Tuesday, April 9, 2013

ဗွီအိုအေမြန်မာ နေ့စဉ် သတင်းလွှာ - ဧပြီလ ၀၉၊ ၂၀၁၃

ဗွီအိုအေမြန်မာ နေ့စဉ် သတင်းလွှာ
 
ဗွီအိုအေမြန်မာ နေ့စဉ် သတင်းလွှာ
ဧပြီလ ၀၉၊ ၂၀၁၃

ဗွီအိုအေမြန်မာသတင်းဌာန၏ နေ့စဉ် နောက်ဆုံးရ မြန်မာ နှင့် နိုင်ငံတကာ သတင်းများ၊ သတင်းဆောင်းပါးများ နဲ့ နေ့စဉ် တီဗွီမဂ္ဂဇင်း/သတင်းလွှာ အစီအစဉ်...

 
မြန်မာ

ရှမ်းဒုက္ခသည်တွေ နေရပ် မပြန်နိုင်သေး ရှမ်းဒုက္ခသည်တွေ နေရပ် မပြန်နိုင်သေး
"ဒုက္ခသည်တွေ လာနေတုန်းပဲဗျ။ ၅ ရက်နေ့တုန်းက စစ်ကြောင်းက လူထုကို ပေါ်တာဆွဲပြီးတော့ သွားလှုပ်ရှားတယ်ပေါ့ဗျာ။ အဲ့ဒီမှာ မိုင်းနင်းမိတော့ အစိုးရဘက်က လူလည်းသေတယ်။ လူထုလည်း တစ်ယောက်သေတယ်။ အဲ့တာကြောင့် ပြန်ဖို့နေနေသာသာ အခု တန့်ယန်းမြို့ကို ထပ်ရောက်လာတယ်ပေါ့" အပြည့်အစုံ
 
ငြိမ်းချမ်းရေးဆွေးနွေးပွဲ အမြန်လုပ်ဖို့ ကချင်ဒေသခံတွေလိုလား ငြိမ်းချမ်းရေးဆွေးနွေးပွဲ အမြန်လုပ်ဖို့ ကချင်ဒေသခံတွေလိုလား
"ပြည်သူလူထုကို သက်သေထားပြီး ဆောင်ရွက်ရင် ပိုပြီးမှ ကောင်းမယ်လို့ ကျမ မြင်ပါတယ်။ နိုင်ငံတကာက လာရောက်ပြီး နားထောင်မယ်ဆိုတာ လည်း ကောင်းပါတယ်။ ဒါပေမဲ့ သူတို့မရောက်လို့ ဆွေးနွေးပွဲ မလုပ်နိုင်ဘူး ဆိုတာကတော့ ပြည်သူလူထုနဲ့ ဒုက္ခသည်တွေအတွက် နစ်နာပါတယ်" အပြည့်အစုံ
 
နိုင်ငံတကာ

ကဗျာဆရာကြီး Neruda သေဆုံးမှု ပြန်လည်စစ်ဆေးမည် ကဗျာဆရာကြီး Neruda သေဆုံးမှု ပြန်လည်စစ်ဆေးမည်
"ချီလီနိုင်ငံက အာဏာရှင် Augusto Pinochet လက်ထက်မှာ သူဟာ အဆိပ်ခတ် ခံခဲ့ရတယ်ဆိုတဲ့ ပြောဆိုမှုတွေ ထွက်ပေါ်အပြီး အခုလို ပြန်လည် တူးဖော်တာပါ။" အပြည့်အစုံ
 
အမေရိကန်သံတမန် မှတ်တမ်းများ WikiLeaks ဖော်ပြ အမေရိကန်သံတမန် မှတ်တမ်းများ WikiLeaks ဖော်ပြ
"၂၀၁၀ ခုနှစ်တုန်းက ပေါက်ကြားခဲ့တဲ့ သံတမန် လျို့ ဝှက် အချက်အလက်ပေါင်း ၂ သိန်းခွဲကိုလည်း ရှာဖွေနိုင်မှာပါ။ အမေရိကန် နိုင်ငံခြားရေးဌာနကတော့ ဒီကိစ္စအပေါ် တုံ့ပြန်ပြောဆိုဖို့ ငြင်းဆိုထားပြီး စောင့်ကြည့်နေဆဲ ဖြစ်တဲ့ အကြောင်း ပြောဆို" အပြည့်အစုံ
 
မာဂရက်သက်ချာနဲ့ နိုင်ငံတကာ အမှတ်ရမှုများ မာဂရက်သက်ချာနဲ့ နိုင်ငံတကာ အမှတ်ရမှုများ
"နိုင်ငံတော် စစ်တပ်နဲ့ ဂုဏ်ပြုမယ့် ဈာပန အခမ်းအနားနဲ့အတူ ရုပ်အလောင်းကို လန်ဒန်မြို့ လမ်းမတွေပေါ်ကနေ စိန့်ပေါလ်ဘုရားကျောင်းအထိ စီတန်း လှည့်လည်သွားဖို့ အစီအစဉ်ကိုလည်း ဘုရင်မကြီးက အတည်ပြုပေးခဲ့" အပြည့်အစုံ
 
စက်မှုဇုန်ကအလုပ်သမားတွေ မြောက်ကိုရီးယားပြန်ခေါ် စက်မှုဇုန်ကအလုပ်သမားတွေ မြောက်ကိုရီးယားပြန်ခေါ်
"မြောက်ကိုရီးယားအစိုးရက တောင်ကိုရီးယားနဲ့ ပူးတွဲလုပ်ဆောင်နေတဲ့ Kaesong စက်မှုဇုန်ကနေ သူ့ရဲ့ နိုင်ငံသား အလုပ်သမား ၅ သောင်းကျော်ကို ပြန်လည်ခေါ်ယူ လိုက်ပါတယ်" အပြည့်အစုံ
 
ဗြိတိသျှ ဝန်ကြီးချုပ်ဟောင်း မာဂရက်သက်ချာ ကွန်လွန် ဗြိတိသျှ ဝန်ကြီးချုပ်ဟောင်း မာဂရက်သက်ချာ ကွန်လွန်
ဗြိတိန်နိုင်ငံရဲ့ သက်တမ်းအကြာဆုံးနဲ့ တစ်ဦးတည်းသော အမျိုးသမီးဝန်ကြီးချုပ် ဖြစ်ခဲ့သူ မစ္စက်စ် မာဂရက်သက်ချာ အသက် ၈၇ ခုနှစ်အရွယ်မှာ ကွယ်လွန်ခဲ့ပါပြီ။ အပြည့်အစုံ
 
တီဗွီ

နေ့ စဉ်တီဗွီသတင်းလွှာ(၀၄-၀၉ -၂၀၁၃) နေ့ စဉ်တီဗွီသတင်းလွှာ(၀၄-၀၉ -၂၀၁၃)
မန်မာအစိုးရ သမ္မတ ဦးသိန်းစိန် (Boao Fourm) အာရှဒေသဆိုင်ရာ စီးပွားရေး ညီလာခံမှာ ပြောကြားတဲ့ မိန့်ခွန်း၊ ရှမ်းတိုင်းရင်းသား ဒုက္ခသည်တွေ နေရပ်စွန့်ခွာ ထွက်ပြေးနေတဲ့ သတင်းတွေနဲ့ မျိုးဆက်သစ် ရှမ်းလူမှု အထောက်အကူပြုအဖွဲ့ဝင် ဦးညီညီမိုးနဲ့ ဗွီအိုအေ မေးမြန်းခန်း၊ ကိုရီယားကျွန်းဆွယ် စစ်ရေးတင်းမာမှုတွေနဲ့ နိုင်ငံတကာရဲ့ တုန့်ပြန်မှုအကြောင်း တွေကို ရှု့စားကြရမှာပါ။ အပြည့်အစုံ
 
အင်္ဂလိပ်စာ သင်ခန်းစာ

Day စကားလုံးဆိုင်ရာ အီဒီယအသုံးအနှုန်းများ Day စကားလုံးဆိုင်ရာ အီဒီယအသုံးအနှုန်းများ
ဧပြီ ၈၊ ၂၀၁၃ - ဒီတပတ် red letter day, call it a day, bad hair day နဲ့ gone for the day စတဲ့ အသုံးအနှုန်းများကို တင်ပြထားပါတယ်။ အပြည့်အစုံ
 
ဗွီဒီယိုသတင်း

အီရတ်စစ်ပွဲ ဆယ်နှစ်အကြာ အီရတ်စစ်ပွဲ ဆယ်နှစ်အကြာ
အီရတ်နိုင်ငံ ဘက်ဂဒက်မြို့လည်ခေါင်မှာ ထားခဲ့တဲ့ ဆာဒန်ဟူစိန်ရဲ့ ရုပ်ထုကို ဖြုတ်ချပြီး အီရတ်နိုင်ငံသစ် စတင်တည်ထောင်ခဲ့တာ အခုဆိုရင် ၁၀ နှစ် ပြည့်သွားခဲ့ပြီဖြစ်ပါတယ်။ အီရတ်စစ်ပွဲကာလအတွင်းနဲ့ စစ်ပြီးကာလမှာ အီရတ်နိုင်ငံဆိုင်ရာ သတင်းတွေ လိုက်လံစုံစမ်းသတင်းပေးပို့ခဲ့တဲ့ VOA သတင်းထောက် Scott Bobb က မကြာသေးခင်က အီရတ်နိုင်ငံကို သွားရောက်ပြီး ဆယ်နှစ်ပြည့် အခြေအနေကို လေ့လာခဲ့ပါတယ်။ ဒေါ်ညိုညိုက တင်ပြပါလိမ့်မယ်။ အပြည့်အစုံ
 
အင်္ဂါနေ့ မြန်မာတီဗွီသတင်းများ အင်္ဂါနေ့ မြန်မာတီဗွီသတင်းများ
၂၀၁၃ခုနှစ်ဧပြီလ၉ ရက်အင်္ဂါနေ့ မြန်မာနိုင်ငံဆိုင်ရာသတင်းများကိုစုစည်းတင်ဆက်ထားပါတယ်။ အပြည့်အစုံ
 
မျိုးဆက်သစ် ရှမ်းလူငယ်နဲ့ ပြည်ထောင်စုသစ် မျိုးဆက်သစ် ရှမ်းလူငယ်နဲ့ ပြည်ထောင်စုသစ်
မြန်မာနိုင်ငံမှာ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ငြိမ်းချမ်းရေးရဖို့နေရာမှာ အသွင်သဏ္ဍာန်ပဲဆောင်တဲ့ ငြိမ်းချမ်းရေးဆိုတာထက် စစ်မှန်တဲ့ ငြိမ်းချမ်းရေးကိုရအောင် ဦးတည်ဆောင်ရွက်သွားရလိမ့်မယ်လို့ ရှမ်းတိုင်းရင်းသား ခေါင်းဆောင်တဦးဖြစ်တဲ့ မျိုးဆက်သစ် ရှမ်းလူမှု အထောက်အကူပြုအဖွဲ့ဝင် ဦးညီညီမိုး က ပြောဆိုလိုက်ပါတယ်။ ရန်ကုန်မြို့ ဗွီအိုအေရုံးခွဲမှာ အယ်ဒီတာ ဒေါ်ခင်စိုးဝင်း က ဦးညီညီမိုးကို တွေ့ဆုံမေးမြန်းထားပါတယ်။ အပြည့်အစုံ
 
မြောက်ကိုရီးယားအရေး နိုင်ငံတကာအမြင် မြောက်ကိုရီးယားအရေး နိုင်ငံတကာအမြင်
မြောက်ကိုရီးယားနိုင်ငံမှာ ထောင်နဲ့ချီတဲ့ ပြည်သူတွေကို စစ်ရေးလှုံ့ဆော်မှုတွေမှာပါဝင်ဖို့ ၊ တခါ တောင်ကိုရီးယားနဲ့ အမေရိကန်နှစ်နိုင်ငံရဲ့ ပူးပေါင်းစစ်ရေးလေ့ကျင့်မှုတွေနဲ့ အပြည်ပြည်ဆိုင်ရာ ဝေဖန်မှုတွေကိုရှုံ့ချဖို့ စည်းရုံးလျက်ရှိပါတယ်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး John Kerry ကတော့ သူ့နဲ့ မဟာမိတ်နိုင်ငံကို မြောက်ကိုရီးယားရဲ့ အန္တရယ်ကြီးမားပြီး မဆင်မခြင်ရန်စတဲ့လုပ်ရပ်ကနေ ကာကွယ်မှာဖြစ်တဲ့အကြောင်း ပြီးခဲ့တဲ့သီတင်းအပတ်တုန်းက ပြောခဲ့ပါတယ်။ အပြည့်အစုံကိုတော့ မမေစန္ဒီက စုစည်းတင်ပြထားပါတယ်။ အပြည့်အစုံ
 
ကမ္ဘာ့ဘဏ်နဲ့ ဆင်းရဲမှုတိုက်ဖျက်ရေး ကမ္ဘာ့ဘဏ်နဲ့ ဆင်းရဲမှုတိုက်ဖျက်ရေး
ကမ္ဘာတ၀ှမ်း ဖြစ်ပေါ်နေတဲ့ ဆင်းရဲမွဲတေမှု ပပျောက်ရေးအတွက် လူ့သမိုင်းမှာ ပထမဆုံးအကြိမ် လုပ်ဆောင်နိုင်တော့မယ်လို့ ကမ္ဘာ့ဘဏ်အကြီးအကဲက ပြောကြားလိုက်ပါတယ်။ ကမ္ဘာ့ဘဏ်နဲ့ ကမ္ဘာတ၀ှမ်း အစိုးရတွေအနေနဲ့ ၂၀၃၀ ခုနှစ်ကို နောက်ဆုံးထားပြီး ဆင်းရဲမွဲတေမှု အဆုံးသတ်ရေး ကိစ္စကို ထိတ်တန်းဦးစားပေးအဖြစ် သဘောထား လုပ်ဆောင်စေချင်တဲအ့ကြောင်း အမေရိကန်ပြည်ထောင်စု ၀ါရှင်တန်မြို့တော်မှာ ကမ္ဘာဘဏ်အကြီးအကဲ Jim Yong Kim က ပြောဆိုပါတယ်။ ဗွီအိုအေ သတင်းထောက် Jim Randle ပေးပို့ထားတဲ သတင်းကို မနန္ဒာချမ်းက ပြောပြပါလိမ့်မယ်။ အပြည့်အစုံ
 

အကြံပေး၊ ဝေဖန်၊ မေးခွန်းများရှိပါက အီးမေးပေးပို့ရန်။ burmese@voanews.com
Voice of America
330 Independence Ave. SW Suite 3166
Washington, D.C. 20237 USA

No comments:

Post a Comment