ဗွီအိုအေမြန်မာ နေ့စဉ် သတင်းလွှာ နိုဝင်ဘာလ ၂၈၊ ၂၀၁၃ ဗွီအိုအေမြန်မာသတင်းဌာန၏ နေ့စဉ် နောက်ဆုံးရ မြန်မာ နှင့် နိုင်ငံတကာ သတင်းများ၊ သတင်းဆောင်းပါးများ နဲ့ နေ့စဉ် တီဗွီမဂ္ဂဇင်း/သတင်းလွှာ အစီအစဉ်... |
| မြန်မာ ကာကွယ်ရေးဦးစီးချုပ်တစ်ဦးတည်း အာဏာရှိနေတဲ့ ဖွဲ့စည်းပုံ ပြင်ဆင်ရေး ဒေါ်စုဝေဖန် "ဘာဖြစ်လို့လဲဆိုတော့ ကာကွယ်ရေးဦးစီးချုပ်ဆိုတာက ရွေးကောက်တင်မြှောက်ထားသူ မဟုတ်ပါဘူး။ အခြေခံဥပဒေထဲက လုံးဝကို ဒီမိုကရေစီမဆန်တဲ့ ကိစ္စတွေ တသီတတန်း ထဲမှာ ဒီကိစ္စက ထိပ်ဆုံးက ပါပါတယ်။ မြန်မာနိုင်ငံအနေနဲ့ စစ်မှန်တဲ့ ဒီမိုကရေစီ လမ်းကြောင်းကို သွားမယ်ဆိုရင်တော့ ဒီဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ရပါ လိမ့်မယ်။" အပြည့်အစုံ မြန်မာလက်နက်ကိုင်တပ်ဖွဲ့တွေ မြေမြှုပ်မိုင်းမသုံးရန် LCM တိုက်တွန်း “အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေအကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ လုပ်နေချိန်မှာ နှစ်ဘက်စလုံးက မြေမြှုပ်မိုင်း မသုံးဘူးဆိုတာ လူထုသိအောင် ကြေညာပေးဖို့ ကျနော်တို့ တိုက်တွန်းပါတယ်။ ငြိမ်းချမ်းဖို့ ဆွေးနွေးနေကြတာမို့ မြေမြှုပ်မိုင်းကို သုံးစရာအကြောင်း မရှိပါဘူး။” အပြည့်အစုံ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့အကြီးအကဲ မြန်မာပြည် သွားမည် "နေပြည်တော်နဲ့ ရန်ကုန်မြို့တွေကို သွားရောက်မယ့် IMF အကြီးအကဲ Christine Lagarde ဟာ ဒုသမ္မတ ဦးဉာဏ်ထွန်း၊ အခွန်ဘဏ္ဍာဝန်ကြီး ဦးဝင်းစိန်၊ ဗဟိုဘဏ်ဥက္ကဌ ဦးကျော်ကျော်မောင်တို့နဲ့ တွေ့ဆုံဆွေးနွေးဖို့ အစီအစဉ်ရှိပါတယ်။ ဒေါ်အောင်ဆန်း စုကြည်နဲ့လည်း တွေ့ဆုံမှာဖြစ်ပြီး စီးပွားရေးမှာ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍကို..." အပြည့်အစုံ ထိုင်းအစိုးရဆန့်ကျင်သူတွေ ဘဏ္ဍာရေးနဲ့ နိုင်ငံခြားရေးဝန်ကြီးဌာန စီးနင်းသိမ်းပိုက် "ဆန့်ကျင်ရေးသမားတွေရဲ့ ခေါင်းဆောင်ဖြစ်တဲ့ ဆူထက် သောင်ဆူဘန် (Suthep Thaugsuban) က အစိုးရလုပ်ငန်းတွေ ဆက်လုပ်လို့မရအောင် ဝန်ကြီးဌာနတိုင်းဆီကို ချီတက်ရမယ်လို့ သူ့ကို ထောက်ခံသူတွေကို ပြောပါတယ်။" အပြည့်အစုံ "၂၀၁၀ ခုနှစ်တုန်း အင်ဒိုနီးရှားနိုင်ငံ ရင်ဆိုင်ခဲ့ရတဲ့ သဘာဝဘေးဒဏ်ခံခဲ့ရတဲ့ လူမှုအသိုင်းအဝိုင်းတွေကြား ဘယ်လောက်တိုးတက်မှုတွေ ရှိနေသလဲဆိုတာကို သိနိုင်အောင် ဘေးဒဏ်ပြန်လည်ထူထောင်ရေး ကိန်းဂဏန်း ကောက်ခံမှုကို စတင်ခဲ့ပါတယ်။" အပြည့်အစုံ အမေရိကန်ကျေးဇူးတော်နေ့ သမ္မတအိုဘားမား ကြက်ဆင်ဘေးမဲ့ပေး "ဒါပေမဲ့ Popcorn and Caramel လို့ နာမည်ပေးထားတဲ့ ကြက်ဆင် ၂ ကောင်ကိုတော့ ဘေးမဲ့ပေးလိုက်တယ်လို့ အိမ်ဖြူတော်မှာ သမ္မတ အိုဘားမားက ပြောကြားခဲ့ပါတယ်။ ကျေးဇူးတော်နေ့ ရုံးပိတ်ရက်ဟာ တနယ်တကျေးကို ရောက်နေကြတဲ့ အမေရိကန်တွေ မိသားစုတွေရှိရာကို ပြန်လာကြပြီး ဝိုင်းဖွဲ့ဆုံဆည်းကြတဲ့ အချိန်ဖြစ်ပါတယ်။" အပြည့်အစုံ အမေရိကန်မှာ ပထမဆုံးပုံနှိပ်ခဲ့တဲ့စာအုပ် ဒေါ်လာ ၁၄ သန်းကျော်နဲ့ဝယ်ယူ "သိပ်ကိုရှားပါးလွန်းတဲ့ The Bay Psalm Book စာအုပ်တစ်အုပ်ကို အင်္ဂါနေ့က နယူးယောက်မြို့မှာလုပ်ခဲ့တဲ့ လေလံပွဲအတွင်း အမေရိကန်ဒေါ်လာ ၁၄ ဒဿမ ၂ သန်းနဲ့ ရောင်းခဲ့တယ်လို့ Sotheby လေလံကုမ္ပဏီက ကြေညာတာပါ။" အပြည့်အစုံ အမေရိကန် စစ်လေယာဉ်ပျံသန်းမှု တရုတ်စောင့်ကြည့်ခဲ့ "ဗုံးကျဲလေယာဉ်တွေ ပျံသန်းနေတဲ့တချိန်လုံးမှာ စောင့်ကြည့်နေခဲ့ပြီး အချိန်နဲ့တပြေးညီ မှတ်တမ်းတင်ခဲ့တယ်လို့ တရုတ်ကာကွယ်ရေးဝန်ကြီးဌာနက ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။ အဲဒီဒေသကို ထိထိရောက်ရောက် ထိန်းချုပ်နိုင်ဖို့ တရုတ်နိုင်ငံအနေနဲ့ လုပ်ဆောင်နိုင်စွမ်း ရှိတယ်လို့လည်း သတိပေးခဲ့ပါတယ်။" အပြည့်အစုံ အရှေ့တရုတ်ပင်လယ်ပေါ် အမေရိကန်စစ်လေယာဉ်ပျံသန်း "အငြင်းပွားစရာဖြစ်နေတဲ့ ကျွန်းတွေအပေါ်မှာ တနင်္လာနေ့တုန်းက B52 ဗုံးကြဲလေယာဉ် ၂ စင်း ပုံမှန်လေ့ကျင့်ရေး လုပ်ခဲ့တယ်လို့ Pentagon စစ်ဌာနချုပ် တာဝန်ရှိသူတွေက ပြောပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ တရုတ်အစိုးရဘက်က တစုံတရာ တုံ့ပြန်မှု မရှိသေးပါဘူး။" အပြည့်အစုံ . အပြည့်အစုံ သင်္ဃန်းကျွန်းမြို့နယ်၊ မိကျောင်းကန် ရပ်ကွက်က ပြည်သူတွေရဲ့ အသိမ်းခံမြေတွေ ပြန်ရရေး သပိတ်၊ အပတ်စဉ်တင်ဆက်နေကြ ကမ္ဘာတလွှား ခရီးသွားအစီအစဉ်နဲ့ ကျန်းမာရေးအစီအစဉ်၊ အမေရိကန် ဌာနေ တိုင်းရင်းသား ပြတိုက်က ကျေးဇူးတော်နေ့ ရိုးရာ အစားအသောက် ရောင်းချပွဲ အကြောင်းတွေ ပါဝင်ပါတယ်။ အပြည့်အစုံ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေးမှာ၊ ရွေးကောက်တင်မြှောက်ခံထားရသူ မဟုတ်တဲ့ ကာကွယ်ရေး ဦးစီးချုပ် တဦးတယောက်ရဲ့ သဘောထားအပေါ် မူတည်နေတာဟာ ဒီမိုကရေစီမဆန်တဲ့အကြောင်း သြစတေးလျနိုင်ငံ ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောဆိုချက်နဲ့ ခရီးစဉ်နဲ့ သက်ဆိုင်တဲ့ သတင်းတွေ ပါဝင်ပါတယ်။ အပြည့်အစုံ နိုဝင်ဘာလ ၂၅ ရက်နေ့ ကယ်လီဖိုးနီးယားပြည်နယ် San Francisco မြို့မှာ သမ္မတအိုဘားမားက လူဝင်မှုကြီးကြပ်ရေးအကြောင်း ဟောပြောနေတဲ့အချိန် သမ္မတဘေးမှာ ရပ်နေခဲ့တဲ့ မြန်မာနိုင်ငံက ရခိုင်တိုင်းရင်းသူ မနွယ်နွယ်ဦးကို ကိုအောင်လွင်ဦးက ဆက်သွယ်မေးမြန်းထားပါတယ်။ အပြည့်အစုံ ပြီးခဲ့တဲ့နှစ်က ရခိုင်ပြည်နယ်မှာ ဘာသာရေး လူမျိုးရေးအသွင်ဆောင်တဲ့ ပဋိပက္ခတွေဖြစ်ပွားပြီး မလေးရှားကို မွတ်စလင်ဒုက္ခသည်တွေ ပိုပြီး ရောက်လာတဲ့အကြောင်း ဗွီအိုအေသတင်းထောက် Mahi Ramakrishnan ကွာလာလမ်ပူမြို့ကနေ သတင်းပေးပို့ထားပါတယ်။ မအင်ကြင်းနိုင်က တင်ပြပါလိမ့်မယ်။ အပြည့်အစုံ အီရန်အပေါ် နိုင်ငံတကာရဲ့ အရေးယူ ပိတ်ဆို့မှုတွေ ရုတ်သိမ်းပြီး စီးပွားရေး ပိုမိုအားကောင်းလာ တဲ့အချိန်မှာ အီရန်ဘက်က သူ့ရဲ့ သြဇာသက်ရောက်မှုကို လက်နက်ပုံစံ တခြားနေရာတွေမှာ အသုံးချလာနိုင်တယ်ဆိုပြီး သုံးသပ်မှုတွေ ရှိနေပါတယ်။ VOA သတင်းထောက် AL Pessin သတင်းပေးပို့ထားတာကို ကိုသိန်းထိုက်ဦး တင်ပြပါလိမ့်မယ်။ အပြည့်အစုံ SEA Game မှာ ပါဝင်ယှဉ်ပြိုင်မယ့် အားကစားသမားတွေကို တရုတ်နိုင်ငံမှာ သွားရောက်လေ့ကျင့်ခဲ့တာ အပါအ၀င် ပြင်ဆင်နေတဲ့အခြေအနေတွေကို ပြေးခုန်ပစ်အဖွဲ့ချုပ် အတွင်းရေးမှူးလည်းဖြစ်၊ အားကစား ၀န်ကြီးဌာန ညွှန်ကြားရေးမှူးလည်းဖြစ်တဲ့ ဦးမြသန်းထိုက်ကို ကိုရန်နိုင်က နေပြည်တော်မှာ တွေ့ဆုံ မေးမြန်းထားပါတယ်။ အပြည့်အစုံ ဗွီအိုအေ တီဗွီသတင်းလွှာအစီအစဉ်ကို ဆက်လက်ထုတ်လွှင့်နေပါတယ်။ အခုတပတ် ကမ္ဘာတလွှားခရီးသွား အတွက် မစုမြတ်မွန်က တရုတ်နိုင်ငံက မဟာတံတိုင်းကြီး ဆီကို ခေါ်သွားပါလိမ့်မယ်။ အပြည့်အစုံ VOA60 World VOA60 World အပြည့်အစုံ VOA60 USA President Obama comments on chemical weapons in Syria during news conference- VOA60 America အပြည့်အစုံ VOA60 USA President Obama comments on chemical weapons in Syria during news conference- VOA60 America အပြည့်အစုံ |
| အကြံပေး၊ ဝေဖန်၊ မေးခွန်းများရှိပါက အီးမေးပေးပို့ရန်။ burmese@voanews.com
|
| Voice of America 330 Independence Ave. SW Suite 3166 Washington, D.C. 20237 USA |
ကာကွယ်ရေးဦးစီးချုပ်တစ်ဦးတည်း အာဏာရှိနေတဲ့ ဖွဲ့စည်းပုံ ပြင်ဆင်ရေး ဒေါ်စုဝေဖန်
မြန်မာလက်နက်ကိုင်တပ်ဖွဲ့တွေ မြေမြှုပ်မိုင်းမသုံးရန် LCM တိုက်တွန်း
နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့အကြီးအကဲ မြန်မာပြည် သွားမည်
ထိုင်းအစိုးရဆန့်ကျင်သူတွေ ဘဏ္ဍာရေးနဲ့ နိုင်ငံခြားရေးဝန်ကြီးဌာန စီးနင်းသိမ်းပိုက်
အမေရိကန်ကျေးဇူးတော်နေ့ သမ္မတအိုဘားမား ကြက်ဆင်ဘေးမဲ့ပေး
အမေရိကန်မှာ ပထမဆုံးပုံနှိပ်ခဲ့တဲ့စာအုပ် ဒေါ်လာ ၁၄ သန်းကျော်နဲ့ဝယ်ယူ
အမေရိကန် စစ်လေယာဉ်ပျံသန်းမှု တရုတ်စောင့်ကြည့်ခဲ့
အရှေ့တရုတ်ပင်လယ်ပေါ် အမေရိကန်စစ်လေယာဉ်ပျံသန်း
VOA60 World
VOA60 USA
VOA60 USA
No comments:
Post a Comment