ဗွီအိုအေမြန်မာ နေ့စဉ် သတင်းလွှာ နိုဝင်ဘာလ ၁၄၊ ၂၀၁၃ ဗွီအိုအေမြန်မာသတင်းဌာန၏ နေ့စဉ် နောက်ဆုံးရ မြန်မာ နှင့် နိုင်ငံတကာ သတင်းများ၊ သတင်းဆောင်းပါးများ နဲ့ နေ့စဉ် တီဗွီမဂ္ဂဇင်း/သတင်းလွှာ အစီအစဉ်... |
| မြန်မာ OIC အဖွဲ့ မြန်မာနိုင်ငံခရီးစဉ် ကုလကြိုဆို “OIC ကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံကို လာရောက်ဖို့ အစိုးရကလက်ခံတာဟာ ကောင်းမွန်တဲ့ အရေးယူဆောင်ရွက်ချက်ဖြစ်ပါတယ်။ ပြဿနာကို အဖြေရှာတဲ့နေရာမှာ ဒါဟာ ပထမခြေလှမ်းပါ။ ဒီခရီးစဉ်မှာ OIC က ရုံးခန်းဖွင့်ဖို့ ကြိုးစားမယ့်သဘောမျိုး မဟုတ်ပါဘူး။ စေတနာအရင်းနဲ့ လက်ရှိ ရခိုင်ပြည်နယ် ပြဿနာကို ဖြေရှင်းဖို့ ကြိုးစား..." အပြည့်အစုံ အမေရိကန်သမ္မတဟောင်း ဘီလ် ကလင်တန် မြန်မာပြည်ရောက် "အမေရိကန်ရဲ့ ၄၂ ကြိမ်မြောက် သမ္မတဖြစ်ခဲ့သူ မစ္စတာကလင်တန်ဟာ မြန်မာပြည်မှာရောက်နေပြီး ဒီမိုကရေစီ အလှည့်အပြောင်း ကူးပြောင်းရေးကာလမှာ ရင်ဆိုင်ရမယ့် စိန်ခေါ်မှုတွေနဲ့အတူ သူ့ရဲ့နိုင်ငံသားတစ်ယောက်၊ နိုင်ငံရေးသမားတစ်ယောက်၊ သမ္မတဟောင်းတစ်ယောက်ရဲ့ ဘဝဖြစ်စဉ်ကိုလည်း ဟောပြောဖို့ ရှိပါတယ်။" အပြည့်အစုံ စီတန်းလှည့်လည်ခွင့် ဥပဒေပြင်ဆင်ရေး ဆွေးနွေးဖို့ ပြည်သူ့လွှတ်တော်လက်ခံ “ပုဒ်မ ၁၈ က ပျော့သွားနိုင်တာပေါ့။ သူတို့ဆီက ခွင့်ပြုချက်ရမှ ဆန္ဒပြတာမျိုး မဟုတ်တော့ဘဲ ပုဒ်မ ၁၈ ခွင့်ပြုချက် ရမှဆိုတာထက် ကျနော်တို့က ဘယ်နှစ်နာရီ ကြိုပြီး အကြောင်းကြားရမည် ဆိုတာမျိုးပေါ့နော်။ စည်းကမ်းသတ်မှတ်ထားချက်တွေတော့ လိုက်နာရမှာပေါ့လေ။ အဲဒါတွေနဲ့အညီ ဆန္ဒပြမယ်၊ ငြိမ်းချမ်းစွာ ဆန္ဒပြမယ်ဆိုပြီးတော့..." အပြည့်အစုံ OIC ကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံခရီးစဉ်စတင် “ဒီခရီးစဉ်က တချို့တွေ သတင်းဖြန့်သလို OIC အဖွဲ့အနေနဲ့ ကျနော်တို့နိုင်ငံမှာ ရုံးခန်းဖွင့်မယ်ဆိုတဲ့ကိစ္စတွေ၊ နောက်တခါ ရခိုင်ပြည်နယ်မှာရှိတဲ့ ဘင်္ဂါလီ တိုင်းရင်းသားတွေကို ရိုဟင်ဂျာနာမည်နဲ့ တိုင်းရင်းသား လူမျိုးအဖြစ် သတ်မှတ်ပေးဖို့ ဆိုတဲ့ကိစ္စတွေနဲ့ပတ်သက်ပြီး ဘာမှ မဆိုင်ပါဘူး။ တည်ငြိမ်အေးချမ်းရေးနဲ့...." အပြည့်အစုံ ထိုင်းဘုရင်မင်းမြတ် မွေးနေ့ မြန်မာ အကျဉ်းသားများ လွှတ်ပေးဖို့ မေတ္တာရပ်ခံ “မိဖုရားကြီးမွေးနေ့၊ ဘုရင်ကြီးမွေးနေ့ဆိုရင် ကျနော်တို့က မတိုင်ခင်ကတည်းက ကြိုပို့ထားတာပေါ့နော်။ ကြိုပို့တဲ့အခါမှာ နာမည်စာရင်းတွေ ပြုစုပြီးတော့ လွတ်ငြိမ်းချမ်းသာခွင့် ကျနော်တို့တွေ တင်ပါတယ်။ ပြီးတော့ လွတ်ငြိမ်းချမ်းသာခွင့် မရသည့်တိုင်အောင် ပြစ်ဒဏ် သက်သာခွင့်ရအောင်ပေါ့လေ ကျနော်တို့က တင်ပေးပါတယ်။" အပြည့်အစုံ ကုလလူသားချင်းစာနာမှု အကြီးအကဲ ဖိလစ်ပိုင်မုန်တိုင်းသင့် ဒေသရောက် "ဆေးဝါးအထောက်အပံ့တွေ၊ အစားအစာ၊ ရေသန့်နဲ့ အခြေခံ သန့်စင်ရေးပစ္စည်းတွေ လိုအပ်နေတဲ့ ဒေသခံတွေရဲ့ ခံနိုင်ရည်အပေါ်မှာ ကုလသမဂ္ဂ အကြီးအကဲ Amos အနေနဲ့ အံ့အားသင့်ရတယ်လို့ ကုလသမဂ္ဂ ပြောခွင့်ရသူက ပြောပါတယ်။ သူတို့ဟာ မုန်တိုင်းရိုက်ခတ်ပြီးနောက် ၅ ရက်ကြာအထိ လိုအပ်ချက်တွေ ရှိနေပေမဲ့ အခုလို တောင့်ခံနေနိုင်ကြတာပါ။" အပြည့်အစုံ ပါလက်စတိုင်းအဖွဲ့ စေ့စပ်ညှိနှိုင်းမှုက နှုတ်ထွက် "ဆွေးနွေးညှိနှိုင်းမှုမှာ တိုးတက်မှုတွေ မရတာကြောင့် သူတို့ ညှိနှိုင်းရေးအဖွဲ့ဟာ နောက်ဆုတ် ထွက်ခွာပြီလို့ ပါလက်စတိုင်း သမ္မတ မာမွတ် အာဘတ်စ်က အီဂျစ် ရုပ်မြင်သံကြားဌာနကို ပြောခဲ့ပါတယ်။ ဒါပေမဲ့ နောက်ထပ် ကိုယ်စားလှယ်အဖွဲ့သစ် ထပ်လွှတ်ရေး စဉ်းစားဖို့ သူ့အနေနဲ့ နားချ ဆွေးနွေးမှာဖြစ်တယ်လို့တော့..." အပြည့်အစုံ ၂၀၁၃ ခုနှစ်အတွင်း တိုက်ခတ်တဲ့ အပူပိုင်းမုန်တိုင်း ၈၆ ခုရှိပြီ "ဖိလစ်ပိုင်နိုင်ငံမှာ ပျက်စီးဆုံးရှုံးမှုတွေ အပြင်းအထန် ကြုံခဲ့ရတဲ့ Haiyan တိုင်ဖုန်းမုန်တိုင်း အပါအ၀င် ဒီနှစ်ထဲမှာ အပူပိုင်းမုန်တိုင်းပေါင်း ၈၆ ခု တိုက်ခတ်ခဲ့တဲ့အကြောင်း ကုလသမဂ္ဂရဲ့ ကမ္ဘာ့မိုးလေ၀သဆိုင်ရာအဖွဲ့ (WMO) က ပြောလိုက်ပါတယ်။" အပြည့်အစုံ ဖိလစ်ပိုင်မုန်တိုင်းဒဏ်သင့်သူ အများစု အကူအညီမရသေး "အကူအညီတွေ မရနိုင်ဘဲ ဖြစ်နေရတဲ့အတွက်လည်း မုန်တိုင်းကြောင့် လုံးဝနီးပါး ပျက်စီးသွားတဲ့ Tacloban မြို့အနီးက အစိုးရရဲ့ ဆန်ဂိုဒေါင် တလုံးကို ဒုက္ခသည်တွေ ၀င်ရောက် လုယက်ရာမှာ ပြိုကျပြီး ဒီကနေ့မှာပဲ လူ ၈ ဦး သေဆုံးခဲ့တာပါ။" အပြည့်အစုံ မြန်မာမီတာခတိုးမြှင့်မှု ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်အထိ ဆိုင်းငံ့ “လောလောဆယ် လုပ်ငန်းအခြေအနေတော့ အသက်ရှုချောင်သွားတာပေါ့။ ကျနော်တို့ ငါးနဲ့ပတ်သက်ရင်တော့ ငါးက လျှပ်စစ်နဲ့ပတ်သက်တာကတော့ ကျနော်တို့က နှစ်မျိုးပေါ့ဗျာ အဓိကက တိုက်ရိုက်ပတ်သက်တာကတော့။ အအေးခန်းတွေက လျှပ်စစ်ဓာတ်အားကို မဖြစ်မနေ သုံးရမယ်ဗျာ။ နောက်တခါ ရေခဲစက်တွေကလည်း လျှပ်စစ်ဓာတ်အားကို သုံးပြီးတော့ လည်ရတယ်ပေါ့။" အပြည့်အစုံ လူ့အခွင့်အရေးကောင်စီမှာ တရုတ်၊ ရုရှားနဲ့ ဆော်ဒီ အဖွဲ့ဝင်သစ်အဖြစ်ပါဝင် "ဒီနှစ်မှာဆိုရင် အကြောင်းမလှစွာပဲ တရုတ်၊ ရုရှား၊ ဆော်ဒီအာရေးဗီးယားနဲ့ ကျူးဘား နိုင်ငံတို့ အပါအ၀င် လူ့အခွင့်အရေး ချိုးဖောက်မှု အဆိုးဆုံး နိုင်ငံတွေ ကောင်စီထဲ ပြန်ပါလာပါတယ်။ ဒါဟာ ဘာကိုပြသလဲဆိုတော့ ကောင်စီထဲမှာပါတဲ့ လူ့အခွင့်အရေး ကာကွယ်မြှင့်တင်တဲ့ နိုင်ငံတွေအနေနဲ့ သူတို့လုပ်ရမယ့် အလုပ်တွေကို နှစ်ဆတိုး" အပြည့်အစုံ ကလင်တန်ဖေါင်ဒေးရှင်းတည်ထောင်သူ အမေရိကန်သမ္မတဟောင်း ဘီလ်ကလင်တန် မြန်မာနိုင်ငံကို ၃ ရက်ကြာခရီး ရောက်ရှိ၊ အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေး ကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံကိုရောက်ရှိ၊ဖိလစ်ပိုင်မှာမုန်တိုင်းဒဏ်သင့်သူတွေ အစားအသောက်နဲ့ နေစရာ အခက်အခဲတွေ ကြုံနေကြရစသည်...... အပြည့်အစုံ . အပြည့်အစုံ ဗြိတိန်နိုင်ငံ လန်ဒန်မြို့က နာမည်ကျော် Gadget ကုန်တိုက်မှာ Sony, Microsoft, TobyRich စတဲ့ အိုင်တီနည်းပညာ ကုမ္ပဏီကြီးတွေရဲ့ ၂၀၁၃ခုနှစ်အတွက် နောက်ဆုံးပေါ်ထုတ်လုပ်ထားတဲ့ အိုင်တီနည်းပညာအဆင့်မြင့်ပစ္စည်းတွေကို ခင်းကျင်းပြသထားခဲ့ပါတယ်။ မြန်မာပရိသတ်အတွက် မိတ်ဆက်အဖြစ် မအင်ကြင်းနိုင်က တင်ပြထားပါတယ်။ အပြည့်အစုံ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်ကျင်းပမယ့် ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲမှာ မြန်မာနိုင်ငံအနေနဲ့ ထိပ်ဆုံး အဆင့် ၄ နိုင်ငံထဲမှာ ပါဝင်မှာဖြစ်တယ်လို့အားကစားဝန်ကြီးဌာန ဒု-ညွန်ကြားရေးမှူး ဦးကျော်ဇင်မိုးက ပြောပါတယ်။ ကိုရန်နိုင်က နေပြည်တော်မှာ တွေ့ ဆုံ မေးမြန်းထားပါတယ်။ အပြည့်အစုံ ရုရှားနိုင်ငံမှာကျင်းပခဲ့တဲ့ Miss Universe ပြိုင်ပွဲအတွင်း မြန်မာနိုင်ငံ ကိုယ်စားပြုပြီး အကောင်းဆုံး ၀င်ရောက်ယှဉ်ပြိုင်နိုင်ခဲ့တယ်လို့ Miss Universe Myanamar 2013 မိုးစက်ဝိုင်က ရန်ကုန်မြို့မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ပြောကြားခဲ့ပါတယ်။ ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။ အပြည့်အစုံ |
| အကြံပေး၊ ဝေဖန်၊ မေးခွန်းများရှိပါက အီးမေးပေးပို့ရန်။ burmese@voanews.com
|
| Voice of America 330 Independence Ave. SW Suite 3166 Washington, D.C. 20237 USA |
OIC အဖွဲ့ မြန်မာနိုင်ငံခရီးစဉ် ကုလကြိုဆို
အမေရိကန်သမ္မတဟောင်း ဘီလ် ကလင်တန် မြန်မာပြည်ရောက်
စီတန်းလှည့်လည်ခွင့် ဥပဒေပြင်ဆင်ရေး ဆွေးနွေးဖို့ ပြည်သူ့လွှတ်တော်လက်ခံ
OIC ကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံခရီးစဉ်စတင်
ထိုင်းဘုရင်မင်းမြတ် မွေးနေ့ မြန်မာ အကျဉ်းသားများ လွှတ်ပေးဖို့ မေတ္တာရပ်ခံ
ကုလလူသားချင်းစာနာမှု အကြီးအကဲ ဖိလစ်ပိုင်မုန်တိုင်းသင့် ဒေသရောက်
ပါလက်စတိုင်းအဖွဲ့ စေ့စပ်ညှိနှိုင်းမှုက နှုတ်ထွက်
၂၀၁၃ ခုနှစ်အတွင်း တိုက်ခတ်တဲ့ အပူပိုင်းမုန်တိုင်း ၈၆ ခုရှိပြီ
ဖိလစ်ပိုင်မုန်တိုင်းဒဏ်သင့်သူ အများစု အကူအညီမရသေး
မြန်မာမီတာခတိုးမြှင့်မှု ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်အထိ ဆိုင်းငံ့
လူ့အခွင့်အရေးကောင်စီမှာ တရုတ်၊ ရုရှားနဲ့ ဆော်ဒီ အဖွဲ့ဝင်သစ်အဖြစ်ပါဝင်
No comments:
Post a Comment