်။ အပြည့်အစုံ
 
ဖက်ဒရယ်နဲ့ တိုင်းရင်းသားအခွင့်အရေး ဖက်ဒရယ်နဲ့ တိုင်းရင်းသားအခွင့်အရေး
မြန်မာနိုင်ငံမှာ ၂၀၀၈ ခုနှစ်က အတည်ပြုထားတဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး လေ့လာသုံးသပ်ရေး ကော်မတီနဲ့ ကော်မရှင်တွေ ဖွဲ့စည်းရေး အဆိုကို လွှတ်တော်မှာ အတည်ပြုခဲ့ပြီးတဲ့နောက် တိုင်းရင်းသား နိုင်ငံရေးပါတီတွေကလည်း ဖက်ဒရယ် ပြည်ထောင်စု စနစ်ပုံစံနဲ့ ပြုပြင်ပြောင်းလဲသင့်တယ်ဆိုပြီး အကြံပြုချက်တွေ ထွက်ပေါ်နေပါတယ်။ မြစ်မခ မီဒီယာက မမေသင်္ကြန်ဟိန်က တင်ပြပါလိမ့်မယ်။ အပြည့်အစုံ
 
မြောက်ကိုရီးယားအပေါ် ပန်တဂွန် တုန့်ပြန်မှု မြောက်ကိုရီးယားအပေါ် ပန်တဂွန် တုန့်ပြန်မှု
.အမေရိကန်ပြည်ထောင်စုကို တိုက်ခိုက်မယ်ဆိုပြီး မြောက်ကိုရီးယားဘက်က ခြိမ်းခြောက်မှုတွေ ပိုတိုးလာနေတဲ့အတွက် အမေရိကန် ပန်တဂွန် စစ်ဌာချုပ်ကလည်း တကယ်တမ်းတိုက်ခိုက်မှုတွေ ဖြစ်လာခဲ့ရင် ဘယ်လို တုန့်ပြန်မလဲဆိုပြီး အစီစဉ်တွေ ချမှတ်ဆောင်ရွက်နေပါတယ်။ VOA ပန်တဂွန်စစ်ဌာနချုပ် သတင်းထောက် Luis Ramirez သတင်းပေးပို့ထားတာကို ကိုသိန်းထိုက်ဦးက တင်ပြပါလိမ့်မယ်။ အပြည့်အစုံ
 
တောင်တရုတ်ပင်လယ်ရေး အငြင်းပွားဆဲ တောင်တရုတ်ပင်လယ်ရေး အငြင်းပွားဆဲ
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ ရဲ့ အခု သီတင်းပတ်အတွင်း အာရှခရီးစဉ်မှာ မြောက်ကိုရီးယားရေး နဲ့ တောင်တရုတ်ပင်လယ် နယ်နမိတ်ကိစ္စတွေနဲ့ ပတ်သက်ပြီး အငြင်းပွားနေကြတာတွေကို တရုတ်အစိုးရနဲ့ ဆွေးနွေးမှာဖြစ်ပါတယ်။ တရုတ်နိုင်ငံရဲ့ ပင်လယ် ရေကြောင်းသွားလာရေးတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးထားတဲ့အချက်တွေကိုဗွီအိုအေသတင်းထောက် Scott Stearns ကသတင်းပေးပို့ထားပြီး မမေစန္ဒီက စုစည်းတင်ပြထားပါတယ်။ အပြည့်အစုံ
 
ဂျော်ဒန်ပြန် မြန်မာအလုပ်သမား အတွေ့အကြုံ ဂျော်ဒန်ပြန် မြန်မာအလုပ်သမား အတွေ့အကြုံ
ဂျော်ဒန်နိုင်ငံက တရုတ်အထည်ချုပ်စက်ရုံမှာ အလုပ်လုပ်နေကြတဲ့ မြန်မာအလုပ်သမား ၁၂၀၀ ကျော်အနက် အခွင့်အရေးဆုံးရှုံးလို့ တောင်းဆိုဆန္ဒပြခဲ့ကြသူ ၁၁၄ ဦး နေရပ်ရင်းပြန်ခဲ့ကြပါတယ်။ အနိမ့်ဆုံးလစာ သတ်မှတ်အချက်အတိုင်း ရဖို့၊ အလုပ်ခွင်မှာ လူမျိုးရေးခွဲခြားဆက်ဆံတာပပျောက်ဖို့နဲ့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအသောက်တွေကို ကျွေးမွေးဖို့ လုပ်ငန်းခွင်မ၀င်ဘဲ တောင်းဆို ဆန္ဒပြကြသူတွေထဲမှာ ကိုယ်ထိလက်ရောက် ရိုက်နှက်ခံခဲ့ရတဲ့အထိ ကြုံခဲ့ရသူတွေလည်း ရှိခဲ့ပါတယ်။ ဂျော်ဒန်နဲ့အနီးဆုံး အစ္စရေးလ်နိုင်ငံမှာရှိတဲ့ မြန်မာသံရုံးနဲ့ မြန်မာအလုပ်သမားဝန်ကြီးဌာနကလည်း ထိထိရောက်ရောက် အကူအညီမပေးခဲ့တဲ့အတွက် ကိုယ့်စားရိတ်နဲ့ကိုယ် ပြန်လာကြသူတွေထဲက အလုပ်သမတစ်ဦးဖြစ်သူ မအိအိအောင်ကို ဗွီအိုအေအယ်ဒီတာ ဒေါ်ခင်စိုးဝင်းက ရန်ကုန်မြို့မှာ တွေ့ဆုံမေးမြန်းထားပါတယ်။ အပြည့်အစုံ
 
မြောက်ကိုရီးယားအရေး နိုင်ငံတကာ အမြင် မြောက်ကိုရီးယားအရေး နိုင်ငံတကာ အမြင်
မြောက်ကိုရီးယားက မစ်ဇိုင်းဒုံးကျည်တွေနဲ့ တိုက်ခိုက်မယ့် အရေးကနေ ကာကွယ်ဖို့ တောင်ကိုရီးယားဘက်က ကြိုတင်ပြင်ဆင်မှုတွေ တိုးမြှင့် လာနေတာနဲ့အမျှ ကိုရီးယားကျွန်းဆွယ်မှာ တင်းမာမှုတွေလည်း ကြီးထွားလာနေပါတယ်။ တချိန်တည်းမှာပဲ မြောက်ကိုရီးယားက အမေရိကန် ပြည်ထောင်စုကို နျူကလီးယား လက်နက်နဲ့ တိုက်ခိုက်မယ်လို့ ခြိမ်းခြောက်ထားတဲ့အတွက် နိုင်ငံတကာ အသိုင်းအ၀ိုင်းကြား စိုးရိမ် မကင်းသံတွေ ထွက်ပေါ်နေကြတာပါ။ ဒီအကြောင်း ဗွီအိုအေသတင်းထောက်တွေ ဖြစ်ကြတဲ့ Steve Herman နဲ့ Zlatica Hoke တို့ရဲ့ သတင်းပေးပို့ချက်တွေကိုတော့ ကိုအောင်အောင်က အပြည့်အစုံ ပြောပြပေးမှာ ဖြစ်ပါတယ်။ အပြည့်အစုံ
 
အင်ဒိုနီးရှား ထိန်းသိမ်းရေးစခန်း မြန်မာ ၈ ဦးသေ အင်ဒိုနီးရှား ထိန်းသိမ်းရေးစခန်း မြန်မာ ၈ ဦးသေ
အင်ဒိုနီးရှားနိုင်ငံ လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေး စခန်း အတွင်း ခိုက်ရန်ဖြစ်ပွားပြီး မြန်မာနိုင်ငံသား ရှစ်ယောက် သေဆုံးခဲ့တဲ့ ကိစ္စနဲ့ ပတ်သက်လို့၊ အဖြစ်မှန် ကို ဖေါ်ထုတ် အရေးယူ ဖို့ လိုသလို၊ ပြစ်မှုကျုးလွန်သူတွေကို အရေးယူပေးဖို့ ဂျကာတာမှာရှိတဲ့ မြန်မာသံရုံးက အင်ဒိုနီးရှားအာဏာပိုင်တွေ ကို တောင်းဆိုထားပါတယ်။ မကြာသေးခင်တုန်း က မြန်မာနိုင်ငံတွင်း ဖြစ်ပွားခဲ့တဲ့ ဘာသာရေးအခြေခံ အကြမ်းဖက် တိုက်ခိုက်မှုတွေနဲ့ ဆက်နွယ်ပြီး ပဋိပက္ခ ဖြစ်ပွားခဲ့တာလို့ သတင်းတွေမှာ ဖေါ်ပြကြပါတယ်။ ဒီအဖြစ်အပျက်နဲ့ ပတ်သက်လို့ ကိုအောင်လွင်ဦးက ဆက်ပြီး ပြောပြပေးပါလိမ့်မယ်။ အပြည့်အစုံ
 

အကြံပေး၊ ဝေဖန်၊ မေးခွန်းများရှိပါက အီးမေးပေးပို့ရန်။ burmese@voanews.com
Voice of America
330 Independence Ave. SW Suite 3166
Washington, D.C. 20237 USA

No comments:

Post a Comment