ဗွီအိုအေမြန်မာ နေ့စဉ် သတင်းလွှာ နိုဝင်ဘာလ ၃၀၊ ၂၀၁၃ ဗွီအိုအေမြန်မာသတင်းဌာန၏ နေ့စဉ် နောက်ဆုံးရ မြန်မာ နှင့် နိုင်ငံတကာ သတင်းများ၊ သတင်းဆောင်းပါးများ နဲ့ နေ့စဉ် တီဗွီမဂ္ဂဇင်း/သတင်းလွှာ အစီအစဉ်... |
| မြန်မာ လက်ပံတောင်း နှစ်ပတ်လည် ဆန္ဒပြ ဆန္ဒဖော်ထုတ်သူတွေဟာ တရုတ်သံရုံးရောက်တဲ့အခါမှာတော့ ရဲဦးရေ ငါးဆယ်လောက်က ဆန္ဒပြသူတွေ တရုတ်သံရုံးရှေ့မရောက်အောင် လမ်းထိပ်မှာ ပိတ်ပြီးတော့ တားတယ်ဗျ။ အဲ့တာနဲ့ ဆန္ဒပြသူတွေက ပါလာတဲ့ တရုတ်နိုင်ငံရဲ့ အလံကို ထုတ်ပြီးတော့ မီးရှို့ပြီးတော့ ဆန္ဒဆက်ပြပြီး လမ်းဖွင့်ပေးဖို့ တောင်းဆိုပါတယ်။ အပြည့်အစုံ ဒေါ်စု သြစတြေးလျ ခရီးတတိယနေ့ “မတူညီတဲ့ စံတန်ဘိုးတွေ၊ မတူညီတဲ့ စဉ်းစားတွေးခေါ်မှုတွေ၊ မတူညီတဲ့ ယဉ်ကျေးမှုတွေ၊ အစဉ်အလာတွေကို သြစတြေးလျ နိုင်ငံသားတွေက လက်ခံကြပြီး၊ ဒါတွေအားလုံးကိုလည်း အတူတကွ ပေါင်းစည်းပြီး၊ သြစတြေးလျ ရယ်လို့ ထူးထူးခြားခြား ဖန်တီးနိုင်စွမ်း ရှိတာကို ဒီကနေ့ ကျမအနေနဲ့ အားရကျေနပ်မိတယ်လို့ပဲ ပြောချင်ပါတယ်။” အပြည့်အစုံ ဟောင်ကောင်-မကာအို ကူးတို့သင်္ဘော တိုက်မှု ၈၅ ဦး ဒဏ်ရာရ ဟောင်ကောင်မှာ မကာအိုသွားတဲ့ အပျော်စီး ခရီးသည်တင် သင်္ဘောတစ်စင်းဟာ အမှောင်ထဲမှာ အရှိန်ပြင်းပြင်းနဲ့ ဝင်တိုက်ခဲ့မှုကြောင့် လူပေါင်း ၈၅ဦး ဒဏ်ရာရသွားပါတယ် အပြည့်အစုံ အီရတ် တဝန်း အကြမ်းဖက်မှုတွေကြောင့် လူ ၃၀ သေဆုံး ဆွန်နီအနွယ်ဝင်တွေ ကြီးစိုးတဲ့ဒေသက လူ ၁၈ဦး ပြန်ပေးဆွဲအသတ်ခံခဲ့ရတာ အပါအဝင် လူပေါင်း ၂၉ဦး မကြာခင်ရက်တွေက ဆက်တိုက် အသတ်ခံရတဲ့အပေါ် စစ်ဆေးမှုတွေ စတင်ပြုလုပ်နေပါပြီ။ အပြည့်အစုံ ISON ကြယ်တံခွန် နေတပတ် ခရီးအပြီး ပျောက်ကွယ် နေစကြ၀ဠာကို အလှမ်းဝေးတဲ့ နေရာကနေ တပတ်ပြန်သန်းခဲ့တဲ့ အိုင်စွန် ကြယ်တံခွန်ရဲ့ နှစ် ၅ သန်းကြာ ခရီးစဉ်ဟာ အဆုံးသတ်သွားပြီ ဖြစ်ကြောင်း သိပ္ပံပညာရှင်တွေက ပြောကြားလိုက်ပါတယ်။ အပြည့်အစုံ ဝေဟင် ပိုင်နက်သစ် တရုတ်တိုက် လေယာဉ်တွေ စေလွှတ် တရုတ်နိုင်ငံဘက်ကအသစ်ကြေငြာသတ်မှတ်လိုက်တဲ့ လေကြောင်းကာကွယ်ရေးဇုန်ကို ကင်းလှည့်စောင့်ရှောက်ဖို့အတွက် စစ်လေယာဉ်တွေကို စေလွှတ်လိုက်တယ်လို့ တရုတ်စစ်တပ်က ကြာသာပတေးနေ့မှာ ကြေညာလိုက်ပါတယ် အပြည့်အစုံ ထိုင်းစစ်ဌာနချုပ် ဆန္ဒပြသူတွေ ၀င်ရောက် ထိုင်းနိုင်ငံရဲ့ မြို့တော်ဘန်ကောက်မှာ ထိုင်းစစ်ဌာနချုပ် ကို ဆန္ဒပြသူ ၁ ထောင်ကျော် ၀င်ရောက်စီးနှင်းပြီး ဆန္ဒပြခဲ့ကြပါတယ်။ အပြည့်အစုံ ထိုင်းအလှူရှင်တွေ အိန္ဒိယ မဟာဗောဓိစေတီရွှေချ အိန္ဒိယနိုင်ငံ အရှေ့ပိုင်း ဘီဟာပြည်နယ်က မဟာဗောဓိ ဗုဒ္ဓဘာသာ ဘုရားကျောင်းတော်ဟာ ထိုင်းနိုင်ငံက ဗုဒ္ဓဘာသာဝင်တွေ လှူဒါန်းတဲ့ ရွှေပေါင်ချိန် ၆၁၇ ပေါင်နဲ့ ရွှေချခဲ့ပါတယ်။ အပြည့်အစုံ အယုံအကြည်မရှိအဆို ထိုင်းဝန်ကြီးချုပ်အနိုင်ရ ထိုင်းဝန်ကြီးချုပ် ယင်းလပ်ရှင်နာဝပ်ဟာ သူ့အပေါ် အယုံအကြည်မရှိအဆိုကို သူ့ပါတီဝင်တွေ အများစုလွှမ်းမိုးထားတဲ့ လွှတ်တော်အတွင်းမှာ အလွယ်တကူပဲ အနိုင်ရလိုက်ပါတယ်။ အပြည့်အစုံ ဒေါ်နွယ်နွယ်ဦးနဲ့ ဗွီအိုအေဆက်သွယ်မေးမြန်းချက် "သမ္မတနဲ့တွေ့တာ ၁ ခါ ၂ ခါတော့ရှိပါပြီ။ ဒါပေမဲ့ အခုလို အနီးကပ်တွေ့ရတာ ဒါ ပထမဦးဆုံးပေါ့နော်။ အမေရိကန်နိုင်ငံကြီးထဲမှာ ဒီလို ခေါင်းဆောင်တွေနဲ့တွေ့ပြီး မြန်မာပြည်သား ပဲဖြစ်စေ၊ ရခိုင်ပြည်သားပဲဖြစ်စေ၊ အဲ့လို သိပ်မရှိခဲ့ ဘူးပေါ့နော်။ အဲ့တော့ ဂုဏ်ယူပါတယ်။ ရခိုင်တစ်ယောက်ဖြစ်ပြီး သမ္မတအိုဘားမားဘေးမှာရပ်နေရတာ။" အပြည့်အစုံ သြစတြေးလျ အမျိုးသားတက္ကသိုလ်က ချီးမြှင့်တဲ့ ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ကိုဒေါ်အောင်ဆန်းစုကြည် လက်ခံယူတဲ့သတင်း၊ လက်ပံတောင်းအရေး နှစ်ပတ်လည် တရုတ်သံရုံးရှေ့ဆန္ဒပြပွဲနဲ့ အရှေ့တရုတ်ပင်လယ် ရေပိုင်နက်ထဲ တရုတ်ကင်းလှည့် ရေယာဉ်တွေ စေလွှတ်လိုက်တဲ့သတင်းတွေ၊ မြန်မာနိုင်ငံပညာရေးအခြေအနေ သုံးသပ်ချက်တွေ ပါဝင်ပါတယ်။ အပြည့်အစုံ ဗြိတိသျှတော်ဝင်မင်းသားက ရော့ခ်အဆိုတော် ဘွန်ဂျိုဗီနဲ့တွဲပြီး စင်ပေါ်မှာ သီချင်းဆိုတဲ့အကြောင်းအပါအဝင် .. ကမ္ဘာတ၀န်းက ထင်ရှားကျော်ကြားသူတွေနဲ့ အနုပညာရှင်တွေရဲ့ သတင်းတိုတိုထွာထွာတွေကိုပြောပြနေတဲ့ သက်တံရောင်သတင်းလွှာ အစီအစဉ်ကို ရှုစားနိုင်ပါတယ်။ ... အပြည့်အစုံ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် သြစတြေးလျ အမျိုးသားတက္ကသိုလ်က ချီးမြှင့်တဲ့ ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ကို လက်ခံရယူတဲ့သတင်း၊ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း အကြမ်းဖက် ဖြိုခွင်းခံရတဲ့ တစ်နှစ်ပြည့် ရန်ကုန်မြို့၊ တရုတ်သံရုံးရှေ့ ဆန္ဒပြပွဲအကြောင်းသတင်းတွေ ပါဝင်ပါတယ်။ အပြည့်အစုံ ထိုင်းဝန်ကြီးချုပ် Yingluck Shinawatra ရာထူးက ဆင်းသွားတဲ့အထိ ဆန္ဒပြပွဲတွေကို အရှိန်မြှင့် လုပ်ဆောင် သွားမှာဖြစ်ပြီး အစိုးရ၀န်ကြီးရုံးတွေကိုလည်း သိမ်းပိုက်သွားမယ်လို့ ထိုင်းဆန္ဒပြခေါင်းဆောင် တွေက ပြောဆို ထားသလို မနေ့ကတော့ ထိုင်းစစ်ဌာနချုပ်ထဲအထိ ဆန္ဒပြသူတွေ ၀င်ရောက်ခဲ့ကြတာကို ရှုစားရမှာပါ။ အပြည့်အစုံ နိုဝင်ဘာလ (၂၉)ရက်နေ့ဟာ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရပ်ဆိုင်းပေးရေး ဆန္ဒထုတ်ဖော်ခဲ့ကြတဲ့ သံဃာတော်တွေကို ရဲတပ်ဖွဲ့က အကြမ်းဖက် ဖြိုခွင်းခဲ့တဲ့ နှစ်ပတ်လည်နေ့ ဖြစ်ပါတယ်။ မနေ့က ရန်ကုန်မြို့မှာ တက်ကြွ လှုပ်ရှားသူတွေက မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးအနီးမှာ ဆန္ဒပြခဲ့ကြပါတယ်။ အပြည့်အစုံ အာဆီယံအလှည့်ကျဥက္ကဋ္ဌတာဝန်ယူတယ်ဆိုတာဟာ အစိုးရတခုထဲနဲ့ဆိုင်တာ မဟုတ်ဘဲ ပြည်သူအားလုံး၊ အရပ်ဖက်အဖွဲ့အစည်းတွေအားလုံးက အာဆီယံဒေသထဲမှာ ဦးဆောင်မှုယူရတာဖြစ်လို့ အများကြီးပြင်ဆင်ထားဖို့ လိုအပ်တယ်လို့ မြန်မာ့လူမှုအသိုင်းအ၀ိုင်း လုပ်ငန်းအဖွဲ့က ကိုကျော်လင်းဦးက... အပြည့်အစုံ အီရန်ရဲ့ နျူးကလီယား အစီအစဉ်တချို့ကို ကန့်သတ်ဆိုင်းငံ့မယ့် သဘောတူညီချက်တွေ ဂျီနီဗာမှာ ရရှိ ပြီးနောက် ရေနံဈေး ကျခဲ့ပါတယ်။ ဒီသဘောတူညီချက်ဟာ ယာယီ ဖြစ်နိုင်ပေမယ့် ကမ္ဘာ့ရေနံတင်ပို့မှု များလာ မယ်လို့ ရင်းနှီးမြှုပ်နှံသူတွေ အကောင်းမြင်နေပါတယ်။ VOAသတင်းထောက် Mil Arcega ရဲ့သတင်းကို မသိင်္ဂီထိုက်က ပြောပြမှာပါ။ အပြည့်အစုံ မြန်မာနိုင်ငံမှာ နိုင်ငံရေးအပြောင်းအလဲတချို့ ပေါ်လာပေမဲ့ အခြေခံပညာနဲ့ အဆင့်မြင့်ပညာ သင်ကြားပေးနေတဲ့ အစိုးရကျောင်းတွေမှာ ဆရာ ဆရာမ မလုံလောက်တဲ့အပြင် သင်ကြားရေး စနစ်တွေလည်း တိုးတက်မှုမရှိတဲ့ အကြောင်း ဝေဖန်မှုတွေ ရှိနေပါတယ်။ မြစ်မခ သတင်းအေဂျင်စီက မမေသင်္ကြန်ဟိန်က တင်ပြပါလိမ့်မယ်။ အပြည့်အစုံ VOA60 World VOA60 World အပြည့်အစုံ VOA60 USA President Obama comments on chemical weapons in Syria during news conference- VOA60 America အပြည့်အစုံ |
| အကြံပေး၊ ဝေဖန်၊ မေးခွန်းများရှိပါက အီးမေးပေးပို့ရန်။ burmese@voanews.com
|
| Voice of America 330 Independence Ave. SW Suite 3166 Washington, D.C. 20237 USA |
လက်ပံတောင်း နှစ်ပတ်လည် ဆန္ဒပြ
ဒေါ်စု သြစတြေးလျ ခရီးတတိယနေ့
ဟောင်ကောင်-မကာအို ကူးတို့သင်္ဘော တိုက်မှု ၈၅ ဦး ဒဏ်ရာရ
အီရတ် တဝန်း အကြမ်းဖက်မှုတွေကြောင့် လူ ၃၀ သေဆုံး
ISON ကြယ်တံခွန် နေတပတ် ခရီးအပြီး ပျောက်ကွယ်
ဝေဟင် ပိုင်နက်သစ် တရုတ်တိုက် လေယာဉ်တွေ စေလွှတ်
ထိုင်းစစ်ဌာနချုပ် ဆန္ဒပြသူတွေ ၀င်ရောက်
ထိုင်းအလှူရှင်တွေ အိန္ဒိယ မဟာဗောဓိစေတီရွှေချ
အယုံအကြည်မရှိအဆို ထိုင်းဝန်ကြီးချုပ်အနိုင်ရ
ဒေါ်နွယ်နွယ်ဦးနဲ့ ဗွီအိုအေဆက်သွယ်မေးမြန်းချက်
VOA60 World
VOA60 USA
No comments:
Post a Comment