Sunday, April 21, 2013

ဗွီအိုအေမြန်မာ နေ့စဉ် သတင်းလွှာ - ဧပြီလ ၂၁၊ ၂၀၁၃

ဗွီအိုအေမြန်မာ နေ့စဉ် သတင်းလွှာ
 
ဗွီအိုအေမြန်မာ နေ့စဉ် သတင်းလွှာ
ဧပြီလ ၂၁၊ ၂၀၁၃

ဗွီအိုအေမြန်မာသတင်းဌာန၏ နေ့စဉ် နောက်ဆုံးရ မြန်မာ နှင့် နိုင်ငံတကာ သတင်းများ၊ သတင်းဆောင်းပါးများ နဲ့ နေ့စဉ် တီဗွီမဂ္ဂဇင်း/သတင်းလွှာ အစီအစဉ်...

 
မြန်မာ

ဝါရှင်တန်မြန်မာသံရုံး သင်္ကြန်ပွဲ ဝါရှင်တန်မြန်မာသံရုံး သင်္ကြန်ပွဲ
အမေရိကန်ပြည်ထောင်စု အရှေ့ဘက်ခြမ်းမှာရှိတဲ့ ၀ါရှင်တန်ဒီစီ မြန်မာသံရုံးမှာ ဧပြီလ ၂၀ ရက် စနေနေ့က အတာသင်္ကြန်ပွဲကို ပြုလုပ်ခဲ့ပါတယ်။ အပြည့်အစုံ
 
အစိုးရနဲ့ SSA တိုက်ပွဲ ဒေသခံတွေဒုက္ခရောက် အစိုးရနဲ့ SSA တိုက်ပွဲ ဒေသခံတွေဒုက္ခရောက်
“လောလောဆယ်မှာ လူဦးရေ ၂,၀၀၀ နီးပါး ရှိပြီခင်ဗျ။ အခုလတ်တလောကတော့ ပစ်ခတ်နေတဲ့နေရာတွေက ရွာသားတွေကတော့ တချို့မြို့ထဲမှာတော့ ခဏရှောင်နေတယ်။” အပြည့်အစုံ
 
နိုင်ငံတကာ

တရုတ်ငလျင် ၁၅၀ ကျော်သေဆုံး တရုတ်ငလျင် ၁၅၀ ကျော်သေဆုံး
တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ဇီချွမ်ပြည်နယ်မှာ စနေနေ့က ပြင်းထန်တဲ့ငလျင်လှုပ်သွားလို့ သေဆုံးသူအရေအတွက်က ၁၅၀ ကျော်သွားပြီဖြစ်ပါတယ်။ အပြည့်အစုံ
 
ဘော်စတွန်ဗုံးတရားခံ ဒဏ်ရာပြင်းထန် ဘော်စတွန်ဗုံးတရားခံ ဒဏ်ရာပြင်းထန်
ဘော်စတွန် မာရသွန် ဗုံးပေါက်ကွဲမှုကို လုပ်ဆောင်တယ်လို့ သံသယရှိခံရသူ Dzhokhar Tsarnaev ဟာ ထိခိုက်ဒဏ်ရာရမှုကြောင့် စိုးရိမ်ရတဲ့အနေအထားမှာ ရှိနေပါတယ်။ အပြည့်အစုံ
 
အီရတ်ရွေးကောက်ပွဲ အီရတ်ရွေးကောက်ပွဲ
အီရတ်နိုင်ငံမှာ ၂၀၁၁ ခုနှစ်က အမေရိကန်တပ်တွေ ထွက်သွားချိန်ကစပြီး ပထမဆုံးအကြိမ်ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲကို အီရတ်ပြည်သူတွေ မဲပေးခဲ့ကြပါတယ်။ အပြည့်အစုံ
 
တရုတ်ဇီချွမ်ငလျင် လူပေါင်းရာကျော်သေဆုံး တရုတ်ဇီချွမ်ငလျင် လူပေါင်းရာကျော်သေဆုံး
တရုတ်နိုင်ငံ ဇီချွမ်ဒေသအနောက်ပိုင်းမှာ စနေနေ့ကလှုပ်ခတ်သွားတဲ့ အင်အားပြင်း ငလျင်ဒဏ်ကြောင့် လူ ၁၁၃ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။ အပြည့်အစုံ
 
သမ္မတဟောင်းမူရှာရက်(ဖ်)ကို တရားသူကြီးတွေချုပ်နှောင်ခဲ့မှုနဲ့ဖမ်းဆီး သမ္မတဟောင်းမူရှာရက်(ဖ်)ကို တရားသူကြီးတွေချုပ်နှောင်ခဲ့မှုနဲ့ဖမ်းဆီး
၂၀၀၇ ခုနှစ်က တရားသူကြီးတွေကို တရားမ၀င်ထိန်းသိမ်းခဲ့မှုအတွက် ပါကစ္စတန်နိုင်ငံ သမ္မတဟောင်း ပါဗက်(ဇ်)မူရှာရက်(ဖ်)ကို ခေါ်ယူစစ်ဆေးခဲ့ပါတယ်။ အပြည့်အစုံ
 
တိုက်ရိုက်လေလှိုင်း

ပဋိပက္ခ ဒီမိုကရေစီ အဟန့်အတားနဲ့ ကျော်လွှားရေး နည်းလမ်း ပဋိပက္ခ ဒီမိုကရေစီ အဟန့်အတားနဲ့ ကျော်လွှားရေး နည်းလမ်း
မြန်မာနိုင်ငံမှာ မကြာသေးခင်က ဖြစ်ပွားခဲ့တဲ့ ဘာသာရေးအသွင်ဆောင်တဲ့ ပဋိပက္ခတွေဟာ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးအတွက် ဘယ်လောက့် အတိုင်းအတာအထိ အဟန့်အတားဖြစ်စေတယ်လို့ထင်ပါသလဲ။ ဒီလို အဟန့်အတားတွေကို ဘယ်လိုကျော်လွှားဖြေရှင်းကြမလဲ ဆိုတာကို ကိုကျော်ကျော်သိန်းနဲ့အတူ မြန်မာနိုင်ငံရှေ့နေများကွန်ယက်အဖွဲ့က ရှေ့နေဦးကိုနီ၊ ရွှေဝါရောင်သံဃာ့လှုပ်ရှားမှုမှာ ပါဝင်ခဲ့တဲ့ အရှင်ပဏ္ဍဝံသခေါ် ဦးပြည်ကျော်တို့ကို ပင်တိုင်ထားပြီး သောတရှင်တွေပါဝင်ဆွေးနွေးသုံးသပ်ထားတဲ့ စနေညဘက် တိုက်ရိုက် လေလှိုင်းဆွေးနွေးခန်းဖြစ်ပါတယ်။ အပြည့်အစုံ
 
ဒီမိုကရေစီရေးရာ

ပြုပြင်ရေးဆွဲနေတဲ့ ပုံနှိပ်ထုတ်ဝေရေး ဥပဒေမူကြမ်း ပြုပြင်ရေးဆွဲနေတဲ့ ပုံနှိပ်ထုတ်ဝေရေး ဥပဒေမူကြမ်း
ဧပြီ ၂၁၊ ၂၀၁၃ - မြန်မာပြည် ပုံနှိပ်ထုတ်ဝေရေး ဥပဒေမူကြမ်း နဲ့ မီဒီယာ၊ စာနယ်ဇင်းဆိုင်ရာ လွတ်လပ်ခွင့်များကို ပြန်ကြားရေးဝန်ကြီးနဲ့ တွေ့ဆုံမေးမြန်းထားပါတယ်။ အပြည့်အစုံ
 
အပတ်စဉ် တီဗွီမဂ္ဂဇင်း

အပတ်စဉ် တီဗွီမဂ္ဂဇင်း အပတ်စဉ် တီဗွီမဂ္ဂဇင်း
ဒေါ်အောင်ဆန်းစုကြည် ဂျပန်နိုင်ငံခရီးစဉ်၊ သင်္ကြန်ပွဲတော် နွှဲပျော်ခဲ့ကြ ပုံ၊ EU နဲ့ ဒဏ်ခတ်အရေးယူမှု၊ အင်ဒိုသမ္မတ မြန်မာနိုင်ငံ ခရီးစဉ်အပါ အ၀င် မြန်မာနဲ့ နိုင်ငံတကာသတင်းများ၊ မြန်မာဒုက္ခသည်တွေ အနာဂတ်နဲ့ သက်တံရောင်သတင်းလွှာ ... အပြည့်အစုံ
 
ဗွီဒီယိုသတင်း

ထိုင်းနိုင်ငံရောက် မြန်မာဒုက္ခသည်တွေ အနာဂတ် ထိုင်းနိုင်ငံရောက် မြန်မာဒုက္ခသည်တွေ အနာဂတ်
ထိုင်း-မြန်မာနယ်စပ် ထိုင်းနိုင်ငံဘက်က ဒုက္ခသည်စခန်းတွေမှာ ရှိနေတဲ့ မြန်မာနိုင်ငံသား ဒုက္ခသည်တွေ နေရပ်ရင်းပြန်နိုင်ဖို့ ဆိုရင် ဘေးကင်းလုံခြုံတဲ့အခြေအနေရှိဖို့လိုတယ်လို့ ဒုက္ခ သည်တွေကို အကူအညီပေးနေတဲ့ အဓိကအဖွဲ့ကြီးတစ်ဖွဲ့ရဲ့ အကြီး အကဲက ပြောလိုက်ပါတယ်။ Sally Thompson ဟာ မြန်မာနိုင်ငံကနေ အကြောင်းအမျိုးမျိုးနဲ့ နေရပ်စွန့် ထွက်ပြေးသွားကြပြီး ထိုင်းနိုင်ငံက ဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေကြရတဲ့ မြန်မာနိုင်ငံသားတွေကို အကူအညီပေးနေတဲ့ Thai Burma Border Consortium TBBC အဖွဲ့ရဲ့ အကြီးအကဲဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စုဆီ ခေတ္တရောက်လာခဲ့တဲ့ Sally Thompson ကို ကိုသားညွန့်ဦးက တွေ့ဆုံမေးမြန်းထားပါတယ်။ အပြည့်အစုံ
 

အကြံပေး၊ ဝေဖန်၊ မေးခွန်းများရှိပါက အီးမေးပေးပို့ရန်။ burmese@voanews.com
Voice of America
330 Independence Ave. SW Suite 3166
Washington, D.C. 20237 USA

No comments:

Post a Comment