Sunday, November 10, 2013

ဗွီအိုအေမြန်မာ နေ့စဉ် သတင်းလွှာ - နိုဝင်ဘာလ ၁၀၊ ၂၀၁၃

ဗွီအိုအေမြန်မာ နေ့စဉ် သတင်းလွှာ
 
ဗွီအိုအေမြန်မာ နေ့စဉ် သတင်းလွှာ
နိုဝင်ဘာလ ၁၀၊ ၂၀၁၃

ဗွီအိုအေမြန်မာသတင်းဌာန၏ နေ့စဉ် နောက်ဆုံးရ မြန်မာ နှင့် နိုင်ငံတကာ သတင်းများ၊ သတင်းဆောင်းပါးများ နဲ့ နေ့စဉ် တီဗွီမဂ္ဂဇင်း/သတင်းလွှာ အစီအစဉ်...

 
မြန်မာ

ဗင်နီဇွဲလားမယ် မယ်စကြ၀ဠာသရဖူဆောင်း ဗင်နီဇွဲလားမယ် မယ်စကြ၀ဠာသရဖူဆောင်း
၂၀၁၃ ခုနှစ် မယ်စကြဝဠာသရဖူကို ဗင်နီဇွဲလား အလှမယ်က ဆွတ်ခူးသွားပြီး ဒုတိယ စပိန်မယ်၊ တတိယ အီကွေဒေါမယ်နဲ့ စတုတ္ထဆုကို ဖိလစ်ပိုင်မယ်တို့ အသီးသီး ရရှိခဲ့ကြပါတယ်။ အပြည့်အစုံ
 
မယ်စင်္ကြ၀ဠာ ဗိုလ်လုပွဲ မိုးစက်ဝိုင် ဆက်လက်ယှဉ်ပြိုင် မယ်စင်္ကြ၀ဠာ ဗိုလ်လုပွဲ မိုးစက်ဝိုင် ဆက်လက်ယှဉ်ပြိုင်
ဒီနေ့ည ရုရှားစံတော်ချိန်ည ၁၀ နာရီမှာ မယ်စကြဝဠာ ဆန်ခါတင် ၁၆ ယောက် စတင်ရွေးချယ်တော့မှာဖြစ်ပြီး မြန်မာအလှမယ် မိုးစက်ဝိုင်အနေနဲ့ ဆန်ခါတင်စာရင်းမှာ ပါဝင်လိမ့်မယ်လို့ ပြိုင်ပွဲစီစဉ်သူတွေဘက်က ယုံကြည်မှု အပြည့်ရှိနေကြောင်း ဗွီအိုအေကို ပြောပါတယ်။ အပြည့်အစုံ
 
ထိုင်းမှာ ရောင်းစား ခံရသူ မြန်မာ ၂၆ ဦး ကယ်တင်နိုင်ခဲ့ ထိုင်းမှာ ရောင်းစား ခံရသူ မြန်မာ ၂၆ ဦး ကယ်တင်နိုင်ခဲ့
ပလတ်စတစ် ပစ္စည်းအဟောင်းတွေကို သန့်စင်တဲ့ စက်ရုံတခုထဲမှာ ရောင်းစားခံထားရတဲ့ မြန်မာနိုင်ငံသား ၂၆ဦးကို ထိုင်းအစိုးရ လူကုန်ကူးမူတိုက်ဖျက်ရေးအဖွဲ့တွေနဲ့အတူ ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများ အဖွဲ့က ပူးပေါင်း ကယ်တင်နိုင်ခဲ့ပါတယ်။ အပြည့်အစုံ
 
နိုင်ငံတကာ

နျူစွမ်းအင်သုံး အမေရိကန် လေယာဉ်တင်သင်္ဘောကြီး ရေချ နျူစွမ်းအင်သုံး အမေရိကန် လေယာဉ်တင်သင်္ဘောကြီး ရေချ
အမေရိကန်သမ္မတဟောင်း Gerald Ford ရဲ့အမည်ပေးထားတဲ့ အမေရိကန်ဒေါ်လာ ၁၃ ဘီလျံနီးပါး တန်ဖိုးရှိ နျူကလီယားစွမ်းအင်သုံး လေယာဉ်တင်သင်္ဘောသစ်ကြီးကို စနေနေ့က ရေချခဲ့ပါတယ်။ အပြည့်အစုံ
 
အိုလံပစ်မီးရှူးတိုင် အာကာသထဲရောက် အိုလံပစ်မီးရှူးတိုင် အာကာသထဲရောက်
ရုရှားအာကာသယာဉ်မှူးတွေဖြစ်တဲ့ Oleg Kotov နဲ့ Sergei Ryazansky တို့က Sochi Olympic မီးရှူးတိုင်ကို အာကာသယာဉ်ထဲကနေ လေဟာနယ်ထဲကို ယူဆောင်သွားခဲ့ကြပါတယ်။ အပြည့်အစုံ
 
ဖိလစ်ပိုင်မုန်တိုင်း လူထောင်ချီ သေဆုံးဖွယ်ရှိ ဖိလစ်ပိုင်မုန်တိုင်း လူထောင်ချီ သေဆုံးဖွယ်ရှိ
ဖိလစ်ပိုင်နိုင်ငံမှာ တနာရီ မိုင် ၁၉၀ ကျော်နှုန်းနဲ့ တိုက်ခတ်သွားတဲ့ တိုင်ဖုန်း Haiyan ကြောင့် ကမ်းရိုးတန်းမြို့ဖြစ်တဲ့ Tacloban မြို့တမြို့တည်းမှာတင် လူပေါင်း ၁,၀၀၀ ကျော် သေဆုံးခဲ့ရပြီး Samar ခရိုင်အတွင်းမှာလည်း သေဆုံးသူ ၂၀၀ ထက် မနည်းရှိတယ်လို့ ဖိလစ်ပိုင် ကြက်ခြေနီအဖွဲ့က ပြောပါတယ်။ အပြည့်အစုံ
 
ပြုပြင်ပြောင်းလဲရေး တရုတ် ကွန်မြူနစ် ပါတီဝင်တွေ စတင်ဆွေးနွေး ပြုပြင်ပြောင်းလဲရေး တရုတ် ကွန်မြူနစ် ပါတီဝင်တွေ စတင်ဆွေးနွေး
စီးပွားရေးပြုပြင်ပြောင်းလဲမှုတွေကို အဓိက အာရုံစိုက်ဆွေးနွေးမယ်လို့ ယူဆရတဲ့ တရုတ်နိုင်ငံရေးခေါင်းဆောင်တွေရဲ့ ၄ ရက်ကြာမယ့် အစည်းအဝေးကို ဘီဂျင်းမှာ စတင်နေပါပြီ။ အဲဒီကနေ အနာဂတ်ဖွံ့ဖြိုးရေးလုပ်ငန်းတွေကို လမ်းညွှန်နိုင်မယ်လို့ မျှော်လင့်ကြောင်း နိုင်ငံခြားရေးဌာန ပြောခွင့်ရသူက ပြောပါတယ်။ အပြည့်အစုံ
 
အပတ်စဉ် တီဗွီမဂ္ဂဇင်း

အပတ်စဉ် တီဗွီမဂ္ဂဇင်း အပတ်စဉ် တီဗွီမဂ္ဂဇင်း
တပတ်အတွင်း နောက်ဆုံးရ မြန်မာနဲ့ နိုင်ငံတကာ ထိပ်တန်းသတင်းများ။ မြန်မာနိုင်ငံမှာ ကျင်းပပြုလုပ်မယ့် အရှေ့ တောင်အာရှ အားကစားပွဲတော် တေးသီချင်း "ရောင်စုံဥယာဉ်" ဖန်တီးသူ တေးရေးဆရာ ကိုလင်းထက်နဲ့ တွေ့ဆုံမေးမြန်းခန်း။ နိုင်ငံတကာက ထင်ပေါ်ကျော်ကြားသူတွေ နဲ့ အနုပညာရှင်တွေအကြောင်း သက်တန့်ရောင် သတင်းလွှာစတဲ့ ... အပြည့်အစုံ
 

အကြံပေး၊ ဝေဖန်၊ မေးခွန်းများရှိပါက အီးမေးပေးပို့ရန်။ burmese@voanews.com
Voice of America
330 Independence Ave. SW Suite 3166
Washington, D.C. 20237 USA

No comments:

Post a Comment