ဗွီအိုအေမြန်မာ နေ့စဉ် သတင်းလွှာ နိုဝင်ဘာလ ၁၈၊ ၂၀၁၃ ဗွီအိုအေမြန်မာသတင်းဌာန၏ နေ့စဉ် နောက်ဆုံးရ မြန်မာ နှင့် နိုင်ငံတကာ သတင်းများ၊ သတင်းဆောင်းပါးများ နဲ့ နေ့စဉ် တီဗွီမဂ္ဂဇင်း/သတင်းလွှာ အစီအစဉ်... |
မြန်မာ ![]() မြန်မာ့နိုင်ငံရေးဆွေးနွေးကြဖို့ ပြည်တွင်းပြည်ပ မီမိုကရေစီအင်အားစုတွေ၊ နိုင်ငံရေးပါတီတွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ပါဝင်တဲ့ တွေ့ဆုံပွဲတရပ်ကို မကြာခင် ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ ကျင်းပဖိှို့ပါတယ်။ အပြည့်အစုံ ![]() ဒီကနေ့ မြန်မာပြည်ကနေ ပြန်လည်ထွက်ခွာသွားတဲ့ အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) က မြန်မာနိုင်ငံမှာ အခြေခံလွတ်လပ်ခွင့်ကို ကန့်သတ်ရာရောက်တဲ့ဥပဒေတွေ ပြန်ပြင်ဖို့အပါအဝင် ဥပဒေရေးရအပြောင်းအလဲတွေ ဆက်ပြီးဆောင်ရွက်ဖို့ တိုက်တွန်းသွားပါတယ်။ အပြည့်အစုံ ![]() အစ္စရေးခေါင်းဆောင်တွေရဲ့ ပြင်သစ်နိုင်ငံ ၃ ရက်ကြာ ခရီးစဉ်ပထမနေ့မှာ ပြင်သစ်သမ္မတ Francois Hollande က အီရန်အနေနဲ့ နျူကလီယားအစီအစဉ်တွေကို စွန့်လွှတ်တာသေချာသည်အထိ ပိတ်ဆို့မှုတွေ ဆက်ထိန်းထားမယ့်အကြောင်း အတည်ပြု ပြောကြားလိုက်ပါတယ်။ အပြည့်အစုံ ![]() ရုရှား ခရီးသည်တင်လေယာဉ်တစ်စင်း Kazan မြို့လေဆိပ်မှာ ဆင်းသက်ဖို့ ကြိုးစားချိန် ပြေးလမ်းနဲ့တိုက်မိပြီး ပျက်ကျခဲ့တဲ့အတွက် ခရီးသည်နဲ့ လေယာဉ်အမှုထမ်းအားလုံး စုစုပေါင်း ၅၀ သေဆုံးသွားခဲ့ပါတယ်။ အပြည့်အစုံ ![]() ဗီယက်နမ်အလယ်ပိုင်းမှာ မိုးကြီး၊ ရေတက်လာတဲ့အတွက် မြေပြိုမှုတွေပါ ဖြစ်ခဲ့ပြီး လူပေါင်း ၂၆ ယောက် သေဆုံး၊ ၇,၀၀၀ ကျော်ကို နေအိမ်တွေကနေ ရွှေ့ပြောင်းကယ်ဆယ်ခဲ့ရပါတယ်။ အပြည့်အစုံ ![]() ထရီပိုလီမြို့တော်က ပြည်သူ့စစ်တွေ ထွက်သွားဖို့ ဆန္ဒပြသူတွေပစ်ခတ်ခံရပြီးတဲ့နောက် စစ်သားတွေနဲ့ ပြည်သူ့စစ်တွေကြား ပစ်ခတ်မှု ထပ်မံဖြစ်ပွားခဲ့ပြီး တယောက်ထက်မနည်း သေဆုံး၊ အများအပြား ဒဏ်ရာရခဲ့ပါတယ်။ အပြည့်အစုံ ![]() ကနေဒါနိုင်ငံရဲ့ ရာဇဝတ်မှုကျူးလွန်တာမဟုတ်ရင် ရာထူးက ဖယ်ရှားနိုင်လောက်အောင် လုပ်ပိုင်ခွင့်မရှိတဲ့ ဥပဒေကြောင့် မူးယစ်ဆေးသုံးစွဲကြောင်းဝန်ခံထားတဲ့ မြို့တော်ဝန်ထံက လုပ်ပိုင်ခွင့်အာဏာတချို့ကို မြို့ကောင်စီက ဖယ်ရှားလိုက်ပါတယ်။ အပြည့်အစုံ ![]() နိုဝင်ဘာ ၁၇၊ ၂၀၁၃ - မြန်မာနိုင်ငံရဲ့  စီးပွားရေးနဲ့ ဘဏ်စနစ် ပတ်သက်တဲ့ အခြေအနေတွေကို သမ္မတဦးသိန်းစိန်ရဲ့  စီးပွားရေးအကြံပေးပုဂ္ဂိုလ် ဒေါက်တာဇော်ဦးနဲ့ ဆွေးနွေးသုံးသပ်... အပြည့်အစုံ |
အကြံပေး၊ ဝေဖန်၊ မေးခွန်းများရှိပါက အီးမေးပေးပို့ရန်။ burmese@voanews.com
|
Voice of America 330 Independence Ave. SW Suite 3166 Washington, D.C. 20237 USA |

No comments:
Post a Comment