ဗွီအိုအေမြန်မာ နေ့စဉ် သတင်းလွှာ ဧပြီလ ၁၀၊ ၂၀၁ ၃ ဗွီအိုအေမြန်မာသတင်းဌာန၏ နေ့စဉ် နောက်ဆုံးရ မြန်မာ နှင့် နိုင်ငံတကာ သတင်းများ၊ သတင်းဆောင်းပါးများ နဲ့ နေ့စဉ် တီဗွီမဂ္ဂဇင်း/သတင်းလွှာ အစီအစဉ်... |
မြန်မာ ![]() "အသွင်ကူးပြောင်းရေးဆိုတာ ရေရှည်သွားရတဲ့ လုပ်ငန်းစဉ်ပါ။ အောင်မြင်မှု ရှိ မရှိဆိုတာကိုတော့ လာမယ့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲနဲ့ တိုင်းတာရပါလိမ့်မယ်" အပြည့်အစုံ ![]() "အခုလို တိုးတက်မှုတွေဟာ ၂၀၁၁ ခုနှစ် အစိုးရသစ် တက်လာခဲ့တဲ့နောက်ပိုင်း စီးပွားရေးအပါအ၀င် ပြုပြင်ပြောင်းလဲမှုတွေ လုပ်ခဲ့တာရဲ့ အကျိုးဆက်ဖြစ်တယ်လို့ ဆိုပါတယ်။" အပြည့်အစုံ ![]() “ဖြစ်တဲ့ဖြစ်စဉ်အားလုံးကတော့ အစိုးရစစ်တပ်ရဲ့ စစ်ကြောင်းလှုပ်ရှားမှုတွေကြောင့်ပါ။ သူတို့ရဲ့ ရှေ့တန်းတွေမှာ ညွှန်ကြားနေတဲ့ အချက်တွေက ဘာလဲဆိုတော့ KIA တပ်စခန်းတွေနဲ့ အနီးကပ်ဆုံး နေရာယူထားရမယ်ဆိုတဲ့ ညွှန်ကြားချက်ရှိတယ်ခင်ဗျ" အပြည့်အစုံ ![]() "ကြန့်ကြာနေတဲ့ အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ပြန်အသက်သွင်းနိုင်ဖို့ သူတို့ ၂ ဦးလုံး စိတ်ပိုင်းဖြတ်ထားကြောင်း ပြောသွားပြီး၊ အဲ့ဒါကို အောင်မြင်အောင် အတွက် သေချာ အားစိုက်ထုတ် လုပ်ဆောင်ဖို့လည်း" အပြည့်အစုံ ![]() "အခုလို မြောက်ကိုရီးယားရဲ့ ခြိမ်းခြောက်မှုတွေဟာ မြောက်ကိုရီးယားကို ပိုပြီး အထီးကျန်ဖြစ်စေလိမ့်မယ်လို့ အမေရိကန် သမ္မတ အိမ်ဖြူတော် ပြောခွင့်ရသူ Jay Carney က တုံ့ပြန်ပါတယ်" အပြည့်အစုံ ![]() "မိသားစုရဲ့ ဆန္ဒအရ ဈာပနအခမ်းနားကို St. Paul's Cathedral ဘုရားရှိခိုး ကျောင်းကြီးမှာ ကျင်းပမှာဖြစ်ပြီး စစ်အခမ်းအနားနဲ့ ဂုဏ်ပြုမှာ ဖြစ်တယ်လို့ အစိုးရကထုတ်ပြန်ကြေညာလိုက်ပါတယ်" အပြည့်အစုံ ![]() "ကမ္ဘာလှည့်ခရီးသွားတွေ၊ တောင်ကိုရီးယားမှာ စီးပွားရေး လာရောက် လုပ်ကိုင်နေ သူတွေအနေနဲ့ သူတို့ရဲ့ ဘေးကင်း လုံခြုံစိတ်ချဖို့အတွက် ဆိုးလ်မြို့နဲ့ တောင်ကိုရီးယားကနေ ပြောင်းရွှေ့ကြဖို့ မြောက်ကိုရီးယား အစိုးရရဲ့ အာရှ-ပစိဖိတ်ငြိမ်းချမ်းရေးကော်မတီက သတင်းထုတ်ပြန်" အပြည့်အစုံ ![]() ဒီတပတ် ဝါရှင်တန်ဒီစီ မြို့တော်ရဲ့ နိုင်ငံရေးအသိုင်းအဝိုင်းအတွင်း အဓိက ဆွေးနွေးဖွယ် ရှိနေတာတွေကတော့ ဧပြီလ ၁၀ ရက်နေ့မှာ ကြေညာမယ့် အမေရိကန်အစိုးရရဲ့ ၂၀၁၄ ခုနှစ် အသုံးစရိတ် ဘတ်ဂျက်စာရင်းနဲ့ ဝင်ငွေခွန် ကောက်ခံမှု ပြုပြင်ပြောင်းလဲရေး ကိစ္စတွေပဲဖြစ်ပါလိမ့်မယ်။ အပြည့်အစုံ အခွန်စနစ်ခိုင်မာဖို့ ဒေါ်စုအကြံပေး၊ ရှမ်းပြည်မြောက်ပိုင်းမှာ KIO နဲ့  မြန်မာတပ်တွေတိုက်ပွဲတွေဖြစ်ပွား၊ မြောက်နှင့်တောင်ကိုရီးယား စစ်ရေးတင်းမာမှု ........ စသည် အပြည့်အစုံ ၂၀၁၃ခုနှစ်ဧပြီလ၁၀ရက်ဗုဒ္ဓဟူးနေ့ မြန်မာနိုင်ငံဆိုင်ရာသတင်းများကိုစုစည်းတင်ဆက်ထားပါတယ်။ အပြည့်အစုံ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး John Kerry ဟာ အခုသီတင်းပတ် နှောင်းပိုင်း အာရှတိုက်ကို သွားရောက်ဖို့ ရှိပါတယ်။ မြောက်ကိုရီးယားဘက်က ခြိမ်းခြောက်ရန်စတဲ့ လုပ်ရပ်တွေကို ရပ်ဆိုင်းပြီး ဆွေးနွေး ညှိ့နိုင်းလာဖို့အတွက် တွန်းအားပေးမယ့် ခရီးစဉ်တခုအဖြစ် လေ့လာသူတွေက သတ်မှတ်ထားပါတယ်။ ဒီခရီးစဉ်အတွင်း အမေရိကန်ပြည်ထောင်စုအနေနဲ့ တရုတ်တို့ထံက ဘာတွေကို မျှော်လင့်ထားသလဲဆိုတာနဲ့ ပတ်သက်လို့ ဗွီအိုအေ နိုင်ငံခြားရေးဌာနသတင်းထောက် Scott Sterns က သတင်းပေးပို့ထားပါတယ်။ ကိုဇော်ဝင်းလှိုင်က အပြည့်အစုံကို တင်ပြပေးပါမယ်။ အပြည့်အစုံ ဆောင်းရာသီ ကုန်ပြီဆိုတာနဲ့ ၀ါရှင်တန်မြို့တော်မှာတော့ နှစ်စဉ်ကျင်းပလေ့ရှိတဲ့ ချယ်ရီပွဲတော် ကျင်းပဖို့ ပြင်ဆင်နေပါပြီ၊ အမေရိကန် ပြည်ထောင်စုတ၀ှမ်းက လူတွေအပြင်၊ နိုင်ငံတကာက ခရီးသွားတွေလည်း ချယ်ရီပွဲတော်အမှီ ၀ါရှင်တန်မြို့တော်ကို ရောက်လာတတ်ကြပါတယ်။ မသိဂီထိုက်က တင်ပြပါလိမ့်မယ်။ အပြည့်အစုံ ပင်လယ်ဝါဒေသဟာ တောင်နဲ့ မြောက်ကိုရီးယား နှစ်နိုင်ငံ စစ်ရေးအရ ထိပ်တိုက်ရင်ဆိုင် ဆုံတွေ့နိုင်တဲ့နေရာဖြစ်ပါတယ်။ ၂ နိုင်ငံအကြား ထိပ်တိုက်ရင်ဆိုင်တွေ့ဆုံမှုတွေ ဖြစ်ပွါးခဲ့တဲ့ အချိန် ၂၀၁၀ ခုနှစ်အတွင်းကလည်း မြောက်ကိုရီးယားဘက်က တောင်ကိုရီးယားပိုင် ကျွန်းတကျွန်းကို ဝေဟင်ပစ် အမြှောက်နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။ အခု နှစ်နိုင်ငံအကြား စစ်ရေးတင်းမာမှုတွေ ပေါ်လာချိန်မှာ ဒီဒေသအတွင်း နေထိုင်ကြသူတွေကတော့ ဖြစ်ပေါ်လာနိုင်တဲ့ အခြေအနေနဲ့ ပါတ်သတ်ပြီး စိုးရိမ်ပူပန်နေကြပါတယ်။ VOA သတင်းထောက် Jason Strother - Baengn Yeong ကျွန်းက သတင်းပေးပို့ထားတာကို ကိုအောင်အောင်က ပြောပြပါလိမ့်မယ်။ အပြည့်အစုံ မြန်မာနိုင်ငံမှာ နိုင်ငံရေး၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာဖို့ဆိုရင် အစိုးရဘဏ္ဍာအတွက် အဓိက ၀င်ငွေတခုဖြစ်သလို၊ လူထုအတွက် ၀န်ဆောင်မှု ပေးနိုင်မယ့် အခွန် စနစ်တရပ်ကို ခိုင်ခိုင်မာမာ ဖန်တီးနိုင်ဖို့ လိုတဲ့အကြောင်း NLD ပါတီဥက္ကဋ္ဌ လည်းဖြစ်ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် တဦးလည်းဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည် က မနေ့ကလွှတ်တော် တာဝန်ရှိသူတွေ၊ စီးပွားရေး လုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံချိန် မှာပြောဆိုပါတယ်။ အပြည့်အစုံကို ကိုကျော်သိင်္ခက ပြောပြပါလိမ့်မယ်။ အပြည့်အစုံ |
အကြံပေး၊ ဝေဖန်၊ မေးခွန်းများရှိပါက အီးမေးပေးပို့ရန်။ burmese@voanews.com
|
Voice of America 330 Independence Ave. SW Suite 3166 Washington, D.C. 20237 USA |

No comments:
Post a Comment