ဗွီအိုအေမြန်မာ နေ့စဉ် သတင်းလွှာ နိုဝင်ဘာလ ၁၃၊ ၂၀၁၃ ဗွီအိုအေမြန်မာသတင်းဌာန၏ နေ့စဉ် နောက်ဆုံးရ မြန်မာ နှင့် နိုင်ငံတကာ သတင်းများ၊ သတင်းဆောင်းပါးများ နဲ့ နေ့စဉ် တီဗွီမဂ္ဂဇင်း/သတင်းလွှာ အစီအစဉ်... |
ဖိလစ်ပိုင်လေဘေးကူညီဖို့ ကန်လေယာဉ်တင်သင်္ဘော စေလွှတ် "နိုင်ငံတကာဘက်က အခုလို အကူအညီတွေ အမြန်ဆုံးရောက်ဖို့ ကြိုးပမ်းနေရာမှာ အမေရိကန်ရဲ့ ပထမဆုံး ထောက်ပံ့ရေး စစ်လေယာဉ် ၂ စီးဟာ ကယ်ဆယ်ရေး လုပ်သားတွေနဲ့အတူ မနေ့က မနီလာမြို့ကနေ အပျက်အစီးဒဏ် အများဆုံးခံခဲ့ရတဲ့ Tacloban မြို့ကို ဆိုက်ရောက်ခဲ့ပြီး ရေ၊ အစားအစာ၊ လျှပ်စစ်မီးစက်တွေနဲ့ အခြား အရေးပေါ်ပစ္စည်းတွေ ပို့ခဲ့" အပြည့်အစုံ OIC ခရီးစဉ် ကန့်ကွက်ဆန္ဒပြ "ဘာသာပျောက်မှာ၊ လူမျိုးပျောက်မှာ၊ တိုင်းပြည်ပျောက်မှာ ကြောက်လို့မို့ ဘုန်းကြီးတို့ရဲ့ မြန်မာပြည် ဘယ်နေရာမဆို OIC ရုံးဆောက်ခွင့်ကိုလည်း လုံးဝ ခွင့်ပြုမှာမဟုတ်ဘူး။ ၈၂ ဥပဒေကိုလည်း ဘုန်းကြီးတို့က ကာကွယ်ပေးရမယ်။ သူတို့ လူမျိုးတွေကို အဆင်ပြေစေချင်တယ်ဆိုရင် OIC ၅၇ နိုင်ငံကနေ ခွဲဝေပြီးတော့ ခေါ်သွားကြပါလို့" အပြည့်အစုံ မြန်မာမီတာခတိုးမြှင့်မှု ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်အထိ ဆိုင်းငံ့ “လောလောဆယ် လုပ်ငန်းအခြေအနေတော့ အသက်ရှုချောင်သွားတာပေါ့။ ကျနော်တို့ ငါးနဲ့ပတ်သက်ရင်တော့ ငါးက လျှပ်စစ်နဲ့ပတ်သက်တာကတော့ ကျနော်တို့က နှစ်မျိုးပေါ့ဗျာ အဓိကက တိုက်ရိုက်ပတ်သက်တာကတော့။ အအေးခန်းတွေက လျှပ်စစ်ဓာတ်အားကို မဖြစ်မနေ သုံးရမယ်ဗျာ။ နောက်တခါ ရေခဲစက်တွေကလည်း လျှပ်စစ်ဓာတ်အားကို သုံးပြီးတော့ လည်ရတယ်ပေါ့။" အပြည့်အစုံ လူ့အခွင့်အရေးကောင်စီမှာ တရုတ်၊ ရုရှားနဲ့ ဆော်ဒီ အဖွဲ့ဝင်သစ်အဖြစ်ပါဝင် "ဒီနှစ်မှာဆိုရင် အကြောင်းမလှစွာပဲ တရုတ်၊ ရုရှား၊ ဆော်ဒီအာရေးဗီးယားနဲ့ ကျူးဘား နိုင်ငံတို့ အပါအ၀င် လူ့အခွင့်အရေး ချိုးဖောက်မှု အဆိုးဆုံး နိုင်ငံတွေ ကောင်စီထဲ ပြန်ပါလာပါတယ်။ ဒါဟာ ဘာကိုပြသလဲဆိုတော့ ကောင်စီထဲမှာပါတဲ့ လူ့အခွင့်အရေး ကာကွယ်မြှင့်တင်တဲ့ နိုင်ငံတွေအနေနဲ့ သူတို့လုပ်ရမယ့် အလုပ်တွေကို နှစ်ဆတိုး" အပြည့်အစုံ ၂၀၁၅ မှာ ရေနံအထွက်များဆုံးနိုင်ငံ အမေရိကန်ဖြစ်မည် "အမေရိကန်ပြည်ထောင်စုဟာ သူရဲ့ စွမ်းအင်လိုအပ်ချက်ကို ၂၀၃၅ ခုနှစ်ကျရင် ပြည်တွင်းအရင်းအမြစ်ကိုပဲ မှီခိုသုံးစွဲမယ်ဆိုတဲ့ ရည်မှန်းမှုကို တဖြေးဖြေးနဲ့ သွားနေတယ်လို့ နှစ်စဉ်ထုတ်ပြန်ကြ ကမ္ဘာ့စွမ်းအင်အခြေအနေ ဆန်းစစ်ချက် IEA အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။" အပြည့်အစုံ အမေရိကန်စစ်သင်္ဘောကြီး မုန်တိုင်းကယ်ဆယ်ရေး ကူညီဖို့ ဖိလစ်ပိုင်ကိုထွက်ခွာ "USS George Washington စစ်သင်္ဘောအုပ်စုဟာ ဗုဒ္ဓဟူးနေ့မှာ ဖိလစ်ပိုင်ကို ရောက်ရှိလိမ့်မယ်လို့ အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာန ပြောခွင့်ရသူ George Little က ပြောပါတယ်။ လေယာဉ်တင် သင်္ဘောကြီးပေါ်မှာတော့ သင်္ဘောသား ၅ ထောင်နဲ့ လေယာဉ်အစင်း ၈၀ ပါရှိပါတယ်။ အဲဒီသင်္ဘောဟာ တနေ့ကို ရေသန့် ဂါလံ ၄ သိန်းကျော်အထိ ထုတ်လုပ်ပေးနိုင်" အပြည့်အစုံ ကမ္ဘောဒီးယားဆန္ဒပြမှု ရဲပစ်ခတ်လို့ ၁ ဦးသေဆုံး "အမျိုးသမီးအများစုပါတဲ့ ဒီဆန္ဒပြသူတွေဘက်က လုံထိန်းရဲတွေကို ခဲတွေနဲ့ ပစ်ပေါက်ခဲ့ပြီး၊ ရဲကားတစီးကိုလည်း တက်သိမ်း မီးရှို့မှောက်လှဲအပြီးမှာ၊ ရဲတွေဘက်က မီးသတ်ပိုက်နဲ့ပက်၊ မျက်ရည်ယိုဗုံးတွေနဲ့ပစ်ပြီး နှိမ်နင်းခဲ့ရာကနေ နောက်ဆုံး အခုလို ပစ်ခတ်တဲ့အထိ ဖြစ်သွားခဲ့တာပါ။" အပြည့်အစုံ နိုင်ငံတကာ အစ္စလာမ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) အဆင့်မြင့် ကိုယ်စားလှယ် အဖွဲ့ရဲ့ မြန်မာနိုင်ငံ ခရီးစဉ်ကို ကန့်ကွက်တဲ့ ဆန္ဒပြပွဲအကြောင်းနဲ့ ဖိလစ်ပိုင်နိုင်ငံ မုန်တိုင်း ကယ်ဆယ်ရေးနဲ့ ကူညီရေး... အပြည့်အစုံ နိုင်ငံတကာ အစ္စလာမ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) ကိုယ်စားလှယ်အဖွဲ့ရဲ့ မြန်မာနိုင်ငံခရီးစဉ်ကို ကန့်ကွက်ဆန္ဒပြပွဲ၊ မီတာခတွေကို လတ်တလောတိုးမြှင့်သေးမှာ မဟုတ်ကြောင်း၊ လိုင်ဇာကွန်ဖရင့်မှာရရှိခဲ့တဲ့ အပစ်ရပ်စဲရေး ဘုံသဘောထားရပ်တည်ချက်ကို RCSS/SSA တောင်ပိုင်းက လက်မှတ်ရေးထိုးမှာ မဟုတ် စသည်... အပြည့်အစုံ မြန်မာနိုင်ငံကို လာရောက်မယ့် နိုင်ငံတကာအစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့အစည်း (OIC) ကို ဆန့်ကျင်ကန့်ကွက်တဲ့အနေနဲ့ မနေ့က ရန်ကုန်မြို့မှာ သံဃာတော်တွေနဲ့ တက်ကြွလူပ်ရှားသူ ၅၀၀ လာက် စုဝေး ဆန္ဒပြခဲ့ကြပါတယ်။ ရန်ကုန်မြို့ကနေ ကိုစည်သူနိုင် သတင်းပေးပို့ထားပါတယ်။ အပြည့်အစုံ ထိုင်း-ကမ္ဘောဒီယားနယ်စပ်က အငြင်းပွားနေတဲ့ မြေနေရာ အစိတ်အပိုင်းအချို့ကို ကမ္ဘောဒီးယားနိုင်ငံက ပိုင်ဆိုင်တယ်ဆိုပြီး နိုင်ငံတကာတရားရုံးကနေ စီရင်ချက် ချလိုက်ပါပြီ။ ဗွီအိုအေ သတင်းထောက် Steve Herman သတင်းရေးသားပေးပို့ထားတာကို ကိုသားညွန့်ဦးက တင်ဆက်ပေးမှာပါ။ အပြည့်အစုံ နိုင်ငံတော်အစိုးရအနေနဲ့ သူတို့မှားခဲ့တဲ့ လုပ်ရပ်တွေကို တောင်းပန်တာအပါအ၀င် နောင်မှာ ဒီလို မှားယွင်းမှုတွေ မဖြစ်အောင်လည်း ပြင်ဆင်သင့်တယ်လို့ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ နာယက ၀ါရင့် သတင်းစာဆရာကြီး ဦးဝင်းတင်က ပြောဆိုလိုက်ပါတယ်။ ကိုဇော်ဝင်းလှိုင်က သတင်းပေးပို့ထားပါတယ်။ အပြည့်အစုံ ဗုဒ္ဓဟူးနေ့တိုင်း ထုတ်လွှင့်တဲ့ မစုမြတ်မွန်ရဲ့ ကမ္ဘာတလွှား ခရီးသွားအစီအစဉ်ဖြစ်ပါတယ်။ ဒီတပတ် နယူးယောက်မြို့က လစ်ဘာတီရုပ်တုကြီးအကြောင်းကို ပြောပြထားပါတယ်။ အပြည့်အစုံ VOA60 USA President Obama comments on chemical weapons in Syria during news conference- VOA60 America အပြည့်အစုံ |
| အကြံပေး၊ ဝေဖန်၊ မေးခွန်းများရှိပါက အီးမေးပေးပို့ရန်။ burmese@voanews.com
|
| Voice of America 330 Independence Ave. SW Suite 3166 Washington, D.C. 20237 USA |
ဖိလစ်ပိုင်လေဘေးကူညီဖို့ ကန်လေယာဉ်တင်သင်္ဘော စေလွှတ်
OIC ခရီးစဉ် ကန့်ကွက်ဆန္ဒပြ
မြန်မာမီတာခတိုးမြှင့်မှု ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်အထိ ဆိုင်းငံ့
လူ့အခွင့်အရေးကောင်စီမှာ တရုတ်၊ ရုရှားနဲ့ ဆော်ဒီ အဖွဲ့ဝင်သစ်အဖြစ်ပါဝင်
၂၀၁၅ မှာ ရေနံအထွက်များဆုံးနိုင်ငံ အမေရိကန်ဖြစ်မည်
အမေရိကန်စစ်သင်္ဘောကြီး မုန်တိုင်းကယ်ဆယ်ရေး ကူညီဖို့ ဖိလစ်ပိုင်ကိုထွက်ခွာ
ကမ္ဘောဒီးယားဆန္ဒပြမှု ရဲပစ်ခတ်လို့ ၁ ဦးသေဆုံး
VOA60 USA
No comments:
Post a Comment