ဗွီအိုအေမြန်မာ နေ့စဉ် သတင်းလွှာ ဧပြီလ ၂၀၊ ၂၀၁၃ ဗွီအိုအေမြန်မာသတင်းဌာန၏ နေ့စဉ် နောက်ဆုံးရ မြန်မာ နှင့် နိုင်ငံတကာ သတင်းများ၊ သတင်းဆောင်းပါးများ နဲ့ နေ့စဉ် တီဗွီမဂ္ဂဇင်း/သတင်းလွှာ အစီအစဉ်... |
| မြန်မာ မြန်မာ့လူ့အခွင့်အရေး အမေရိကန်ချီးကျူး အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနမှာ ထုတ်ပြန်တဲ့ လူ့အခွင့်အရေးဆိုင်ရာ နှစ်ပတ်လည် အစီရင်ခံစာမှာ မြန်မာပြည်ရဲ့ လူ့အခွင့်အရေးအခြေအနေ တိုးတက်လာပေမဲ့ စိန်ခေါ်မှုတွေ အများကြီးရှိသေးကြောင်း ဝန်ကြီး Kerry က ပြောပါတယ်။ အပြည့်အစုံ အင်ဒိုနီးရှားသမ္မတ ရှေ့သီတင်းပတ် မြန်မာပြည် သွားမည် အင်ဒိုနီးရှားသမ္မတရဲ့ မြန်မာနိုင်ငံကို လာရောက်မယ့် ခရီးစဉ်ဟာ၂၀၀၆ ခုနှစ်နောက်ပိုင်း ပထမဆုံး နိုင်ငံတော် ဧည့်သည်အဖြစ် ပြည်ပခရီး ဖြစ်ပါတယ်။ အပြည့်အစုံ Texas ပေါက်ကွဲမှု အလောင်းတွေ ထပ်တွေ့ တက္ကဆက်ပြည်နယ် ဓာတ်မြေသြဇာစက်ရုံပေါက်ကွဲမှုအတွင်း ပိတ်မိနေသူတွေကို ကယ်ဆယ်ရေးလုပ်သားတွေက တအိမ်ပြီးတအိမ် လိုက်လံရှာဖွေပြီးနေပါတယ်။ အပြည့်အစုံ နေစွမ်းအင်သုံး ရေစစ် စင်စီနတီ (Cincinnati) တက္ကသိုလ် အဖွဲ့တခုက ဖန်တီးထားတဲ့ ရေစစ်ဟာ စုပ်ယူရရှိတဲ့ ပဋိဇီဝဆေးတွေကို ပြန်ပြီး အသုံးပြုနိုင်အောင်လည်း ပြန် ထုတ်လုပ်ပေးနိုင်ပါတယ်။ အပြည့်အစုံ တရုတ်ကြက်ငှက်တုပ်ကွေး နိုင်ငံတကာအဆင့် စတင်စစ်ဆေး တရုတ်နိုင်ငံမှာ ကြက်ငှက်တုပ်ကွေးကြောင့် လူ ၁၇ ယောက် သေဆုံးခဲ့ပြီး ရောဂါပိုးကူးစက်သူ ၁၀၀ နီးပါး ရှိလာနေပြီဖြစ်ပါတယ်။ အပြည့်အစုံ Boston မြို့ရောက် မြန်မာတွေရဲ့ အတွေ့အကြုံ ဘော့်စတွန်မာရသွန်ပြေးပွဲကို ဗုံးခွဲတိုက်ခိုက်ခဲ့သူအနက် လွတ်မြောက်နေသေးတဲ့ Dzhokar Tsarnaev (၁၉) နှစ်ကို မဖမ်းမိခင် ဒေသခံပြည်သူတွေ အိမ်ပြင်မထွက်ဖို့ တားမြစ်ထားပါတယ်။ အပြည့်အစုံ Boston တိုက်ခိုက်မှုအတွက် သံသယရှိသူတစ်ဦး အသေမိ ဘော့စ်တွန်မာရသွန် အပြေးပြိုင်ပွဲမှာ ဗုံးခွဲတိုက်ခိုက်မှု မသင်္ကာသူ ၂ ဦးထဲက တဦးသေဆုံးပြီး လွတ်မြောက်နေသူကို ဘော်စတွန်မြို့ ဆင်ခြေဖုံးမှာ တအိမ်တက်ဆင်း လိုက်လံ ရှာဖွေနေဆဲ ဖြစ်ပါတယ်။ အပြည့်အစုံ သတင်းမီဒီယာ နဲ့ အစိုးရဆက်ဆံရေး ဧပြီ ၂၀၊ ၂၀၁၃ - သတင်းမီဒီယာ နဲ့ အစိုးရဆက်ဆံရေးအကြောင်း ဒီတပတ် မျက်မှောက်ရေးရာ သတင်းသုံးသပ်ချက်မှာ တင်ပြထားပါတယ်။ အပြည့်အစုံ Time မဂ္ဂဇင်း ရဲ့အကျော်ကြားဆုံး ပုဂ္ဂိုလ် ၁၀၀ စာရင်းထဲမှာ ဒေါ်စု ၄ကြိမ်မြောက် ထပ်မံအရွေးခံရ၊ အမေရိကန်ပြည်ထောင်စု Boston မြို့ မာရသွန်ဗုံးခွဲမှုမှာ တာဝန်ရှိသူလို့ မသင်္ကာသူတဦးကို ရှာဖွေနေဆဲ...စသည် အပြည့်အစုံ လုံခြုံရေးဆိုင်ရာ ကျွမ်းကျင်သူတွေကတော့ လူပေါင်း ၃ ထောင်လောက် သေဆုံးခဲ့တဲ့ ၂၀၀၁ ခုနှစ် စက်တင်ဘာ ၁၁ ရက် အကြမ်းဖက် တိုက်ခိုက်မှု နောက်ပိုင်း၊ အမေရိကန်မှာ ပိုမိုလုံခြုံစိတ်ချလာရတယ်လို့ ဆိုပေမဲ့ လူအများအပြား ထိခိုက်သေကျေခဲ့ရတဲ့ Boston မာရသွန်ပြေးပွဲက ဗုံးပေါက်ကွဲမှုကို ကြည့်မယ် ဆိုရင်တော့ အရပ်သားတွေကို ပစ်မှတ်ထား တိုက်ခိုက်တာတွေကို အကာအကွယ်ပေးဖို့ကတော့ မလွယ်တာကို တွေ့ရတယ်လို့ ဆိုကြပါတယ်။ ဒီအကြောင်း ဗွီအိုအေသတင်းထောက် Meredith Buel သတင်းပေးပို့ထားတာကို ကိုကျော်သိင်္ခက ပြောပြပေးမှာပါ။ အပြည့်အစုံ . အပြည့်အစုံ ရုပ်ရှင်ကနေ ကွန်ပျူတာကစားနည်းတွေအထိ ကြည့်ရှုကြ၊ ကစားသူတွေဟာ သရီးဒီ လို့ ခေါ်တဲ့ သုံးဘက်မြင် ရုပ်လုံးကြွ ပုံရိပ်တွေ အပါအဝင် ကွန်ပျူတာနဲ့ ထုတ်လုပ်တဲ့ ဗွီဒီယိုတွေကို ပိုပြီး နှစ်သက်လာကြပါတယ်။ လော့စ်အိန်ဂျလိစ်မြို့မှာ ဒီပညာရပ်ကို အဆင့်မြှင့်ဖို့ ကြိုးစားနေတဲ့ အဖွဲ့တဖွဲ့ရှိပါတယ်။ သူတို့က သရီးဒီ နည်းပညာကို ဖြော်ဖြေရေးနယ်ပယ်ကနေ စီးပွားရေးနဲ့ ပညာရေးနယ်ပယ်ဆီအထိ ဆွဲခေါ် မိတ်ဆက် ပေးဖို့ ကြိုးစားနေကြပါတယ်။ ဒီအကြောင်းကိုတော့ Elizabeth Lee က ဗွီအိုအေအတွက် သတင်းပေးပို့ထားတာကိုတော့ မခွာညိုက ပြောပြပေးပါမယ်။ အပြည့်အစုံ ၂၀၁၃ခုနှစ်ဧပြီလ၂၀ရက်စနေနေ့ မြန်မာနိုင်ငံဆိုင်ရာသတင်းများကို စုစည်းတင်ဆက်ထားပါတယ်။ အပြည့်အစုံ |
| အကြံပေး၊ ဝေဖန်၊ မေးခွန်းများရှိပါက အီးမေးပေးပို့ရန်။ burmese@voanews.com
|
| Voice of America 330 Independence Ave. SW Suite 3166 Washington, D.C. 20237 USA |
မြန်မာ့လူ့အခွင့်အရေး အမေရိကန်ချီးကျူး
အင်ဒိုနီးရှားသမ္မတ ရှေ့သီတင်းပတ် မြန်မာပြည် သွားမည်
Texas ပေါက်ကွဲမှု အလောင်းတွေ ထပ်တွေ့
နေစွမ်းအင်သုံး ရေစစ်
တရုတ်ကြက်ငှက်တုပ်ကွေး နိုင်ငံတကာအဆင့် စတင်စစ်ဆေး
Boston မြို့ရောက် မြန်မာတွေရဲ့ အတွေ့အကြုံ
Boston တိုက်ခိုက်မှုအတွက် သံသယရှိသူတစ်ဦး အသေမိ
သတင်းမီဒီယာ နဲ့ အစိုးရဆက်ဆံရေး
No comments:
Post a Comment