Saturday, November 2, 2013

ဗွီအိုအေမြန်မာ နေ့စဉ် သတင်းလွှာ - နိုဝင်ဘာလ ၀၂၊ ၂၀၁၃

ဗွီအိုအေမြန်မာ နေ့စဉ် သတင်းလွှာ
 
ဗွီအိုအေမြန်မာ နေ့စဉ် သတင်းလွှာ
နိုဝင်ဘာလ ၀၂၊ ၂၀၁၃

ဗွီအိုအေမြန်မာသတင်းဌာန၏ နေ့စဉ် နောက်ဆုံးရ မြန်မာ နှင့် နိုင်ငံတကာ သတင်းများ၊ သတင်းဆောင်းပါးများ နဲ့ နေ့စဉ် တီဗွီမဂ္ဂဇင်း/သတင်းလွှာ အစီအစဉ်...

 
မြန်မာ

လှေစီးပြေးဒုက္ခသည် အရေး ဒေသတွင်း ပူးပေါင်းဆောင်ရွက်ဖို့ ကုလ တိုက်တွန်း လှေစီးပြေးဒုက္ခသည် အရေး ဒေသတွင်း ပူးပေါင်းဆောင်ရွက်ဖို့ ကုလ တိုက်တွန်း
လှေစီးပြေးဒုက္ခသည်တွေလျော့ပါးအောင် မြန်မာအစိုးရနဲ့ နိုင်ငံတကာအသိုင်းအ၀ိုင်းအနေနဲ့ ရခိုင်ပြည်နယ်မှာ စီးပွားရေးဖွံ့ဖြိုးဖို့နဲ့ ပြန်လည်သင့်မြတ်ရေးအတွက် တိုးပြီးကြိုးပမ်းကြဖို့ လိုအပ်တယ်လို့ UNHCR က ယုံကြည်တယ်လို့ပြောပါတယ်။ အပြည့်အစုံ
 
လူ့အခွင့်အရေး ချိုးဖောက်မှု ရပ်ဆိုင်းရေး ကချင်တိုင်းရင်းသားတွေ ဆန္ဒပြ လူ့အခွင့်အရေး ချိုးဖောက်မှု ရပ်ဆိုင်းရေး ကချင်တိုင်းရင်းသားတွေ ဆန္ဒပြ
" ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီးတော့မှ ကျနော်တို့ငြိမ်းချမ်းရေး လိုလားလို့ပဲ အပြုသဘောဆောင်တဲ့ ငြိမ်းချမ်းရေးသာ ပြုလုပ်မယ်ဆိုရင် ဒီလိုမျိုး ရက်စက်ကြမ်းကြုတ်မှုတွေ ဖြစ်မှာမဟုတ်ဘူးလို့ ကျနော်တို့ယုံကြည်ပါတယ်။" အပြည့်အစုံ
 
အစိုးရနဲ့ဆွေးနွေးရေး ဘုံသဘောထား တိုင်းရင်းသားတွေ သဘောတူ အစိုးရနဲ့ဆွေးနွေးရေး ဘုံသဘောထား တိုင်းရင်းသားတွေ သဘောတူ
" တနိုင်ငံလုံး အတိုင်းအတာ အပစ်အခတ်ရပ်စဲရေး ဆိုင်ရာ ဘုံသဘောထား ရပ်တည်ချက်၊ ဒါမှမဟုတ်ရင်လည်း ဘုံသဘောတူညီချက်၊ အဲ့တာကတော့ ရပြီးပြီ။ အတည်လည်းပြုပြီးပြီ။ အဲ့ဒီ့အပေါ်မှာလည်း ၁၈ဖွဲ့ က ညီညွတ်တယ်။" အပြည့်အစုံ
 
နိုင်ငံတကာ

 ပါကစ္စတန် တာလီဘန် ခေါင်းဆောင်သေဆုံး ပါကစ္စတန် တာလီဘန် ခေါင်းဆောင်သေဆုံး
အမေရိကန်မောင်းသူမဲ့အဝေးထိန်းဒုံးယာဉ်နဲ့ တိုက်ခိုက်တာလို့ သံသယရှိတဲ့တိုက်ပွဲမှာ ပါကစ္စတန် တာလီဘန်ခေါင်းဆောင် Hakimullah Medsud အပါအဝင် ၃ ဦး မနေ့က သေဆုံးသွားပါတယ်။ အပြည့်အစုံ
 
လော့စ်အန်ဂျလိစ် နိုင်ငံတကာ လေဆိပ် ပစ်ခတ်မှု လူတဦးသေဆုံး လော့စ်အန်ဂျလိစ် နိုင်ငံတကာ လေဆိပ် ပစ်ခတ်မှု လူတဦးသေဆုံး
ကယ်လီဖိုးနီးယားပြည်နယ် လော့စ်အန်ဂျလိစ် မြို့နိုင်ငံတကာလေဆိပ်မှာ မနေ့က သောကြာနေ့ က မောင်းပြန် ရိုင်ဖယ်သေနတ် ကိုင်ဆောင်လာတဲ့ သေနတ်သမားတဦးရဲ့ ပစ်ခတ်မှုကြောင့် လူတဦးသေဆုံးခဲ့ပြီး အချို့ဒဏ်ရာရခဲ့ပါတယ်။ အပြည့်အစုံ
 
လျှို့ဝှက်ထောက်လှမ်းတဲ့ ကိစ္စ ကန်နဲ့သြစတြေးလျကို အင်ဒို ရှင်းလင်းချက်တောင်း လျှို့ဝှက်ထောက်လှမ်းတဲ့ ကိစ္စ ကန် နဲ့ သြစတြေးလျကို အင်ဒို ရှင်းလင်းချက်တောင်း
အင်ဒိုနီးရှား၊ ထိုင်း၊ ဗီယက်နမ်၊ တရုတ်နဲ့ အရှေ့တိမော နိုင်ငံတွေမှာရှိတဲ့ သြစတြေးလျ သံရုံးတွေကို အမေရိကန်ရဲ့လျို့ဝှက် ထောက်လှမ်းရေး လုပ်ငန်းတွေ လုပ်ခွင့်ပေးခဲ့တယ် ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပြီးနောက် သြစတြေးလျသံအမတ်ကို အင်ဒိုနီးရှားက ဆင့်ခေါ်ခဲ့ပါတယ်။ အပြည့်အစုံ
 
ဝန်ကြီးချုပ်ဟောင်း Thaksin ပြန်လာနိုင်မယ့် ဥပဒေ ထိုင်းအောက်လွှတ်တော် အတည်ပြု ဝန်ကြီးချုပ်ဟောင်း Thaksin ပြန်လာနိုင်မယ့် ဥပဒေ ထိုင်းအောက်လွှတ်တော် အတည်ပြု
ထိုင်းနိုင်ငံမှာ ဆယ်စုနှစ်တခုနီးပါးကြာ ကြုံခဲ့ရတဲ့ နိုင်ငံရေး ပဋိပက္ခတွေနဲ့ ဆက်နွယ်သူတွေကို လွတ်ငြိမ်းချမ်းသာခွင့် ရနိုင်မယ့် ဥပဒေကြမ်း တခုကို အောက်လွှတ်တော်က ဒီကနေ့ သောကြာနေ့မှာပဲ အတည်ပြုလိုက်ပါတယ်။ အပြည့်အစုံ
 
အမျိုးသမီးကဏ္ဍ

အင်းလေး Princess ဟိုတယ်လုပ်ငန်းရှင် မယဉ်မျိုးစုနဲ့ တွေ့ဆုံမေးမြန်းခန်း အင်းလေး Princess ဟိုတယ်လုပ်ငန်းရှင် မယဉ်မျိုးစုနဲ့ တွေ့ဆုံမေးမြန်းခန်း
"ကျမတို့သည် အင်းသားလူမျိုးဖြစ်သည်။ ဒီမှာလည်းနေတယ်။ ဒီမှာလည်းကြီးတယ်။ ဒီမှာပဲမွေးတယ်။ ဒီမှာပဲ သေမယ့်လူတွေလည်းဖြစ်တယ် ဆိုတဲ့အခါကျတော့ ကိုယ့်နေရာ၊ ကိုယ့်ဒေသမှာ ကိုယ်က တာဝန်မယူလို့ရှိရင် ရှက်စရာလည်းကောင်းပါတယ်။" အပြည့်အစုံ
 
တီဗွီ

နေ့စဉ်တီဗွီသတင်းလွှာ (၁၁-၀၂-၂၀၁၃) နေ့စဉ်တီဗွီသတင်းလွှာ (၁၁-၀၂-၂၀၁၃)
လိုင်ဇာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ ညီလာခံနဲ့ တပြည်လုံး အပစ်အခတ်ရပ်စဲရေး ဆွေးနွေးချက်တွေ၊ ကချင်ဒုက္ခသည်တွေ အရေး၊ ကချင်နှစ်ခြင်းအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှုးနဲ့ မေးမြန်းခန်း၊ ၀ါရှင်တန်သံရုံးရှေ့က ကချင်တိုင်းရင်းသား ဆန္ဒပြပွဲသတင်းနဲ့ တရုပ် ဓာတ်ငွေ့ပိုက်လိုင်းနဲ့ ဒေသခံ မြန်မာတွေရဲ့ နစ်နာချက်၊ ဝေဖန်ပြောဆိုချက် ဆောင်းပါးတွေ ပါဝင်ပါတယ်။ အပြည့်အစုံ
 
ဗွီဒီယိုသတင်း

ဓာတ်ငွေ့ပိုက်လိုင်းကြောင့် နစ်နာဆုံးရှုံးမှုများ ဓာတ်ငွေ့ပိုက်လိုင်းကြောင့် နစ်နာဆုံးရှုံးမှုများ
ရခိုင်ပြည်နယ်ကနေ တရုပ်နိုင်ငံကို သွယ်တန်းဖေါက်လုပ်ထားတဲ့ သဘာဝဓါတ်ငွေ့ ပိုက်လိုင်းကနေ ဓာတ်ငွေ့တွေ စတင် အသုံး ပြုနေပေမယ့် ဒီဓာတ်ငွေ့ပိုက်လိုင်း တူးဖေါ်ခဲ့တဲ့ လမ်းကြောင်း တလျောက် သစ်တောပြုံးတီးမှုတွေ၊ လယ်ယာပျက်စီးမှုတွေနဲ့ ပတ်သက်လို့ ဒေသခံတွေ နစ်နာကြေးမရခဲ့ဘူးလို့ ဝေဖန်ပြောဆို ကြပါတယ်။ မြစ်မခ သတင်းအေဂျင်စီက မမေသင်္ကြန်ဟိန်က တင်ပြပါမယ်။ အပြည့်အစုံ
 
ဝါရှင်တန်သံရုံးရှေ့ ကချင် ဆန္ဒပြပွဲ ၀ါရှင်တန်သံရုံးရှေ့ ကချင် ဆန္ဒပြပွဲ
KIO ဌာနချုပ် လိုင်ဇာမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ ညီလာခံ ကျင်းပနေချိန်မှာပဲ ကချင်ပြည်နယ်အတွင်း လူ့အခွင့်အရေး ချိုးဖေါက်မှုတွေနဲ့ ဖိနှိပ်မှုတွေ ရှိနေတယ်ဆိုပြီး ကချင်တိုင်းရင်းသားတွေက မနေ့က ၀ါရှင်တန်မြို့တော် မြန်မာသံရုံးရှေ့မှာ ဆန္ဒပြခဲ့ကြပါတယ်။ မအင်ကြင်းနိုင်က သတင်းပေးပို့ထားပါတယ်။ အပြည့်အစုံ
 
စနေနေ့ မြန်မာတီဗွီသတင်းများ စနေနေ့ မြန်မာတီဗွီသတင်းများ
လိုင်ဇာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ ညီလာခံနဲ့ တပြည်လုံး အပစ်အခတ် ရပ်စဲရေး ဆွေးနွေးချက်တွေအကြောင်းသတင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်း ကော်မတီက ပြည်ထောင်စုလွှတ်တော်ကို အစီရင်ခံမယ့်ရက် ရက်ထပ်တိုးလိုက်တဲ့ သတင်းတွေ ပါဝင်ပါတယ်။ အပြည့်အစုံ
 
ABSDF ၂၅ နှစ်ပြည့် အခမ်းအနား ABSDF ၂၅ နှစ်ပြည့် အခမ်းအနား
တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး နိုင်ငံရေးဆွေးနွေးပွဲတွေ ဖြစ်လာ ဖို့ အတွက် တိုင်းရင်းသား အဖွဲ့ပေါင်းစုံနဲ့ ပူးပေါင်း လုပ်ဆောင်သွား မယ်လို့ ABSDF တည်ထောင်ခြင်း ၂၅ နှစ်ပြည့် အခမ်းအနားမှာ ဥက္ကဌ ရဲဘော်သံခဲက ပြောပါတယ်။ မကဒတ မြောက်ပိုင်းဌာနချုပ် ကချင်ပြည်နယ်မှာ သတင်းသွားယူခဲ့တဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြ ပါမယ်။ အပြည့်အစုံ
 
ကချင်နှစ်ခြင်းအဖွဲ့ချုပ် က Samson Hkalam နဲ့ VOA ကချင်နှစ်ခြင်းအဖွဲ့ချုပ် က Samson Hkalam နဲ့ VOA
ကချင်ဒေသအတွင်း တိုက်ပွဲတွေကြောင့် ထွက်ပြေးနေတဲ့ ဒုက္ခ သည်တွေအတွက် အမေရိကန်ပြည်ထောင်စု နိုင်ငံတကာ ဖွံ့ဖြိုးရေး အဖွဲ့ရဲ့ အကူအညီတွေ ပိုပြီး ရလာမယ်လို့ မျှော်လင့်တဲ့အကြောင်း ကချင်နှစ်ခြင်းအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှုး Samson Hkalam က ဗွီအိုအေကို ပြောပါတယ်။ Samson Hkalam ကို VOA မြန်မာပိုင်းအစီအစဉ်က ကိုသားညွန့်ဦးက တွေ့ဆုံမေး မြန်းထားပါတယ်။ အပြည့်အစုံ
 
VOA60 USA

VOA60 USA VOA60 USA
President Obama comments on chemical weapons in Syria during news conference- VOA60 America အပြည့်အစုံ
 

အကြံပေး၊ ဝေဖန်၊ မေးခွန်းများရှိပါက အီးမေးပေးပို့ရန်။ burmese@voanews.com
Voice of America
330 Independence Ave. SW Suite 3166
Washington, D.C. 20237 USA

No comments:

Post a Comment