Friday, November 1, 2013

ဗွီအိုအေမြန်မာ နေ့စဉ် သတင်းလွှာ - နိုဝင်ဘာလ ၀၁၊ ၂၀၁၃

ဗွီအိုအေမြန်မာ နေ့စဉ် သတင်းလွှာ
 
ဗွီအိုအေမြန်မာ နေ့စဉ် သတင်းလွှာ
နိုဝင်ဘာလ ၀၁၊ ၂၀၁၃

ဗွီအိုအေမြန်မာသတင်းဌာန၏ နေ့စဉ် နောက်ဆုံးရ မြန်မာ နှင့် နိုင်ငံတကာ သတင်းများ၊ သတင်းဆောင်းပါးများ နဲ့ နေ့စဉ် တီဗွီမဂ္ဂဇင်း/သတင်းလွှာ အစီအစဉ်...

 
မြန်မာ

ဆီးဂိမ်းမှာ မြန်မာ့ ယဉ်ကျေးမှုပြနိုင်ဖို့ မျှော်လင့် ဆီးဂိမ်းမှာ မြန်မာ့ ယဉ်ကျေးမှုပြနိုင်ဖို့ မျှော်လင့်
"၂၇ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲဟာ ကျနော်တို့နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှု နဲ့ တည်ငြိမ်အေးချမ်းမှုကို ပြသနိုင်မှာဖြစ်သလို ကျနော်တို့ ယဉ်ကျေးမှု၊ မြန်မာလူမျိုးတွေရဲ့ နွေးထွေး ပျူငှာမှုကို ကမ္ဘာကို ပြနိုင်မှာဖြစ်ပါတယ်။" အပြည့်အစုံ
 
ကချင်ဒေသ အပစ်ရပ်ရေး ဒေသခံတွေ သံသယရှိဆဲ ကချင်ဒေသ အပစ်ရပ်ရေး ဒေသခံတွေ သံသယရှိဆဲ
ကချင်ဒေသ ငြိမ်းချမ်းရေးအတွက် ကေအိုင်အို ကချင်လွတ်မြောက်ရေး အဖွဲ့နဲ့ မြန်မာအစိုးရ ကိုယ်စားလှယ်တွေအကြား ဆွေးနွေးမှုတွေ ညှိုနှိုင်းမှုတွေ ရှိနေပေမယ့်၊ ဒေသခံတွေကတော့ ပြေလည်နိုင်မယ့် အခြေအနေရှိပါ့မလားဆိုတာ သံသယရှိနေကြပါတယ်။ အပြည့်အစုံ
 
နှစ် ၃၀ အတွင်း အဆိုးဆုံး တောင်ငူရေဘေး နှစ် ၃၀ အတွင်း အဆိုးဆုံး တောင်ငူရေဘေး
" ရေတွေကြီးတာပေါ့ဗျာ။ ဒီနှစ်ကတော့ အဆိုးဆုံးပဲဗျ။ ကျနော်တို့ နှစ်သုံးဆယ်လောက် အတွင်းမှာ ဒါတော့ စံချိန်ပဲဗျ။ အကုန်လုံးခေါင်မိုးတွေပါ လွှင့်ကုန်တာဗျ။ ရပ်ကွက်တွေ တချို့တွေဆို၊ ကျနော်တို့ ကားလမ်းမပေါ်လည်း သုံးပေလောက်အထိကို တက်နေပြီ။" အပြည့်အစုံ
 
ငြိမ်းချမ်းရေး နည်းဗျူဟာ တိုင်းရင်းသားချင်း ညှိနှိုင်းဆဲ ငြိမ်းချမ်းရေး နည်းဗျူဟာ တိုင်းရင်းသားချင်း ညှိနှိုင်းဆဲ
အဓိကအားဖြင့် ပြည်တွင်းငြိမ်းချမ်းရေးရရှိရေး၊ စစ်မှန်တဲ့ ဖက်ဒရယ် ပြည်ထောင်စု ပေါ်ပေါက်ရေး အကောင်အထည်ဖော်ကြတဲ့နေရာမှာ၊ မဟာဗျူဟာ အရ ချဉ်းကပ်ပုံချင်း တူညီကြပေမဲ့ လည်း ဒီကိစ္စကို မတူညီတဲ့ အဖွဲ့အစည်းတွေက ကွဲပြားတဲ့ အဆိုပြုချက်တွေကို တင်သွင်းထားကြပါတယ်။ အပြည့်အစုံ
 
အပြောင်းအလဲလျှင်မြန်မှု နိုင်ငံတကာကို ဒေါ်စု ကျေးဇူးတင် အပြောင်းအလဲလျှင်မြန်မှု နိုင်ငံတကာကို ဒေါ်စု ကျေးဇူးတင်
မြန်မာပြည်ဒီမိုကရေစီရေးလှုပ်ရှားမှုဟာ ဆယ်စုနှစ်နဲ့ချီ ကြာမြင့်လိမ့်မယ်ဆိုတဲ့ ခံစားချက်မျိုး ပေါ်ပေါက်ခဲ့ဖူးတဲ့ကာလတွေရှိပါတယ်။ ဒါပေမဲ့ တချို့စိုးရိမ်သလောက် မကြာခဲ့ပါဘူး။ ကမ္ဘာတဝှမ်းက အားပေးထောက်ခံမှုတွေဟာ ကျမတို့ နားလည်သဘောပေါက်ထားတာထက် ပိုပြီးကြီးမားပါတယ် အပြည့်အစုံ
 
နိုင်ငံတကာ

နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဆွဲဆောင်ဖို့ အမေရိကန် ကြိုးပမ်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဆွဲဆောင်ဖို့ အမေရိကန် ကြိုးပမ်း
အမေရိကန်စီးပွားရေးတိုးတက်အောင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေဆွဲဆောင်ဖို့အတွက် အမေရိကန်ပြည်ထောင်စုက စတင်ကြိုးပမ်းနေပါပြီ။ အပြည့်အစုံ
 
ပါကစ္စတန်အစိုးရနဲ့ တာလီဘန် ဆွေးနွေးနေပြီ ပါကစ္စတန်အစိုးရနဲ့ တာလီဘန် ဆွေးနွေးနေပြီ
ပါကစ္စတန် ၀န်ကြီးချုပ် Nawaz Sharif က ပါကစ္စတန်တာလီဘန်တွေနဲ့ စတင်ဆွေးနွေးနေပြီလို့ပြောဆိုလိုက်ပါတယ်။ အပြည့်အစုံ
 
ဓာတုလက်နက်ထုတ် ကိရိယာ ဆီးရီးယား ဖျက်ဆီး ဓာတုလက်နက်ထုတ် ကိရိယာ ဆီးရီးယား ဖျက်ဆီး
ဆီးရီးယားနိုင်ငံဟာ ဓါတုလက်နက်လုပ်ရာမှာသုံးတဲ့ ပစ္စည်းကရိယာ အားလုံးကို သတ်မှတ်ရက် အတိုင်းဖျက်သိမ်းနိုင်ခဲ့တယ်လို့ ဆီးရီးယား ဓါတုလက်နက် ဖျက်သိမ်းရေးအတွက် ကြီးကြပ်တဲ့ နိုင်ငံတကာအဖွဲ့ OPCW ကပြောကြားလိုက်ပါတယ်။ အပြည့်အစုံ
 
ကျန်းမာရေး

အသည်းကင်ဆာ အသည်းကင်ဆာ
အောက်တိုဘာ ၃၁၊ ၂၀၁၃ - မြန်မာနိုင်ငံမှာ အလွန်အဖြစ်များနေတဲ့ အသည်းကင်ဆာကို ဘယ်လို ကာကွယ်ကုသသင့်ပါသလဲ။ အပြည့်အစုံ
 
သတင်းသုံးသပ်ချက်

ကျောက်ဖြူ ကွေ့ဂန် ဓါတ်ငွေ့ပိုက်လိုင်း ကျောက်ဖြူ ကွေ့ဂန် ဓါတ်ငွေ့ပိုက်လိုင်း
အောက်တိုဘာ ၃၁၊ ၂၀၁၃ - မြန်မာ-တရုတ် ဓါတ်ငွေ့ပိုက်လိုင်းအကြောင်း ဦးအောင်ခင် နဲ့ မမေစန္ဓီ တို့က သုံးသပ်တင်ပြထားပါတယ်။ အပြည့်အစုံ
 
တီဗွီ

နေ့စဉ် တီဗွီသတင်းလွှာ (၁၁-၀၁-၂၀၁၃) နေ့စဉ် တီဗွီသတင်းလွှာ (၁၁-၀၁-၂၀၁၃)
လိုင်ဇာမှာကျင်းပနေတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့ ညီလာခံနဲ့ ဆွေးနွေးပွဲ ဒုတိယနေ့ သတင်းပေးပို့ချက်၊ KIA တပ်က ဗိုလ်မှူးကြီး ဇော်ဂေါင်နဲ့ ရှေ့တန်းစခန်းမှာ VOA တွေ့ဆုံမေးမြန်းခန်း အပါအ၀င် Halloween ပါတီတွေနဲ့ သရဲရုပ်ရှင် ဇာတ်လမ်းတွေအကြောင်း သတင်းဆောင်းပါးတွေ ပါဝင်ပါတယ်။ အပြည့်အစုံ
 
ဗွီဒီယိုသတင်း

သောကြာနေ့ မြန်မာ တီဗွီသတင်းများ သောကြာနေ့ မြန်မာ တီဗွီသတင်းများ
လိုင်ဇာမှာကျင်းပနေတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့ ညီလာခံနဲ့ ဆွေးနွေးပွဲ သတင်း၊ ဒေါ်အောင်ဆန်းစုကြည် အီတလီနိုင်ငံ Parma မြို့မှာ ဂုဏ်ထူးဆောင် မြို့တော်သူဆု လက်ခံရယူတဲ့ သတင်း အပါအ၀င် ထိုင်းမြန်မာ နှစ်နိုင်ငံ လူမှောင်ခိုကူးမှုတိုက်ဖျက်ရေး အကြောင်းတွေ ပါဝင်ပါတယ်။ အပြည့်အစုံ
 
Zombie သရဲရုပ်ရှင်များ Zombie သရဲရုပ်ရှင်များ
နှစ်စဉ် ကျင်းပကြတဲ့ Halloween ဟာ စုန်းတစ္ဆေတွေ၊ ကြောက်စရာ လန့်စရာတွေနဲ့ ခြောက်ကြလှန့်ကြတဲ့ ပွဲတော်တခုပါ။ ဒီအစဉ်အလာကိုတော့ သေပြီးသားလူတွေ လူ့လောကထဲမှာ ကျင်လည်နေကြတယ်ဆိုတဲ့ ယုံကြည်မှုနဲ့ ဥရောပမြောက်ပိုင်းက မြစ်ဖျားခံလာခဲ့တာ ဖြစ်ပါတယ်။ ဒီကနေ့ခေတ်မှာတော့ သေရွာကပြန်ထလာတဲ့ ဖုတ် တစ္ဆေတွေဟာ TV ရုပ်သံအစီအစဉ်တွေ၊ ဟောလီးဝုဒ် ရုပ်ရှင်တွေမှာ လူကြိုက်များ ခေတ်စားလာတဲ့ ယဉ်ကျေးမှုအဖြစ် ပြောင်းလဲလာနေတာပါ။ ဗွီအိုအေ သတင်းထောက် Steve Baragona သတင်းပေးပို့ ထားတာကိုတော့ မစုမွန် ကပြောပြပေးပါလိမ့်မယ်။ အပြည့်အစုံ
 
လူကြီးတွေအတွက် Halloween ပါတီ လူကြီးတွေအတွက် Halloween ပါတီ
အောက်တိုဘာလ ၃၁ ရက်နေ့ ညဟာ အမေရိကန်နိုင်ငံသားတွေ Halloweeen ပါတီတွေ ကျင်းပတဲ့နေပါ။ သရဲ ၀တ်စုံတွေ ၀တ်ပြီး ခလေးတွေက ရပ်ကွက်ထဲမှာ ချိုချဉ်တွေ လိုက်တောင်းကြချိန်မှာ ၀ါရှင်တန်မြို့တော်နားက United Social Sport ဆိုတဲ့ အဖွဲ့ကတော့ လူကြီးတွေအတွက် ကစားနည်းတွေနဲ့ ပြိုင်ပွဲတွေ ကျင်းပပြီး အပန်းဖြေရင်း ပျော်ပျော်ပါးပါး သောက်စား နိုင်ဖို့ စီစဉ်ပေးထားပါတယ်။ သတင်းထောက် Arash Arabasadi ရဲ့ သတင်းပေးပို့ချက်ကို ကိုသိန်းထိုက်ဦး တင်ပြပါလိမ့်မယ်။ အပြည့်အစုံ
 
ကချင် ရှေ့တန်းစစ်မြေပြင် အခြေအနေ ကချင် ရှေ့တန်းစစ်မြေပြင် အခြေအနေ
KIA ကချင်လွတ်မြောက်ရေးတပ်က ဗိုလ်မှူးကြီး ဇော်ဂေါင်နဲ့ ရှေ့တန်းစစ်မြေပြင်မှာ တွေ့ဆုံပြီး တိုက်ပွဲ အခြေအနေတွေကို ကိုဇော်ဝင်းလှိုင်က သွားရောက်တွေ့ဆုံမေးမြန်းထားတာပါ။ အပြည့်အစုံ
 
လိုင်ဇာညီလာခံ ဒုတိယနေ့ လိုင်ဇာညီလာခံ ဒုတိယနေ့
မြန်မာ့နိုင်ငံရေး ဖြစ်စဉ်မှာ အပစ်အခတ် ရပ်စဲရေး၊ နိုင်ငံရေးဆွေးနွေးပွဲနဲ့ ပင်လုံကဲ့သို့သော ပြည်ထောင်စုညီလာခံတရပ် ခေါ်ယူရေး ဆိုတဲ့ အဆင့် ၃ ဆင့်ခွဲ လုပ်ဆောင်သွားမှာဖြစ်တယ်လို့ ကချင်ပြည်နယ်၊ လိုင်ဇာမြို့မှာ ကျင်းပနေတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့စုံ ညီလာခံ ဒုတိယနေ့မှာ တိုင်းရင်းသား ခေါင်းဆောင်တွေက ပြောပါတယ်။ ဒါ့အပြင် မြန်မာ့နိုင်ငံရေးဖြစ်စဉ်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခန်း ကဏ္ဍ အရေးကြီးတယ် ဆိုတာကိုလည်း တိုင်းရင်းသားခေါင်းဆောင်တွေက အလေးထား ပြောဆိုသွားပါတယ်။ အပြည့်အစုံကိုတော့ ညီလာခံမှာ ကိုယ်တိုင် သတင်းသွားယူနေတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။ အပြည့်အစုံ
 

အကြံပေး၊ ဝေဖန်၊ မေးခွန်းများရှိပါက အီးမေးပေးပို့ရန်။ burmese@voanews.com
Voice of America
330 Independence Ave. SW Suite 3166
Washington, D.C. 20237 USA

No comments:

Post a Comment