ဗွီအိုအေမြန်မာ နေ့စဉ် သတင်းလွှာ နိုဝင်ဘာလ ၂၇၊ ၂၀၁၃ ဗွီအိုအေမြန်မာသတင်းဌာန၏ နေ့စဉ် နောက်ဆုံးရ မြန်မာ နှင့် နိုင်ငံတကာ သတင်းများ၊ သတင်းဆောင်းပါးများ နဲ့ နေ့စဉ် တီဗွီမဂ္ဂဇင်း/သတင်းလွှာ အစီအစဉ်... |
| မြန်မာ မြန်မာလက်နက်ကိုင်တပ်ဖွဲ့တွေ မြေမြှုပ်မိုင်းမသုံးရန် LCM တိုက်တွန်း “အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေအကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ လုပ်နေချိန်မှာ နှစ်ဘက်စလုံးက မြေမြှုပ်မိုင်း မသုံးဘူးဆိုတာ လူထုသိအောင် ကြေညာပေးဖို့ ကျနော်တို့ တိုက်တွန်းပါတယ်။ ငြိမ်းချမ်းဖို့ ဆွေးနွေးနေကြတာမို့ မြေမြှုပ်မိုင်းကို သုံးစရာအကြောင်း မရှိပါဘူး။” အပြည့်အစုံ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့အကြီးအကဲ မြန်မာပြည် သွားမည် "နေပြည်တော်နဲ့ ရန်ကုန်မြို့တွေကို သွားရောက်မယ့် IMF အကြီးအကဲ Christine Lagarde ဟာ ဒုသမ္မတ ဦးဉာဏ်ထွန်း၊ အခွန်ဘဏ္ဍာဝန်ကြီး ဦးဝင်းစိန်၊ ဗဟိုဘဏ်ဥက္ကဌ ဦးကျော်ကျော်မောင်တို့နဲ့ တွေ့ဆုံဆွေးနွေးဖို့ အစီအစဉ်ရှိပါတယ်။ ဒေါ်အောင်ဆန်း စုကြည်နဲ့လည်း တွေ့ဆုံမှာဖြစ်ပြီး စီးပွားရေးမှာ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍကို..." အပြည့်အစုံ သံတွဲအကြမ်းဖက်မှုနဲ့ဆက်နွယ်သူ ၉၀ ကျော် စတင်အရေးယူ "ဒီအကြမ်းဖက်မှုနဲ့ပတ်သက်ပြီးတော့ မည်သူပဲဖြစ်စေ၊ ဘယ်ဘက်ကပဲလုပ်လုပ် ကျနော်တို့အနေနဲ့ တိတိကျကျ အရေးယူသွားမယ်ဆိုတာ ကျနော်တို့ ပြောခဲ့ပါတယ်။ ပြောခဲ့တဲ့အတိုင်းပဲ ကျနော်တို့ အကောင်အထည်ဖော် ဆောင်ရွက်တဲ့အခြေအနေကို ပြည်သူတွေသိနိုင်အောင်..." အပြည့်အစုံ ဒေါ်စု သြစတြေးလျ ခရီးစတင် “ဒီခရီးစဉ်တခုလုံးရဲ့ အဓိကရည်ရွယ်ချက်ကတော့ World AIDS Day အခမ်းအနားကို တက်ရောက်ဖို့ပါ။ Melbourne မှာ ဒီဇင်ဘာလ ၁ ရက်နေ့ ကျင်းပမယ့် World AIDS Day အခမ်းအနားပေါ့ဗျာ ဒီအခမ်းအနားကို တက်ရောက်ဖို့ကတော့ အဓိကရည်ရွယ်ချက်ပါ။ နောက်ပြီးကျတော့ Canberra မှာရှိတဲ့ သြစတြေးလျလွှတ်တော်ကို သွားရောက် လေ့လာစရာတွေ..." အပြည့်အစုံ ငှက်ဖျားရောဂါပူးပေါင်းတိုက်ဖျက်ရေး လုပ်ငန်းရှင်တွေဆောင်ရွက် အာရှ-ပစိဖိတ်ဒေသအတွင်း ငှက်ဖျားရောဂါအဖြစ်အများဆုံးနိုင်ငံစာရင်းဝင် မြန်မာနိုင်ငံမှာ လုပ်ငန်းခွင်အတွင်း ငှက်ဖျားရောဂါလျော့ပါးရေးနဲ့ ငှက်ဖျားဆေးယဉ်ပါးမှုပညာပေးဖို့အတွက် လုပ်ငန်းရှင်တွေက တာဝန်သိသိ ပူးပေါင်းဆောင်ရွက်ရေး နည်းလမ်းသတ်မှတ်ဖို့ ဆွေးနွေးပွဲ ကျင်းပခဲ့ပါတယ်။ အပြည့်အစုံ အရှေ့တရုတ်ပင်လယ်ပေါ် အမေရိကန်စစ်လေယာဉ်ပျံသန်း "အငြင်းပွားစရာဖြစ်နေတဲ့ ကျွန်းတွေအပေါ်မှာ တနင်္လာနေ့တုန်းက B52 ဗုံးကြဲလေယာဉ် ၂ စင်း ပုံမှန်လေ့ကျင့်ရေး လုပ်ခဲ့တယ်လို့ Pentagon စစ်ဌာနချုပ် တာဝန်ရှိသူတွေက ပြောပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ တရုတ်အစိုးရဘက်က တစုံတရာ တုံ့ပြန်မှု မရှိသေးပါဘူး။" အပြည့်အစုံ ဘင်္ဂလားဒေ့ရှ်ဆန္ဒပြပွဲ အနည်းဆုံး လူ ၁ ဦးသေ "ဇန်နဝါရီလ ၅ ရက်နေ့မှာ ရွေးကောက်ပွဲလုပ်မယ်လို့ မနေ့က ကြေညာအပြီးမှာ ဆန္ဒပြသူတွေက ပေါက်ကွဲစေတာတွေ ပစ်ထည့်တာနဲ့ ကားလမ်းတွေ မီးရထားလမ်းတွေကို ပိတ်ဆို့ဖျက်ဆီးတာတွေ လုပ်ခဲ့ချိန်မှာ အခုလို ရဲတွေနဲ့ ရင်ဆိုင် တိုက်ခိုက်မှုတွေ ဖြစ်ခဲ့တာပါ။" အပြည့်အစုံ ထိုင်းဆန္ဒပြသမားတွေ အစိုးရရုံးတွေကို ဆက်လက်သိမ်းပိုက် "ထိုင်းနိုင်ငံမှာ ဝန်ကြီးချုပ်ကို ဖြုတ်ချဖို့ ကြိုးစားနေကြတဲ့ အတိုက်အခံ ဆန္ဒပြသူတွေဟာ ဘန်ကောက်က အရေးပါတဲ့ အစိုးရအဆောက်အဦးတွေကို ဆက်ပြီး သိမ်းပိုက်ဖို့ ကြိုးစားနေကြသလို ဝန်ကြီးချုပ် ယင်းလတ်ရှင်နဝပ် (Yingluck Shinawatra) ဟာလည်း လွှတ်တော်တွင်း အယုံအကြည်မရှိ မဲပေးမှုတွေနဲ့ ကြုံနေရပါတယ်။" အပြည့်အစုံ ဘန်ကောက်မှာ အရေးပေါ်လုံခြုံရေးဥပဒေထုတ်ပြန် ထိုင်းနိုင်ငံမှာ အစိုးရကိုဖြုတ်ချဖို့ အတိုက်အခံအင်အားစုတွေ ဦးဆောင်ပြီး ဆန္ဒပြကြရာမှာ အရေးကြီးတဲ့ဝန်ကြီးဌာနတွေကို ဝင်ရောက်စီးနင်းခံရပြီးတဲ့နောက် ဘန်ကောက်နေရာအတော်များများမှာ အထူးလုံခြုံရေးဥပဒေတွေကို ထိုင်းဝန်ကြီးချုပ်က ထပ်ပြီးထုတ်ပြန်လိုက်ပါတယ်။ အပြည့်အစုံ သင်္ဃန်းကျွန်းမြို့နယ်၊ မိကျောင်းကန် ရပ်ကွက်က ပြည်သူတွေရဲ့ အသိမ်းခံမြေတွေ ပြန်ရရေး သပိတ်၊ အပတ်စဉ်တင်ဆက်နေကြ ကမ္ဘာတလွှား ခရီးသွားအစီအစဉ်နဲ့ ကျန်းမာရေးအစီအစဉ်၊ အမေရိကန် ဌာနေ တိုင်းရင်းသား ပြတိုက်က ကျေးဇူးတော်နေ့ ရိုးရာ အစားအသောက် ရောင်းချပွဲ အကြောင်းတွေ ပါဝင်ပါတယ်။ အပြည့်အစုံ ဗွီအိုအေ တီဗွီသတင်းလွှာအစီအစဉ်ကို ဆက်လက်ထုတ်လွှင့်နေပါတယ်။ အခုတပတ် ကမ္ဘာတလွှားခရီးသွား အတွက် မစုမြတ်မွန်က တရုတ်နိုင်ငံက မဟာတံတိုင်းကြီး ဆီကို ခေါ်သွားပါလိမ့်မယ်။ အပြည့်အစုံ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သြစတြေးလျနိုင်ငံကို သွားရောက်တဲ့သတင်း၊ နာရေးကူညီမှုအသင်းက ဦးကျော်သူ ထိုင်းမြန်မာနယ်စပ် မယ်တော်ဆေးခန်းကို သွားရောက် လေ့လာပြီး လူမှုရေးလုပ်ငန်းတွေ ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေးတဲ့သတင်းတွေ ပါဝင်ပါတယ်။ အပြည့်အစုံ ၀ါရှင်တန်မြို့တော် အမေရိကန် ဌာနေ တိုင်းရင်းသား ပြတိုက်က စားသောက်ဆိုင် တခုမှာ ကျေးဇူးတော်နေ့ စတင်ပေါ်ပေါက်ခဲ့တဲ့ ရိုးရာ အစဉ်အလာနဲ့အညီ အစားအသောက်တွေကို ခင်းကျင်းရောင်းချပါတယ်။ ဗွီအိုအေ သတင်းထောက် Steve Baragona သတင်းပေးပို့ ထားတာကို ကိုအောင်အောင်က ပြောပြပေးမှာပါ။ အပြည့်အစုံ . အပြည့်အစုံ နှစ်စဉ် ကလေးငယ်ပေါင်း ၁၅ သန်းလောက် လမစေ့ဘဲမွေးတဲ့ ပြဿနာကို တားဆီးကာကွယ်နိုင်ရေး ကမ္ဘာအနှံ့လှုပ်ရှားမှု စတင်နေပါတယ်။ လမစေ့ဘဲမွေးတဲ့အတွက် မွေးကင်းစကလေးငယ်တွေ သေဆုံးမှုအပြင် ကိုယ်အင်္ဂါချို့တဲ့မှု၊ ရောဂါထူပြောမှု စတဲ့ နောက်ဆက်တွဲ ပြဿနာတွေ ပေါ်စေပါတယ်။ Carol Pearson ရဲ့သတင်းလွှာကို မအေးသန္တာကျော်က တင်ပြထားပါတယ်။ အပြည့်အစုံ ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းမြို့နယ် မိကျောင်းကန် ရပ်ကွက်မှာ နေထိုင်ကြတဲ့ ဒေသခံ ပြည်သူ ၃၀၀ ကျော်ဟာ သူတို့ ပိုင်ဆိုင်တဲ့ မြေတွေကို ပြန်လည်ရရှိဖို့ တောင်းဆိုရင်း မိကျောင်းကန်ရပ်ကွက်ရှေ့ လမ်းမဘေးမှာ နောက်တကြိမ် သပိတ်စခန်းဖွင့် ဆန္ဒပြနေကြပါတယ်။ ရန်ကုန်အခြေစိုက် VOA သတင်းထောက် ကိုစည်သူက ပြောပြပေးမှာပါ။ အပြည့်အစုံ VOA60 World VOA60 World အပြည့်အစုံ VOA60 USA President Obama comments on chemical weapons in Syria during news conference- VOA60 America အပြည့်အစုံ |
| အကြံပေး၊ ဝေဖန်၊ မေးခွန်းများရှိပါက အီးမေးပေးပို့ရန်။ burmese@voanews.com
|
| Voice of America 330 Independence Ave. SW Suite 3166 Washington, D.C. 20237 USA |
မြန်မာလက်နက်ကိုင်တပ်ဖွဲ့တွေ မြေမြှုပ်မိုင်းမသုံးရန် LCM တိုက်တွန်း
နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့အကြီးအကဲ မြန်မာပြည် သွားမည်
သံတွဲအကြမ်းဖက်မှုနဲ့ဆက်နွယ်သူ ၉၀ ကျော် စတင်အရေးယူ
ဒေါ်စု သြစတြေးလျ ခရီးစတင်
ငှက်ဖျားရောဂါပူးပေါင်းတိုက်ဖျက်ရေး လုပ်ငန်းရှင်တွေဆောင်ရွက်
အရှေ့တရုတ်ပင်လယ်ပေါ် အမေရိကန်စစ်လေယာဉ်ပျံသန်း
ဘင်္ဂလားဒေ့ရှ်ဆန္ဒပြပွဲ အနည်းဆုံး လူ ၁ ဦးသေ
ထိုင်းဆန္ဒပြသမားတွေ အစိုးရရုံးတွေကို ဆက်လက်သိမ်းပိုက်
ဘန်ကောက်မှာ အရေးပေါ်လုံခြုံရေးဥပဒေထုတ်ပြန်
VOA60 World
VOA60 USA
No comments:
Post a Comment