Thursday, April 4, 2013

ဗွီအိုအေမြန်မာ နေ့စဉ် သတင်းလွှာ - ဧပြီလ ၀၄၊ ၂၀၁၃

ဗွီအိုအေမြန်မာ နေ့စဉ် သတင်းလွှာ
 
ဗွီအိုအေမြန်မာ နေ့စဉ် သတင်းလွှာ
ဧပြီလ ၀ ၄၊ ၂ ၀၁၃

ဗွီအိုအေမြန်မာသတင်းဌာန၏ နေ့စဉ် နောက်ဆုံးရ မြန်မာ နှင့် နိုင်ငံတကာ သတင်းများ၊ သတင်းဆောင်းပါးများ နဲ့ နေ့စဉ် တီဗွီမဂ္ဂဇင်း/သတင်းလွှာ အစီအစဉ်...

 
မြန်မာ

ဗလီမီးလောင်မှု စုံစမ်းစစ်ဆေးရေးကော်မရှင်ဖွဲ့ ဗလီမီးလောင်မှု စုံစမ်းစစ်ဆေးရေးကော်မရှင်ဖွဲ့
"၇ ယောက် ပါဝင်တဲ့ စုံစမ်းရေးကော်မရှင်အနေနဲ့ မီးလောင်မှု ဖြစ်ပွားရတဲ့ အကြောင်း ရင်းကို ဧပြီလ ၅ ရက်နေ့ သောကြာနေ့ နောက်ဆုံးထားပြီး စိစစ်၊ သုံးသပ် အကြံပြုချက် တင်ပြရမှာလည်း ဖြစ်ပါတယ်" အပြည့်အစုံ
 
ရန်ကုန်မှာ လျှပ်စစ်ပြတ်တောက်မှုတချို့ ရှိမည် ရန်ကုန်မှာ လျှပ်စစ်ပြတ်တောက်မှုတချို့ ရှိမည်
"လျှပ်စစ်မီး လုံလုံလောက်လောက် မရတဲ့ ပြဿနာကြောင့် အခုဆိုရင် မနေ့က အအေးခန်းစက်ရုံတွေဟာ တချို့ ပိတ်ပြီ။ အလုပ်သမားတွေကို တချို့ နားခိုင်း လိုက်တယ်ပေါ့နော်။ တစ်လခွဲ နှစ်လလောက် မီးအပြည့်အစုံ ပြန်မရမချင်း သူတို့ နားမယ်လို့ ပြောတယ်" အပြည့်အစုံ
 
ရန်ကုန်လုံခြုံရေးတင်းကျပ် ရန်ကုန်လုံခြုံရေးတင်းကျပ်
"အင်အားတိုးချတဲ့နေရာမှာ လှည့်ကင်းလည်းရှိတယ်။ ရပ်ကင်းလည်းရှိတယ်။ လျှပ်တပြက်ကင်းလည်းရှိတယ်။ ကင်း ၃ ကင်းနဲ့ သူတို့ လှည့်လည်နေတာရှိတယ်။ ညရော၊ မနက်ရော၊ နေ့ခင်းရောပေါ့" အပြည့်အစုံ
 
နိုင်ငံတကာ

မြောက်ကိုရီးယားရန် တုံ့ပြန်ဖို့ အမေရိကန် ဒုံးခွင်းဒုံးစနစ်တပ်ဆင် မြောက်ကိုရီးယားရန် တုံ့ပြန်ဖို့ အမေရိကန် ဒုံးခွင်းဒုံးစနစ်တပ်ဆင်
"ဒုံးကာကွယ်ရေး စနစ်ကို အမေရိကန်ပြည်ထောင်စု ပိုက်နက်ဖြစ်တဲ့ Guam ကျွန်းမှာ အခြေတည်ထားမှာ ဖြစ်တယ်လို့ ပန်တဂွန်က မနေ့တုန်းက ပြောပါတယ်" အပြည့်အစုံ
 
ရွေးကောက်ပွဲကျင်းပဖို့ မလေးရှားလွှတ်တော်ဖျက်သိမ်း ရွေးကောက်ပွဲကျင်းပဖို့ မလေးရှားလွှတ်တော်ဖျက်သိမ်း
"လာမယ့် ရွေးကောက်ပွဲကနေ ခိုင်မာအားကောင်းတဲ့ ကိုယ်စားလှယ် ထွက်လာမယ်လို့လည်း သူ မျှော်လင့်တဲ့အကြောင်း ပြောပါတယ်။" အပြည့်အစုံ
 
အာဖရိက စစ်ရာဇ၀တ်ကျူးလွန်သူများ ဖမ်းမိဖို့ အမေရိကန် ဆုငွေထုတ် အာဖရိက စစ်ရာဇ၀တ်ကျူးလွန်သူများ ဖမ်းမိဖို့ အမေရိကန် ဆုငွေထုတ်
"ယူဂန်ဒါ သူပုန်ခေါင်းဆောင် Joseph Kony နဲ့ နောက်ထပ် စစ်ရာဇဝတ်မှု ကျူးလွန် ထားတယ်လို့ မသင်္ကာသူ အာဖရိကတိုက်သား ၃ ယောက်ကို ဖမ်းဆီးနိုင်ဖို့ သတင်းပေးသူကို ဒေါ်လာ ၅ သန်း ပေးမယ်လို့ အမေရိကန်က ဆုကြေး ထုတ်ထား ပါတယ်" အပြည့်အစုံ
 
ငှက်တုပ်ကွေး ဗိုင်းရပ်စ်သစ် တရုတ်မှာကူးစက် ငှက်တုပ်ကွေး ဗိုင်းရပ်စ်သစ် တရုတ်မှာကူးစက်
"သုတေသန ပညာရှင်တွေကတော့ ဒီရောဂါပိုးဟာ ကုသမလွယ်တဲ့ အဆင့်ပြောင်း သွားပြီး လူတွေကြား ကူးစက်ပြန့်ပွားမှာကို စိုးရိမ်နေကြပါတယ်" အပြည့်အစုံ
 
နယ်စပ်စက်မှုဇုန် မြောက်ကိုရီးယား ရပ်ဆိုင်း နယ်စပ်စက်မှုဇုန် မြောက်ကိုရီးယား ရပ်ဆိုင်း
"Kaesong စက်မှုဇုန်ဆီ တောင်ကိုရီးယား နိုင်ငံသားတွေ ၀င်ရောက်ခွင့်ကို ဆိုင်းငံ့လိုက်ပြီလို့ မြောက်ကိုရီးယားက ဗုဒ္ဓဟူးနေ့က ကြေညာခဲ့တာပါ။ ဒါပေမဲ့ စက်မှုဇုန်မှာရှိနေတဲ့ တောင်ကိုရီးယား အလုပ်သမား ရာပေါင်းများစွာကိုတော့ ထွက်ခွာခွင့်ပြုမယ်လို့ ဆိုပါတယ်" အပြည့်အစုံ
 
ကျန်းမာရေး

မိသားစု စီမံကိန်း (သို့) သားဆက်ခြားခြင်း၊ တားခြင်း - အပိုင်း (၁) မိသားစု စီမံကိန်း (သို့) သားဆက်ခြားခြင်း၊ တားခြင်း - အပိုင်း (၁)
ဧပြီ ၃၊ ၂၀၁၃ - မိသားစု စီမံကိန်း (သို့) သားဆက်ခြားခြင်း၊တားခြင်းက ဘယ်လို အရေးပါနေပါပြီး၊ ဒီအတွက် ဘယ်လိုနည်းကောင်းတွေ ရှိနေပါသလဲ။ အပြည့်အစုံ
 
အမျိုးသမီးကဏ္ဍ

Secret Service အကြီးအကဲ ပထမဆုံး အမျိုးသမီးခန့်အပ် Secret Service အကြီးအကဲ ပထမဆုံး အမျိုးသမီးခန့်အပ်
"Secret Service မှာ ဂျူလီယာရဲ့ ဂုဏ်သတင်းကတော့ ထူးချွန်ပြောင်မြောက်လှပါတယ်။ သူဟာ ရာထူးအဆင့်ဆင့်ကနေ တက်လာခဲ့သူဖြစ်ပြီး Secret Service ရဲ့ လုပ်ငန်းမှန်သမျှမှာ အတွေ့အကြုံ ရှိသူဖြစ်ပါတယ်။" အပြည့်အစုံ
 
သတင်းသုံးသပ်ချက်

ပုဂ္ဂလိက သတင်းစာများ၏ အခန်းကဏ္ဍ ပုဂ္ဂလိက သတင်းစာများ၏ အခန်းကဏ္ဍ
ဧပြီ ၃၊ ၂၀၁၃ - ပုဂ္ဂလိကသတင်းစာတွေ ဘယ်လောက်အထိ ခိုင်လုံစိတ်ချရပြီးတော့ လူထုအပေါ်မှာ သြဇာသက်ရောက်နိုင်မှု ဘယ်အတိုင်းအတာအထိ ရှိနိုင်ပါသလဲ။ အပြည့်အစုံ
 
တီဗွီ

နေ့ စဉ်တီဗွီသတင်းလွှာ (၀၄.၀၄.၁၃) နေ့ စဉ်တီဗွီသတင်းလွှာ (၀၄.၀၄.၁၃)
ဗိုလ်တထောင်မြို့နယ် အစ္စလမ်ဘာသာရေးကျောင်း မီးလောင်မှုအပေါ် စုံစမ်းစစ်ဆေးဖို့ အဖွဲ့တစ်ဖွဲ့ ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်ကဖွဲ့စည်း၊ အမေရိကန်ပြည်ထောင်စုအစိုးရ ဘဏ္ဍာရေး အသုံးစရိတ်ဖြတ်တောက်မှုနဲ့၊ နိုင်ငံတကာအကူအညီအပေါ် ရိုက်ခတ်မှုတွေအကြောင်း...စသည် အပြည့်အစုံ
 
ဗွီဒီယိုသတင်း

 ကြာသပတေးနေ့ မြန်မာတီဗွီ သတင်း ကြာသပတေးနေ့ မြန်မာတီဗွီ သတင်း
ကြာသပတေးနေ့ မြန်မာတီဗွီ သတင်း အပြည့်အစုံ
 
နေ့စဉ်ထုတ်သတင်းစာ အခက်အခဲများ နေ့စဉ်ထုတ်သတင်းစာ အခက်အခဲများ
ဆယ်စုနှစ် ၅ ခုကျော် ကာလ အတွင်း ပထမဆုံး အကြိမ်အနေနဲ့ ပုဂ္ဂလိက သတင်းစာတွေ ပြန်ပြီး ထုတ်ဝေခွင့် ရှိလာပြီးနောက် ထုတ်ဝေသူတွေ အနေနဲ့ ဘဏ္ဍာရေးဆိုင်ရာ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။ ဒါ့အပြင် သတင်းအရည်အသွေးနဲ့ လူထု အကြိုက်၊ လူထု ၀ယ်လိုအားကိုရော ဘယ်လောက် ရေရှည် ထိန်းထားနိုင်မလဲ ဆိုတာတွေကိုတော့ မသိင်္ဂီထိုက် စုစည်းတင်ပြထားပါတယ်။ အပြည့်အစုံ
 
အမေရိကန် အစိုးရဘဏ္ဍာ ဖြတ်တောက်မှုနဲ့ နိုင်ငံတကာသို့အကူအညီ အမေရိကန် အစိုးရဘဏ္ဍာ ဖြတ်တောက်မှုနဲ့ နိုင်ငံတကာသို့အကူအညီ
အမေရိကန်အစိုးရရဲ့ ဘဏ္ဍာရေးအသုံးစရိတ် မဖြစ်မနေ ဖြတ်တောက်မှုတွေ မကြာခင်ကပဲ စတင်အကျုံးဝင်လာပြီ ဖြစ်ပါတယ်။ ဒေါ်လာသန်းပေါင်း ရှစ်သောင်းခွဲ လျှော့ချမယ့်အစီအစဉ်မှာ အစိုးရရဲ့ ပြည်တွင်း အစီအစဉ်တွေအပြင် နိုင်ငံတကာ ဖွံ့ဖြိုးရေး အကူအညီ အစီအစဉ်တွေလည်း လျှော့ချရမှာဖြစ်ပါတယ်။ ဒါပေမယ့်လည်း နိုင်ငံတကာ အကူအညီတွေအပေါ် ထိခိုက်မှုဟာ လူတွေ အကြီးအကျယ် ပြောနေကြသလောက်တော့ စိုးရိမ်စရာ မရှိနိုင်ဘူးဆိုပြီး အကောင်းမြင် မျှော်လင့်သူတွေ အများအပြား ရှိနေကြပါတယ်။ VOA သတင်းထောက် Tatinan Vorozhko သတင်းပေးပို့ထားတာကို ကိုသိန်းထိုက်ဦးက တင်ပြပါလိမ့်မယ်။ အပြည့်အစုံ
 
မဲခေါင်မြစ် ဒေသခံတွေ ရပ်တည်မှု မဲခေါင်မြစ် ဒေသခံတွေ ရပ်တည်မှု
ကီလိုမီတာ ၄၀၀၀ကျော်ရှည်လျားပြီး တနှစ်ကို ငါးတန်ပေါင်း ၂သန်းခွဲထွက်ရှိတဲ့ မဲခေါင်မြစ်ကြောတလျှောက်မှာ နိုင်ငံပေါင်း ၆နိုင်ငံက လူပေါင်း ၆၅သန်းခန့်ဟာ စားနှပ်ရိက္ခာနဲ့ စိုက်ပျိုးရေးအတွက် မှီတင်းနေထိုင်ကြပါတယ်။ အခုအခါမှာတော့ မဲခေါင်မြစ်အတွင်း အရှေ့တောင်အာရှမှာ အကြီးမားဆုံး ရေအား လျှပ်စစ်ထုတ်လုပ်မယ့် ရေကာတာ ဆောက်လုပ်မှာဖြစ်တဲ့အတွက် လျှပ်စစ်ဓါတ်အားအတွက်ပါ မှီတင်းရတော့မှာဖြစ်ပါတယ်။ ဒါပေမဲ့လည်း ဒီမြစ် ကိုအားကိုးပြီး အသက်မွေးဝမ်းကျောင်းပြုနေတဲ့သူတွေအကြားမှာတော့ စိုးရိမ်မှုတွေ ရှိနေတဲ့အကြောင်း ကမ္ဘောဒီးယား နိုင်ငံမြောက်ပိုင်းက ဗွီအိုအေ သတင်းထောက် Say Mony သတင်းပေးပို့ထားတာကို မမေစန္ဒီကပြောပြမှာဖြစ်ပါတယ်။ အပြည့်အစုံ
 
Newest TVs Newest TVs
Newest TVs ( not published yet) အပြည့်အစုံ
 
ရန်ကုန် လုံခြုံရေး အခြေအနေ ရန်ကုန် လုံခြုံရေး အခြေအနေ
အစ္စလမ်ဘာသာရေးကျောင်း တခု မီးလောင်မှုဖြစ်ပွားပြီး ကလေးငယ် ၁၃ ယောက် သေဆုံးပြီးတဲ့နောက် တဲ့နောက် ရန်ကုန်မြို့မှာ လုံခြုံရေးကို ဆက်လက်ပြီး တင်းတင်းကျပ်ကျပ် ချထားပါတယ်။ မြန်မာနိုင်ငံအတွင်း မြို့တချို့မှာ ဘာသာရေးအခြေခံတဲ့ အကြမ်းဖက်မှုတွေ ဖြစ်ပွားပြီး ရက်ပို်င်းအတွင်းမှာဘဲ အခုလို မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့တာပါ။ ဒါကြောင့်လည်း ဒီမီးလောင်မှုကို အကြောင်းပြုရင်း ပဠိပက္ခတွေ ထပ်မံပျံနှံ့သွားမှာကို စိုးရိမ်တာကြောင့် အာဏာပိုင်တွေဘက်က လုံခြုံရေးကို တိုးမြှင့်ချထားတာပါ။ ရန်ကုန်နောက်ဆုံး အခြေအနေကို ကိုအောင်လွင်ဦး က ပြောပြပေးပါလိမ့်မယ်။ အပြည့်အစုံ
 

အကြံပေး၊ ဝေဖန်၊ မေးခွန်းများရှိပါက အီးမေးပေးပို့ရန်။ burmese@voanews.com
Voice of America
330 Independence Ave. SW Suite 3166
Washington, D.C. 20237 USA

No comments:

Post a Comment