ဗွီအိုအေမြန်မာ နေ့စဉ် သတင်းလွှာ နိုဝင်ဘာလ ၂၄၊ ၂၀၁၃ ဗွီအိုအေမြန်မာသတင်းဌာန၏ နေ့စဉ် နောက်ဆုံးရ မြန်မာ နှင့် နိုင်ငံတကာ သတင်းများ၊ သတင်းဆောင်းပါးများ နဲ့ နေ့စဉ် တီဗွီမဂ္ဂဇင်း/သတင်းလွှာ အစီအစဉ်... |
| မြန်မာ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ အတွက် UNFC ကိုယ်စားလှယ်အဖွဲ့ ခရီးစဉ် တနိုင်ငံလုံးအပစ်ရပ်စဲရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်နိုင်ရေး ဆွေးနွေးကြဖို့အတွက် မြန်မာငြိမ်းချမ်းရေးစင်တာက ဖိတ်ကြားချက်အရ ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) က ထိပ်ပိုင်းခေါင်းဆောင်သုံးဦးတို့ မြန်မာနိုင်ငံကို ရောက်ရှိလာပြီဖြစ်ပါတယ်။ အပြည့်အစုံ ဖွဲ့စည်းပုံပြင်ရေး ကြိုးပမ်းမှု NLD နောက်တစ်ဆင့်တက် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအတွက် NLD၊ လွှတ်တော်၊ သမ္မတနဲ့ နိုင်ငံရေးပါတီတွေ တွေ့ဆုံဆွေးနွေးရေး NLD က သမ္မတဆီကို မေတ္တာရပ်ခံစာပို့မယ်ဆိုတဲ့အပေါ် သမ္မတရဲ့ပြောခွင့်ရ ဦးရဲထွဋ်ကလည်း စာမရသေးတဲ့အတွက် ဘယ်လိုတုံ့ပြန်ရမလဲ မသိသေးပေမယ့် ပြည်သူကဆုံးဖြတ်တဲ့အတိုင်း လက်ခံဖို့ အသင့်ရှိနေကြောင်း ဗွီအိုအေကို ပြောပါတယ်။ အပြည့်အစုံ ရွှေပြည်သာ အလုပ်သမားဆန္ဒပြ လုပ်သက်အလိုက် အခြေခံလစာ (၃)သောင်းပတ်ဝန်းကျင်ပဲ ရရှိကြတဲ့ အလုပ်သမားတွေဟာ ရှားပါးစရိတ်အနေနဲ့ ငွေကျပ်(၃)သောင်းထပ်မံတိုးမြှင့်ပေးဖို့နဲ့ အလုပ်သမားအခွင့်အရေးအပြည့်အ၀ပေးဖို့ တောင်းဆိုနေကြတာဖြစ်ပါတယ်။ အပြည့်အစုံ တောင်ကိုရီးယား လာအို သမ္မတ ၂ ယောက်တွေ့ဆုံ တောင်ကိုရီးယားနိုင်ငံကို ၃ ရက်ကြာခရီးစဉ်ရောက်နေတဲ့ လာအိုသမ္မတနဲ့ တောင်ကိုရီးယားသမ္မတတို့ နှစ်နိုင်ငံ စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုတွေ၊ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အခြေခံအဆောက်အအုံတွေ တိုးမြှင့်ဖို့ ကိစ္စတွေအပါအဝင် ကိစ္စရပ်များစွာကို ဆွေးနွေးခဲ့ကြပါတယ်။ အပြည့်အစုံ တူရကီသံအမတ် အီဂျစ်နှင်ထုတ် အီဂျစ်ခေါင်းဆောင်သစ်ကို ဝေဖန်ခဲ့တဲ့ တူရကီဝန်ကြီးချုပ် Recep Tayyip Erdogan ရဲ့ မှတ်ချက်စကားကြောင့် အီဂျစ်မှာရှိတဲ့ တူရကီသံအမတ်ကို နိုင်ငံကနှင်ထုတ်ဖို့ အီဂျစ်အစိုးရက အမိန့်ပေးခဲ့ပါတယ်။ အပြည့်အစုံ ပိုလီယိုကာကွယ်ဆေးထိုး လုပ်သားများ ပါကစ္စတန် ဖမ်းဆီး ပါကစ္စတန်နိုင်ငံမှာ ပိုလီယိုကာကွယ်ဆေးထိုး ဝန်ထမ်းတွေကို မွတ်ဆလင်တွေ အမျိုးတုန်းအောင် ဆေးထိုးပေးနေသူတွေဖြစ်တယ်လို့ စွပ်စွဲချက်နဲ့ တိုက်ခိုက်လေ့ရှိတဲ့ စစ်သွေးကြွတွေက ပိုလီယိုဆေးထိုးတဲ့ ကျောင်းဆရာအဖွဲ့တဖွဲ့ကို စနေနေ့က ပြန်ပေးဆွဲသွားခဲ့ပါတယ်။ အပြည့်အစုံ တရုတ်ကာကွယ်ရေး ဇုံအသစ် ဂျပန်ကန့်ကွက် တရုတ်နိုင်ငံဘက်က ထုတ်ပြန်ကြေညာလိုက်တဲ့ အရှေ့တရုတ်ပင်လယ်အတွင်း လေကြောင်းကာကွယ်ရေးပြမြေပုံအတွင်းမှာ ဂျပန်ထိန်းချုပ်ခံ ကျွန်းတွေလည်း ပါဝင်နေတဲ့အတွက် ဂျပန်နိုင်ငံဘက်က တရုတ်ယာယီသံမှူးကို တယ်လီဖုန်းကတဆင့် ကန့်ကွက်ခဲ့ပါတယ်။ အပြည့်အစုံ ကနေဒီ လုပ်ကြံခံရမှု နှစ်ပတ်လည် ကျင်းပ သမ္မတကနေဒီ အုတ်ဂူရှိရာ ဝါရှင်တန်မြို့တော် တဖက်ကမ်းက အာလင်တန် စစ်သင်္ချိုင်းကနေ၊ သူ သေနတ်နဲ့ပစ်ခံခဲ့ရတဲ့ တက္ကဆတ်ပြည်နယ် ဒါးလတ်စ်မြို့အထိ ယူကြုံးမရ တမ်းတမှုတွေ နှစ်ငါးဆယ်ပြည့်နေ့မှာ ပဲ့တင်ထပ်သွားခဲ့ပါတယ်။ အပြည့်အစုံ တရုတ် ဓါတ်ငွေ့ပိုက်လိုင်း ပေါက်ကွဲမှု ၃၅ဦး ထက် မနည်း သေဆုံး တရုတ်နိုင်ငံ အရှေ့ပိုင်းမှာ ဓာတ်ငွေ့ပိုက်လိုင်း ပေါက်ကွဲမှုဖြစ်တာကြောင့် လူ ၃၅ ဦးထက်မနည်း သေဆုံးသွားပါတယ်။ အပြည့်အစုံ တပတ်အတွင်း နောက်ဆုံးရ မြန်မာနဲ့ နိုင်ငံတကာ ထိပ်တန်းသတင်းများ။ မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေးအတွက် ဘာတွေလုပ်ဆောင်သင့် ပါမောက္ခ Sophal Ear ကို VOA မြန်မာဌာနမှုး တွေ့ဆုံမေးမြန်း။ အမေရိကန်သုံး အင်္ဂလိပ်စာ သင်ခန်းစာ။ နိုင်ငံတကာက ထင်ပေါ်ကျော်ကြားသူတွေ နဲ့ အနုပညာရှင်တွေအကြောင်း သက်တန့်ရောင် သတင်းလွှာစတဲ့ .. အပြည့်အစုံ နိုင်ငံရေးပါတီတွေနဲ့ တိုင်းရင်းသားအဖွဲ့တွေရဲ့ ချင်းမိုင် ဆွေးနွေးပွဲ၊ ရွှေပြည်သာ စက်မှုဇုံ အလုပ်သမားတွေရဲ့ လခတိုးပေးရေး ဆန္ဒပြပွဲနဲ့ မြန်မာ လူငယ်တွေ မူးယစ်ဆေးဝါး သုံးစွဲမှု များလာနေတဲ့အပေါ်သုံးသပ်ချက်တွေ၊ အမေရိကန် သမ္မတဟောင်း John F. Kennedy နှစ် ၅၀ အောင်းမေ့ဘွယ် အခမ်းအနားတွေ အကြောင်း ပါဝင်ပါတယ်။ အပြည့်အစုံ VOA60 USA President Obama comments on chemical weapons in Syria during news conference- VOA60 America အပြည့်အစုံ |
| အကြံပေး၊ ဝေဖန်၊ မေးခွန်းများရှိပါက အီးမေးပေးပို့ရန်။ burmese@voanews.com
|
| Voice of America 330 Independence Ave. SW Suite 3166 Washington, D.C. 20237 USA |
ငြိမ်းချမ်းရေး ဆွေးနွေးပွဲ အတွက် UNFC ကိုယ်စားလှယ်အဖွဲ့ ခရီးစဉ်
ဖွဲ့စည်းပုံပြင်ရေး ကြိုးပမ်းမှု NLD နောက်တစ်ဆင့်တက်
ရွှေပြည်သာ အလုပ်သမားဆန္ဒပြ
တောင်ကိုရီးယား လာအို သမ္မတ ၂ ယောက်တွေ့ဆုံ
တူရကီသံအမတ် အီဂျစ်နှင်ထုတ်
ပိုလီယိုကာကွယ်ဆေးထိုး လုပ်သားများ ပါကစ္စတန် ဖမ်းဆီး
တရုတ်ကာကွယ်ရေး ဇုံအသစ် ဂျပန်ကန့်ကွက်
ကနေဒီ လုပ်ကြံခံရမှု နှစ်ပတ်လည် ကျင်းပ
တရုတ် ဓါတ်ငွေ့ပိုက်လိုင်း ပေါက်ကွဲမှု ၃၅ဦး ထက် မနည်း သေဆုံး
VOA60 USA
No comments:
Post a Comment