Wednesday, April 24, 2013

ဗွီအိုအေမြန်မာ နေ့စဉ် သတင်းလွှာ - ဧပြီလ ၂၄၊ ၂၀၁၃

ဗွီအိုအေမြန်မာ နေ့စဉ် သတင်းလွှာ
 
ဗွီအိုအေမြန်မာ နေ့စဉ် သတင်းလွှာ
ဧပြီလ ၂ ၊ ၂၀၁၃

ဗွီအိုအေမြန်မာသတင်းဌာန၏ နေ့စဉ် နောက်ဆုံးရ မြန်မာ နှင့် နိုင်ငံတကာ သတင်းများ၊ သတင်းဆောင်းပါးများ နဲ့ နေ့စဉ် တီဗွီမဂ္ဂဇင်း/သတင်းလွှာ အစီအစဉ်...

 
မြန်မာ

မြန်မာအစိုးရ ကိုယ်စားလှယ်အဖွဲ့ အမေရိကန်ခရီးစဉ် မြန်မာအစိုးရ ကိုယ်စားလှယ်အဖွဲ့ အမေရိကန်ခရီးစဉ်
"ကျနော်တို့ ငြိမ်းချမ်းသွားပါပြီ။ အဓိကကျတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အစည်း ၁၁ ဖွဲ့ထဲက ကျနော်တို့ ၁၀ ဖွဲ့နဲ့က ကျနော်တို့ အပစ်အခတ် ရပ်စဲနိုင်တဲ့ အဆင့်ရောက်ပြီ။ ကျနော်တို့ KIA/KIO နဲ့ကလည်း ၂ ကြိမ် ဆွေးနွေးပြီးပြီ။ မြေပြင်မှာ လည်း တိုက်ပွဲတွေ မရှိတော့ဘူး" အပြည့်အစုံ
 
မြန်မာနိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးမှု အမေရိကန်ကြိုဆို မြန်မာနိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးမှု အမေရိကန်ကြိုဆို
“အကျဉ်းသား ၉၃ ဦး လွတ်လာတဲ့အထဲမှာ နိုင်ငံရေး အကျဉ်းသား ၅၀ ကျော် ပါဝင်ပါတယ်။ အခုလို နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးတာကို ကြိုဆိုသလို၊ ကျန်တဲ့ နိုင်ငံရေး အကျဉ်းသားအားလုံး လွှတ်ပေးဖို့ကိုလည်း အားပေး တိုက်တွန်း လိုပါတယ်။” အပြည့်အစုံ
 
မြန်မာဒဏ်ခတ်ပိတ်ဆို့မှု EUရုပ်သိမ်းမှုအပေါ် နိုင်ငံတကာတုံ့ပြန် မြန်မာဒဏ်ခတ်ပိတ်ဆို့မှု EUရုပ်သိမ်းမှုအပေါ် နိုင်ငံတကာတုံ့ပြန်
"EU ရဲ့ ဆုံးဖြတ်ချက်က ကြိုဆိုရမယ့် ဖြစ်ထွန်းမှု တခုပါ။ ကျနော်တို့ ပြုပြင်ပြောင်း လဲရေး လုပ်ငန်းစဉ် စကတည်းက ဒါကိုလည်း မျှော်လင့်ထားပါတယ်။ ကျနော်တို့ တိုင်းပြည်က ဖြစ်ထွန်းမှုတွေကို အသိအမှတ်ပြုတဲ့ တခြား အလားတူ ဆောင်ရွက် မှုတွေကိုလည်း EU က လုပ်လာမယ်လို့ ကျနော်တို့ ယုံကြည်ထားပါတယ်" အပြည့်အစုံ
 
နိုင်ငံရေးအကျဉ်းသား ၅၀ ကျော် သမ္မတအမိန့်နဲ့လွှတ် နိုင်ငံရေးအကျဉ်းသား ၅၀ ကျော် သမ္မတအမိန့်နဲ့လွှတ်
"၅၉ ယောက်ရှိတယ်။ အခုလောလောဆယ် ကျနော်တို့ ရထားတာပေါ့ဗျာ။ ဘာလို့ ၅၉ ယောက် ဖြစ်ရသလဲဆိုတော့ ရှမ်းတိုင်းရင်းသား အယောက် ၄၀ ပါပါတယ်။ သူတို့က တပ်ရင်းအလိုက် အဖမ်းခံထားရတဲ့သူတွေပါ။ အဲ့ဒါနဲ့ပတ်သက်ပြီးတော့ ကျနော်တို့ ဒီလက်ကျန် နိုင်ငံရေးအကျဉ်းသား စိစစ်ရေးကော်မတီမှာ ဒီလူတွေ က နိုင်ငံရေးနဲ့ သက်ဆိုင်တဲ့သူတွေ ဖြစ်ပါတယ်ဆိုပြီးတော့ တင်ပြထားတာရှိပါတယ်" အပြည့်အစုံ
 
အင်းစိန်အဝေးပြေးကားဂိတ် ဂက်စ်အိုးပေါက်ကွဲ လူ ၄ ဦး သေ
“အခု နောက်ဆုံးအခြေအနေမှာ ဒဏ်ရာရတာ ၄ ယောက်၊ အခု ဒဏ်ရာရတဲ့သူတွေကို ဆေးဝါးကုသနေပါတယ်။” အပြည့်အစုံ
 
အင်ဒိုနီးရှား သမ္မတ မြန်မာနိုင်ငံရောက် အင်ဒိုနီးရှား သမ္မတ မြန်မာနိုင်ငံရောက်
"အင်ဒိုနီးရှားသမ္မတ Susilo Bambang Yudhoyono နဲ့ ဇနီးတို့ဟာ မြန်မာနိုင်ငံကို ၂ ရက်ကြာ ချစ်ကြည်ရေးခရီး အလည်အပတ်အဖြစ် ဒီကနေ့ မွန်းလွဲပိုင်းမှာ ရောက်ရှိလာ ပါတယ်" အပြည့်အစုံ
 
ရခိုင်စုံစမ်းရေးကော်မရှင် အစီရင်ခံစာ သမ္မတဆီ တင်ပြ ရခိုင်စုံစမ်းရေးကော်မရှင် အစီရင်ခံစာ သမ္မတဆီ တင်ပြ
"ကျနော်တို့အနေနဲ့ နိုင်ငံတော်သမ္မတဆီကို အစီရင်ခံစာကို မနေ့ကပေါ့နော် ၂၂ ရက်နေ့က ပို့ပြီးပါပြီ။ အဲ့တော့ အဲ့ဒီပို့ပြီးတဲ့နောက်ပိုင်းမှာတော့ ကျနော်တို့ ဒီဧပြီလ မကုန်ခင်လောက်မှာ သတင်းစာ ရှင်းလင်းပွဲတရပ် ပြုလုပ်မှာဖြစ်ပါတယ်။ ၂၉၊ ၃၀ တရက်ရက်တော့ ဖြစ်နိုင်မယ်လို့ ထင်ပါတယ်" အပြည့်အစုံ
 
ရခိုင်အရေး HRW စွပ်စွဲချက် အမေရိကန်စိုးရိမ် ရခိုင်အရေး HRW စွပ်စွဲချက် အမေရိကန်စိုးရိမ်
"အမေရိကန် ပြည်ထောင်စုအနေနဲ့ အခြေအနေကို သေသေချာချာ လေ့လာစောင့် ကြည့်နေပါတယ်။ အချက်အလက်တွေ လက်ခံရရှိရင် ရရှိသလို သတင်းတွေကို စိစစ် သုံးသပ်သွားမှာ ဖြစ်ပါတယ်" အပြည့်အစုံ
 
နိုင်ငံတကာ

အိမ်ဖြူတော်အကြောင်း လုပ်ကြံသတင်းကြောင့် Stock ဈေးထိုးကျ အိမ်ဖြူတော်အကြောင်း လုပ်ကြံသတင်းကြောင့် Stock ဈေးထိုးကျ
"အမေရိကန် သမ္မတ အိမ်ဖြူတော်မှာ ဗုံးကွဲပြီး သမ္မတ အိုဘားမား ထိခိုက်ဒဏ်ရာ ရတယ်ဆိုတဲ့ လုပ်ကြံ သတင်းမှားကြောင့် အင်္ဂါနေ့က အမေရိကန် Stock ဈေးကွက်တွေ ထိုးကျသွားပါတယ်။ နောက်ပိုင်းတော့ ဈေးတွေ ပြန်ကောင်းလာခဲ့ပါတယ်" အပြည့်အစုံ
 
Boston ဗုံးခွဲသူတွေ လက်ချက်ကြောင့် သေဆုံးသူ ၂ ဦးအတွက် ဈာပနကျင်းပ Boston ဗုံးခွဲသူတွေ လက်ချက်ကြောင့် သေဆုံးသူ ၂ ဦးအတွက် ဈာပနကျင်းပ
"Boston မာရသွန် ဗုံးကွဲမှုကြောင့် ထိခိုက် သေဆုံးခဲ့သူ နှစ်ဦးရဲ့ ဈာပနကို အင်္ဂါနေ့က ပြုလုပ်သွားပါတယ်။ အသက် ၈ နှစ်အရွယ် မာတင် ရစ်ချတ် (Martin Richard) ရဲ့ ဈာပနကို သီးသန့် ပြုလုပ်သွားပါတယ်" အပြည့်အစုံ
 
ရေပိုင်နက်အငြင်းပွားမှု တရုတ်-ဂျပန် တင်းမာမှုဖြစ် ရေပိုင်နက်အငြင်းပွားမှု တရုတ်-ဂျပန် တင်းမာမှုဖြစ်
"တရုတ်အစိုးရဟာ ပုံမှန်ဆိုသလို ကင်းလှည့်သင်္ဘောတွေ၊ လေယာဉ်တွေ အဲ့ဒီအရပ်ကို စေလွှတ်ပြီး ဗျူဟာကျတဲ့ ကျွန်းတွေမှာ ဂျပန်ရဲ့ ထိန်းချုပ်မှုကို စိန်ခေါ်နေပါတယ်" အပြည့်အစုံ
 
တီဗွီ

နေ့စဉ်တီဗွီသတင်းလွှာ (၀၄-၂၄-၂၀၁၃) နေ့စဉ်တီဗွီသတင်းလွှာ (၀၄-၂၄-၂၀၁၃)
မြန်မာအပေါ် အရေးယူဒဏ်ခတ်မှု အပြီးသတ်ဖယ်ရှားဖို့ EU ဆုံးဖြတ်၊အကျဉ်းထောင်အသီးသီးက အကျဉ်းသား ၉၀ ၀န်းကျင် ကို မနေ့က ပြန်လွှတ်ပေး၊ အင်ဒိုနီးရှားသမ္မတ နဲ့ မြန်မာအစိုးရ ခေါင်းဆောင်တွေ တွေ့ဆုံနွေးဆွေးဖို့ရှိ ... စသည်။ အပြည့်အစုံ
 
ဗွီဒီယိုသတင်း

ဗုဒ္ဓဟူးနေ့ မြန်မာတီဗွီသတင်းများ ဗုဒ္ဓဟူးနေ့ မြန်မာတီဗွီသတင်းများ
ဥရောပ သမဂ္ဂက မြန်မာအပေါ် အရေးယူမှု ရုပ်သိမ်း၊ သမ္မတ အမိန့်နဲ့ နိုင်ငံရေး အကျဉ်းသား တချို့အပါအ၀င် အကျဉ်းသား တချို့ လွတ်မြောက်၊ အင်ဒိုနီးရှား သမ္မတရဲ့ မြန်မာနိုင်ငံ ခရီးစဉ် စတဲ့ သတင်းတွေကို ရှုစားကြရမှာပါ။ အပြည့်အစုံ
 
တိုးတက်မှု နဲ့ နောက်ကြောင်း ပြန်လှည့်နိုင်ခြေ တိုးတက်မှု နဲ့ နောက်ကြောင်း ပြန်လှည့်နိုင်ခြေ
မြန်မာနိုင်ငံအတွင်း ဖြစ်ထွန်းတိုးတက်မှုတွေဟာ နောက်ကြောင်း ပြန်လှည့်သွားနိုင်တဲ့အနေအထားမှာရှိတယ်လို့ မယုံကြည်တဲ့အ ကြောင်း အမေရိကန်ပြည်ထောင်စုကို ရောက်ရှိနေတဲ့ မြန်မာအစိုးရ ၀န်ကြီး ဦးအောင်မင်းက ပြောဆိုပါတယ်။ ဦးအောင်မင်းဟာ တနင်္လာနေ့က နယူးယောက်မြို့ ကိုလံဘီယာ တက္ကသိုလ်မှာ တာဝန်ရှိသူတွေ နဲ့ သီးခြားတွေ့ဆုံခဲ့သလို ကျောင်းသားတွေနဲ့ လည်းတွေ့ဆုံပြီး မြန်မာနိုင်ငံအရေးကိစ္စ မေးမြန်းဖြေကြားမှုတွေ လုပ်ခဲ့ပါတယ်။ အပြည့်အစုံကိုတော့ ကိုကျော်သိင်္ခက ပြောပြပေး မှာ ဖြစ်ပါတယ်။ အပြည့်အစုံ
 
ပိတ်ဆို့မှု ရုပ်သိမ်းအပြီး မြန်မာ့ရှေ့ရေး ပိတ်ဆို့မှု ရုပ်သိမ်းအပြီး မြန်မာ့ရှေ့ရေး
အီးယူ ဥရောပ သမဂ္ဂက မြန်မာအပေါ် အရေးယူပိတ်ဆို့မှုတွေ ရုပ်သိမ်းပြီးနောက်ပိုင်းမှာ မြန်မာနိုင်ငံရဲ့ စီးပွားရေး လုပ်ငန်းတွေ ဘယ်လို အပြောင်းအလဲတွေ ရှိလာမလဲ ဆိုတာကို ကိုအောင်လွင်ဦးက စုစည်းတင်ပြထားပါတယ်။ အပြည့်အစုံ
 
ဖွံ့ဖြိုးမှု တိုင်းတာရေး ဖွံ့ဖြိုးမှု တိုင်းတာရေး
နိုင်ငံတွေရဲ့ ကုန်ထုတ်လုပ်မှုနဲ့ တိုင်းတာတဲ့ ဖွံ့ဖြိုးရေး အညွှန်းကိန်း အရ အမေရိကန် နိုင်ငံက ထိပ်တန်း ရောက်နေပေမယ့် လူမှုဘ၀ အညွှန်းကိန်း အရတော့ ဆွီဒင်က ထိပ်တန်းရောက်နေပါတယ်။ ကိုအောင်လွင်ဦး စုစည်းတင်ပြထားပါတယ်။ အပြည့်အစုံ
 
အင်းလေးကန်နဲ့ ခရီးသွားလုပ်ငန်း အင်းလေးကန်နဲ့ ခရီးသွားလုပ်ငန်း
မြန်မာနိုင်ငံဟာ ကမ္ဘာလှည့် ခရီးသွား လုပ်ငန်း ဖွံ့ဖြိုးလာတာနဲ့ အမျှ သဘာဝပတ်ဝန်းကျင် ဆိုင်ရာ စိန်ခေါ်မှုတွေလည်း ကြုံတွေ့လာရပါတယ်။ ဒီထဲမှာ မြန်မာနိုင်ငံရဲ့ ဒုတိယ အကြီးဆုံး ရေချိုအိုင်ကြီး ဖြစ်တဲ့ အင်းလေးကန်လည်း ပါဝင်ပါတယ်။ မသိင်္ဂီထိုက်က ပြောပြပေးမှာပါ။ အပြည့်အစုံ
 

အကြံပေး၊ ဝေဖန်၊ မေးခွန်းများရှိပါက အီးမေးပေးပို့ရန်။ burmese@voanews.com
Voice of America
330 Independence Ave. SW Suite 3166
Washington, D.C. 20237 USA

No comments:

Post a Comment