ဗွီအိုအေမြန်မာ နေ့စဉ် သတင်းလွှာ နိုဝင်ဘာလ ၀၉၊ ၂၀၁၃ ဗွီအိုအေမြန်မာသတင်းဌာန၏ နေ့စဉ် နောက်ဆုံးရ မြန်မာ နှင့် နိုင်ငံတကာ သတင်းများ၊ သတင်းဆောင်းပါးများ နဲ့ နေ့စဉ် တီဗွီမဂ္ဂဇင်း/သတင်းလွှာ အစီအစဉ်... |
| မြန်မာ ထိုင်းမှာ ရောင်းစား ခံရသူ မြန်မာ ၂၆ ဦး ကယ်တင်နိုင်ခဲ့ ပလတ်စတစ် ပစ္စည်းအဟောင်းတွေကို သန့်စင်တဲ့ စက်ရုံတခုထဲမှာ ရောင်းစားခံထားရတဲ့ မြန်မာနိုင်ငံသား ၂၆ဦးကို ထိုင်းအစိုးရ လူကုန်ကူးမူတိုက်ဖျက်ရေးအဖွဲ့တွေနဲ့အတူ ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများ အဖွဲ့က ပူးပေါင်း ကယ်တင်နိုင်ခဲ့ပါတယ်။ အပြည့်အစုံ မယ်စကြာဝဠာ ဆန်ခါတင် ရွေးချယ်ပွဲ အတွက် မိုးစက်ဝိုင် ယုံကြည်မှုတက် (ဗွီအိုအေနဲ့ သီးသန့်အမေးအဖြေ) "ဒီ ၁၆ယောက်ထဲ ပါသွားမယ်ဆိုရင် ငါးရက်နေ့ကထက် ပိုပြီးတော့ ကိုယ့်ကိုကိုယ် Performance ပိုကောင်းလာမယ်လို့ထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ့်ကိုကိုယ် ယုံကြည်မှု ပိုများလာလို့ ပိုပြီး ဘာလုပ်ရမလဲဆိုတာလဲ သိလာတယ်။" အပြည့်အစုံ မြန်မာနိုင်ငံ စိတ်ကြွဆေးသုံးစွဲသူ ပိုများလာ ကမ္ဘာတ၀ှမ်း စိတ်ကြွဆေး ဖမ်းဆီးရမိမှုတွေထဲ မြန်မာနိုင်ငံဟာလည်း အဓိက ဖမ်းဆီးမိတဲ့ တိုင်းပြည်တခုအဖြစ်နဲ့ တွေ့ရှိရတဲ့အကြောင်း ကုလသမဂ္ဂရဲ့ အစီရင်ခံစာသစ်က ဖော်ပြပါတယ်။ အပြည့်အစုံ ကချင်မှာ တိုက်ပွဲဆက်ဖြစ် ကချင်ပြည်နယ် မန်စီမြို့နယ် အတွင်းမှာ အောက်တိုဘာလ နောက်ဆုံးပတ် ကတည်းက ကချင်လွတ်လပ်ရေး တပ်ဖွဲ့ KIA နဲ့ အစိုးရအကြား တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားလာတာဟာ ဒီကနေ့အထိ ရပ်ဆိုင်းသွားတာ မရှိသေးပါဘူး။ အပြည့်အစုံ NLD ကိုယ်စားလှယ်အဖွဲ့ တရုတ်ပြည်သွားမည် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီကို တရုတ်နိုင်ငံက လာရောက်ဖို့ ဖိတ်ကြားထားတဲ့အတွက် ရှေ့လဆန်းမှာ ကိုယ်စားလှယ် အဖွဲ့တဖွဲ့ သွားရောက်ဖို့ ရှိနေပါတယ်။ အပြည့်အစုံ တိုက်ဖုန်းမုန်တိုင်းကြီး Haiyan ဖိလစ်ပိုင် ၀င်မွှေ ကမ္ဘာ့အင်အားအပြင်းထန်ဆုံး မုန်တိုင်းတွေထဲက တခုဖြစ်တဲ့ မုန်တိုင်းဟာ ဖိလစ်ပိုင်နိုင်ငံကို ဝင်ရောက်တိုက်ခတ်နေပြီး လူသုံးဦးသေဆုံးသွားပြီဖြစ်ပါတယ်။ အပြည့်အစုံ ပိတ်ဆို့မှု စာရင်းမှာ လူ့အခွင့်အရေး ချိုးဖေါက်သူတွေကို ဆက်ထားဖို့ မြန်မာ့အရေး လှုပ်ရှားသူတွေက သမ္မတ အိုဘားမားကို တောင်းဆို၊ ပြည်တွင်းငြိမ်းချမ်းရေး - ကချင်ခေါင်းဆောင် Dr တူးဂျာနဲ့ မေးမြန်းခန်း၊ ဖိလစ်ပိုင် မုန်တိုင်း အခြေအနေ ၊ ထိုင်းမြန်မာနယ်စပ်က God’s Army ဆိုင်ရာ သတင်းဆောင်းပါးတွေ ပါဝင်ပါတယ်။ အပြည့်အစုံ Burmese Weekly TV အပြည့်အစုံ ပစ်မှတ်ထား ဒဏ်ခတ်ပိတ်ဆို့မှု စာရင်းမှာ လူ့အခွင့်အရေး ချိုးဖေါက်သူတွေကို ဆက်ထားဖို့ မြန်မာ့အရေး လှုပ်ရှား သူတွေ သမ္မတအိုဘားမား အစိုးရကို တောင်းဆို ၊ NLD အဖွဲ့ချုပ် ခေါင်းဆောင်တွေကို တရုပ်နိုင်ငံက ဖိတ်ကြား ၊ UNODC ရဲ့ မူးယစ်ဆေးဝါး အစီရင်ခံစာနဲ့ မယ်စကြ၀ဠာပြိုင်ပွဲ အခြေအနေ သတင်းတွေ ပါဝင်ပါတယ်။ အပြည့်အစုံ တိုင်းရင်းသားဒေသတချို့မှာ ငြိမ်းချမ်းမှု မရှိသေးဘူးဆိုတာကို မြို့မှာ ငြိမ်းချမ်းတဲ့အရသာခံစားနေသူတွေကို သိစေချင်တယ်လို့ ဂီတနဲ့ ငြိမ်းချမ်းရေးအတွက် ကြိုးစားနေတဲ့ ကိုလင်းထက်ကပြောပါတယ်၊ ရောင်စုံဥယာဉ်ဆိုတဲ့ SEA Game အားကစားပြိုင်ပွဲအတွက်... အပြည့်အစုံ ဗြိတိသျှ အင်္ဂလိပ်စကားပြောနဲ့ သင်ကြားမှု ကျယ်ကျယ်ပြန့်ပြန့်ရှိနေသေးတဲ့ ဟောင်ကောင်မှာ အခု အမေရိကန် အင်္ဂလိပ်စာကို စပြီး လေ့ကျင့်နေကြတဲ့အကြောင်း VOA သတင်းထောက် Zlatica Hoke ရဲ့ သတင်းပေပို့ချက်ကို မခွာညိုက တင်ပြပေးထားပါတယ်။ အပြည့်အစုံ ငြိမ်းချမ်းဆွေးနွေးပွဲတွေအတွက် သူ့ကို ဖိတ်ကြားလာရင် တတ်နိုင်သလောက် ပါဝင် လုပ်ဆောင်ပေးသွားမယ်လို့ KIO ကချင်လွှတ်မြောက်ရေးအဖွဲ့ရဲ့ ဒုဥက္ကဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဒေါက်တာ တူးဂျာက ပြောပါတယ်။ ကိုဇော်ဝင်းလှိုင် မြစ်ကြီးနားမြို့မှာ တွေ့ဆုံမေးမြန်းထားတာပါ။ အပြည့်အစုံ မြန်မာနိုင်ငံအတွင်းမှာ အသက်မပြည့်တဲ့ မိန်းကလေးတွေအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုနဲ့ အဓမ္မကျင့်မှုတွေ ပိုများ လာတဲ့အတွက် ထိရောက်အောင် ကာကွယ်ဖို့ဆိုရင် ဥပဒေကြောင်းအရ ပြင်းပြင်းထန်ထန် အရေးယူသင့်တယ်ဆိုပြီး ထောက်ပြ ဝေဖန်မှုတွေ ရှိလာနေပါတယ်။ မြစ်မခ သတင်းအေဂျင်စီက မမေသင်္ကြန်ဟိန်က တင်ပြပါလိမ့်မယ်။ အပြည့်အစုံ |
| အကြံပေး၊ ဝေဖန်၊ မေးခွန်းများရှိပါက အီးမေးပေးပို့ရန်။ burmese@voanews.com
|
| Voice of America 330 Independence Ave. SW Suite 3166 Washington, D.C. 20237 USA |
ထိုင်းမှာ ရောင်းစား ခံရသူ မြန်မာ ၂၆ ဦး ကယ်တင်နိုင်ခဲ့
မယ်စကြာဝဠာ ဆန်ခါတင် ရွေးချယ်ပွဲ အတွက် မိုးစက်ဝိုင် ယုံကြည်မှုတက် (ဗွီအိုအေနဲ့ သီးသန့်အမေးအဖြေ)
မြန်မာနိုင်ငံ စိတ်ကြွဆေးသုံးစွဲသူ ပိုများလာ
ကချင်မှာ တိုက်ပွဲဆက်ဖြစ်
NLD ကိုယ်စားလှယ်အဖွဲ့ တရုတ်ပြည်သွားမည်
တိုက်ဖုန်းမုန်တိုင်းကြီး Haiyan ဖိလစ်ပိုင် ၀င်မွှေ
No comments:
Post a Comment