Saturday, April 27, 2013

ဗွီအိုအေမြန်မာ နေ့စဉ် သတင်းလွှာ - ဧပြီလ ၂၇၊ ၂၀၁၃

ဗွီအိုအေမြန်မာ နေ့စဉ် သတင်းလွှာ
 
ဗွီအိုအေမြန်မာ နေ့စဉ် သတင်းလွှာ
ဧပြီလ ၂၇၊ ၂၀၁၃

ဗွီအိုအေမြန်မာသတင်းဌာန၏ နေ့စဉ် နောက်ဆုံးရ မြန်မာ နှင့် နိုင်ငံတကာ သတင်းများ၊ သတင်းဆောင်းပါးများ နဲ့ နေ့စဉ် တီဗွီမဂ္ဂဇင်း/သတင်းလွှာ အစီအစဉ်...

 
မြန်မာ

မဲန်ယူကစားသမား ဟောင်းတွေ မြန်မာပြည် ရောက် မဲန်ယူကစားသမား ဟောင်းတွေ မြန်မာပြည် ရောက်
ကမ္ဘာကျော် မဲန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ဂန္တဝင်ကစားသမားဟောင်းကြီးတွေဟာ မြန်မာနိုင်ငံမှာရောက်နေပြီး ချစ်ကြည်ရေးရန်ပုံငွေပွဲ ကစားကြပါလိမ့်မယ်။ အပြည့်အစုံ
 
မြန်မာနဲ့ စစ်ဘက်ဆက်ဆံရေး ဆီးနိတ်အမတ် သတိပေး မြန်မာနဲ့ စစ်ဘက်ဆက်ဆံရေး ဆီးနိတ်အမတ် သတိပေး
မြန်မာနိုင်ငံမှာ တိုးတက်မှုတွေရှိနေပေမဲ့ စစ်ရေးအရဆက်ဆံမှုကိုတော့ သတိထားသင့်တယ်လို့ အမေရိကန် ဆီးနိတ်အမတ် Benjamin Cardin ကပြောလိုက်ပါတယ်။ အပြည့်အစုံ
 
လက်ပံတောင်းမှာ ရဲနဲ့ရွာသား ဆက်လက်တင်းမာ လက်ပံတောင်းမှာ ရဲနဲ့ရွာသား ဆက်လက်တင်းမာ
ကြေးနီစီမံကိန်းနယ်မြေ သိမ်းယူသည့်နေရာကို ထွန်ယက်ရန်ကြိုးစားသူတွေကို ဖမ်းဆီးထားရာက ပြန်လွှတ်ပေးဖို့ ရဲစခန်းအထိ သွားရောက်မယ့် တောင်းဆို ဆန္ဒပြသူတွေကို ရဲတပ်ဖွဲ့ဝင်တွေက တားမြစ်ထားပါတယ်။ အပြည့်အစုံ
 
 တောင်တရုတ်ပင်လယ် အငြင်းပွားမှု အာဆီယံမူကို မြန်မာလက်ခံ တောင်တရုတ်ပင်လယ် အငြင်းပွားမှု အာဆီယံမူကို မြန်မာလက်ခံ
တောင်တရုတ်ပင်လယ်ပြင်အငြင်းပွားမှု အာဆီယံအဖွဲ့နဲ့တသားတည်းရပ်တည်သွားမယ်လို့ သမ္မတဦးသိန်းစိန်က ဘရူနိုင်းမှာကျင်းပနေတဲ့ အာဆီယံ ထိပ်သီးအစည်းအဝေးမှာ ပြောပါတယ်။ အပြည့်အစုံ
 
ရခိုင်ဒုက္ခသည်တွေအတွက် ကုလကနောက်ထပ် ဒေါ်လာ ၅ သန်းလှူ ရခိုင်ဒုက္ခသည်တွေအတွက် ကုလကနောက်ထပ် ဒေါ်လာ ၅ သန်းလှူ
ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက် ဆူပူမှုတွေကနေ ထွက်ပြေး တိမ်းရှောင်နေကြတဲ့ လက်ကျန်ဒုက္ခသည် ၆ သောင်း ၉ ထောင်အတွက် ကုလ အရေးပေါ်ကယ်ဆယ်ရေး ရန်ပုံငွေဌာနက အမေရိကန်ဒေါ်လာ ၅ သန်း ထပ်မံလှူပါတယ်။ အပြည့်အစုံ
 
နိုင်ငံတကာ

ဆီရီးယားအပေါ် ကိုင်တွယ်ပုံ ပြောင်းသွားနိုင်လို့ အိုဘားမားပြော ဆီရီးယားအပေါ် ကိုင်တွယ်ပုံ ပြောင်းသွားနိုင်လို့ အိုဘားမားပြော
ဆီးရီးယားအစိုးရက ပြည်သူတွေအပေါ် ဓာတုလက်နက်တွေ အသုံးပြု တိုက်ခိုက်နေတာမှန်ရင် ၂ နှစ်ကြာပြည်တွင်းပဋိပက္ခအပေါ် အမေရိကန်ရဲ့ ချဉ်းကပ်မှု ပြောင်းလဲသွားနိုင်ကြောင်း အမေရိကန်သမ္မတ Obama ကပြောလိုက်ပါတယ်။ အပြည့်အစုံ
 
 ဘော်စတွန် ဗုံးခွဲသူ ထောင် ဆေးရုံပြောင်း ဘော်စတွန် ဗုံးခွဲသူ ထောင် ဆေးရုံပြောင်း
ဘော်စတွန် မာရသွန်ပြိုင်ပွဲ ဗုံးဖောက်ခွဲမှုမှာ သံသယရှိထားသူ ဂျိုဟာ စနိုင်းရက်ဖ် ကို စစ်ဆေးမေးမြန်းမှုတွေ ဆက်လုပ်နေ သလို ထောင်ဆေးရုံတခုကိုလည်း ရွှေ့ပြောင်း လိုက်ပါပြီ။ အပြည့်အစုံ
 
ဓာတုလက်နက်တွေ ဆီးရီးယား သုံးနေသလား ဓာတုလက်နက်တွေ ဆီးရီးယား သုံးနေသလား
ဆီးရီးယားအစိုးရက သူပုန်တပ်ဖွဲ့တွေအပေါ် ဓာတုလက်နက်တွေ အသုံးပြုခဲ့တဲ့ အထောက်အထားတွေ တဖြည်းဖြည်း များလာနေကြောင်း ဗြိတိသျှဝန်ကြီးချုပ် David Cameron က ပြောပါတယ်။ အပြည့်အစုံ
 
ကေဆွန်း စက်မှုဇုန်မှ တောင်ကိုရီးယားလုပ်သားများကို ပြန်ခေါ်တော့မည် ကေဆွန်း စက်မှုဇုန်မှ တောင်ကိုရီးယားလုပ်သားများကို ပြန်ခေါ်တော့မည်
မြောက်ကိုရီးယားမှာ Kaesong စက်မှုဇုန်မှာ ပိတ်မိနေတဲ့ တောင်ကိုရီးယား အလုပ်သမားတွေ ပြန်လာချိန်တန်ပြီလို့ ၂ နိုင်ငံအရေး တိုင်တွယ် ဆောင်ရွက်နေ တဲ့ တောင်ကိုရီးယား အရာရှိတွေက ပြောပါတယ်။ အပြည့်အစုံ
 
သတင်းသုံးသပ်ချက်

အရှေ့ တောင်ပိုင်းက မြေယာသိမ်းပိုက်မှုများ အရှေ့ တောင်ပိုင်းက မြေယာသိမ်းပိုက်မှုများ
ဧပြီ ၂၇၊ ၂၀၁၃ - အစိုးရက ပြုပြင်ရေးလုပ်နေပေမယ့် မြေယာသိမ်းယူမှုနဲ့ အဓမ္မရွှေ့ ပြောင်းမှုတွေ ရှိနေဆဲဖြစ်ကြောင်း ရေးထားတဲ့ အစီရင်ခံစာကို သုံးသပ်တင်ပြထားပါတယ်။ အပြည့်အစုံ
 
တီဗွီ

နေ့စဉ်တီဗွီသတင်းလွှာ (၀၄-၂၇-၂၀၁၃) နေ့စဉ်တီဗွီသတင်းလွှာ (၀၄-၂၇-၂၀၁၃)
အမေရိကန်ပို့မယ့် မြန်မာကုန်ပစ္စည်းတွေ အခုနှစ်မကုန်ခင် အခွန်ကင်းလွတ်ခွင့်ရနိုင်ငံ အမေရိကန်ကုန်သွယ်ရေးအရာရှိပြော၊ လက်ပန်းတောင်းအရေးမှာ ရဲ နဲ့ ဒေသခံတွေတင်းမာမှုဖြစ်ပွား၊ တောင်တရုတ်ပင်လယ်ကိစ္စမှာ အာဆီယံ နဲ့ အတူရပ်တည် သွားမည်ဟု မြန်မာပြော .... စသည်။ အပြည့်အစုံ
 
ဗွီဒီယိုသတင်း

နိုင်ငံရေး နဲ့ ဘောလုံးအားကစား နိုင်ငံရေး နဲ့ ဘောလုံးအားကစား
နိုင်ငံရေး နဲ့ ဘောလုံးအားကစား အပြည့်အစုံ
 
ကူးသန်းရောင်းဝယ်ရေး အထူးသံနဲ့ မေးမြန်းခန်း ကူးသန်းရောင်းဝယ်ရေး အထူးသံနဲ့ မေးမြန်းခန်း
မြန်မာနိုင်ငံကို အမေရိကန်ပြည်ထောင်စုရဲ့ ကုန်သွယ်ရေးဆိုင်ရာ အထူးအကျိုးခံစားခွင့် Generalized System of Preferences (GSP) အဆင့်အတန်း သတ်မှတ်ပေးတာဟာ မြန်မာနိုင်ငံမှာ လုပ်ဆောင်နေ တဲ့ ပြုပြင်ပြောင်းလဲရေးတွေ အတွက် တွန်းအားပေးတဲ့ နည်းလမ်းတစ်ရပ်ဖြစ်တယ် လို့ မြန်မာနိုင်ငံ ကို ရောက်ရှိနေတဲ့ အမေရိကန်သမ္မတ အိုးဘားမားရဲ့ စီးပွားရေးနဲ့ ကူးသန်းရောင်း ၀ယ်ရေးဆိုင်ရာ အထူးသံတမန် Demetrios Marantis) က ပြောဆိုလိုက်ပါတယ်။ ရန်ကုန်မြို့ American Center မှာ၊ သမ္မတ အိုးဘားမားရဲ့ အထူးသံတမန် Demetrios Marantis ကို၊ VOA မြန်မာပိုင်း အစီစဉ်က ဦးရော်နီညိမ်း က သီးသန့်တွေ့ဆုံ မေးမြန်းထားပါတယ်။ အပြည့်အစုံ
 
စနေနေ့ မြန်မာတီဗွီသတင်း စနေနေ့ မြန်မာတီဗွီသတင်း
၂၀၁၃ ခုနှစ် ဧပြီလ ၂၇ ရက် စနေနေ့ မြန်မာနိုင်ငံဆိုင်ရာသတင်းများ ကို စုစည်းတင်ဆက်ထားပါတယ်။ အပြည့်အစုံ
 
တောင်တရုပ်ပင်လယ်အရေး အာဆီယံ ရပ်တည်ချက် တောင်တရုပ်ပင်လယ်အရေး အာဆီယံ ရပ်တည်ချက်
တောင်တရုတ်ပင်လယ်ပြင်တွင်း နယ်မြေပိုင်ဆိုင်မှုအတွက် တရုတ်နိုင်ငံနဲ့ အငြင်းပွားမှုတွေမှာ အရှေ့တောင်အာရှ နိုင်ငံများအသင်း (Asean) မူနဲ့ တသားတည်း ရပ်တည်သွားမှာ ဖြစ်တဲ့အကြောင်း ဘရူနိုင်းနိုင်ငံမှာ ကျင်းပနေတဲ့ ထိပ်သီးအစည်းအဝေးအတွင်း သမ္မတဦးသိန်းစိန် ကပြောလိုက်ပါတယ်။ ဒါဟာဆိုရင် တရုတ်နိုင်ငံနဲ့ အာဆီယံ အသင်းဝင် နိုင်ငံတချို့ကြား မပြေမလည်ဖြစ်နေရတဲ့ ကိစ္စမှာ မြန်မာအစိုးရက သူ့ရဲ့ရပ်တည်ချက်ကို သိသိသာသာ ပြောဆိုလိုက်တာလည်း ဖြစ်ပါတယ်။ အပြည့်အစုံကိုတော့ ကိုအောင်လွင်ဦး ကပြောပြပေးမှာ ဖြစ်ပါတယ်။ အပြည့်အစုံ
 
ထိုင်း၊ မြန်မာ၊ အမေရိကန် ငှက်ဖျားတိုက်ဖျက်ရေး ထိုင်း၊ မြန်မာ၊ အမေရိကန် ငှက်ဖျားတိုက်ဖျက်ရေး
ထိုင်း၊ မြန်မာ အမေရိကန်ပြည်ထောင်စုအကြား ဆေးမတိုးတော့တဲ့ ငှက်ဖျားရောဂါတွေ ပပျောက်ရေး သုံးနိုင်ငံ အစီအစဉ်သစ်တခု စတင်တဲ့ အခမ်းအနားကို မနေ့က ဘန်ကောက်မြို့မှာ ဖွင့်လှစ်ပါတယ်။ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး၊ ထိုင်း အစိုးရအဖွဲ့ အမြဲတမ်း အတွင်းဝန်နဲ့ ထိုင်းနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီးတို့ အခမ်းအနားကို တက်ရောက်ခဲ့ပါတယ်။ ဒီလို သုံးနိုင်ငံ ငှက်ဖျားရောဂါတိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်ဖို့ ပြီးခဲ့တဲ့နှစ်က အမေရိကန် သမ္မတအိုဘားမားရဲ့ ခရီးစဉ်အတွင်းမှာ နားလည်မှု သဘောတူ စာချွန်လွှာ လက်မှတ်ရေးထိုးခဲ့တာပါ။ VOA သတင်းထောက် Daniel Schearf သတင်းပေးပို့ထားတာကို ကိုသိန်းထိုက်ဦးက တင်ပြပေးပါလိမ့်မယ်။ အပြည့်အစုံ
 

အကြံပေး၊ ဝေဖန်၊ မေးခွန်းများရှိပါက အီးမေးပေးပို့ရန်။ burmese@voanews.com
Voice of America
330 Independence Ave. SW Suite 3166
Washington, D.C. 20237 USA

No comments:

Post a Comment