ဗွီအိုအေမြန်မာ နေ့စဉ် သတင်းလွှာ နိုဝင်ဘာလ ၂၅၊ ၂၀၁၃ ဗွီအိုအေမြန်မာသတင်းဌာန၏ နေ့စဉ် နောက်ဆုံးရ မြန်မာ နှင့် နိုင်ငံတကာ သတင်းများ၊ သတင်းဆောင်းပါးများ နဲ့ နေ့စဉ် တီဗွီမဂ္ဂဇင်း/သတင်းလွှာ အစီအစဉ်... |
| မြန်မာ မြန်မာဒုက္ခသည်တွေအတွက် ထောက်ပံ့မှု EU တိုးမြှင့် မြန်မာနိုင်ငံတွင်းက လက်နက်ကိုင်ပဋိပက္ခနဲ့ လူမှုအသိုင်းအဝိုင်းကြားက အကြမ်းဖက်မှုတွေကြောင့် ဒုက္ခရောက်နေရသူတွေကို အကူအညီပေးဖို့ ဥရောပသမဂ္ဂက အမေရိကန်ဒေါ်လာ ၄ သန်းကျောက် ထောက်ပံ့မယ်လို့ ပြောလိုက်ပါတယ်။ အပြည့်အစုံ အပစ်ရပ်ရေး ကာချုပ်ပါဝင်ဖို့ တိုင်းရင်းသားတွေတောင်းဆို တနိုင်ငံလုံးအပစ်ရပ်ရေး လက်မှတ်ထိုးတဲ့အခါ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ကိုယ်တိုင် ပါဝင်လက်မှတ်ရေးထိုးဖို့ UNFC ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီက တောင်းဆိုလိုက်ပါတယ်။ အပြည့်အစုံ ရှန်ဟိုင်းမြို့မှာ ၁၃ ပေါင်ခွဲအလေးချိန်ရှိ ကလေးမွေးဖွား တရုတ်နိုင်ငံ၊ ရှန်ဟိုင်းမြို့မှာ ပုံမှန်ထက် နှစ်ဆလောက်ထွားတဲ့ကလေးတစ်ယောက်ကို မွေးဖွားခဲ့ရာမှာ ကလေးမိခင်က ကိုယ်ဝန်ဆောင်ချိန်မှာ လိုတာထက်ပိုစားခဲ့ပြီး ခဏခဏလည်းအိပ်နေတဲ့အတွက်ကြောင့်ဖြစ်ကြောင်းနဲ့ အဝလွန်တဲ့ကလေးတွေဟာ ဆီးချိုနဲ့အဝလွန်ရောဂါ ဖြစ်ဖွယ်ရှိကြောင်း ဆရာဝန်က ပြောပါတယ်။ အပြည့်အစုံ ထိုင်းအစိုးရထောက်ခံသူနဲ့ ကန့်ကွက်သူတွေ အပြိုင်ဆန္ဒပြ ထိုင်းနိုင်ငံ၊ မြို့တော်ဘန်ကောက်မှာ ဝန်ကြီးချုပ်ယင်းလပ်ရှင်နာဝပ်ကို နှုတ်ထွက်ပေးရေး လူပေါင်း ၂ သိန်းကျော်က တောင်းဆိုနေတာနဲ့တချိန်တည်း ရှပ်အနီဝတ် လူအင်အား ၅ သောင်းလောက်ကလည်း အစိုးရကို ထောက်ခံကြောင်း ဆန္ဒဖော်ထုတ်နေကြပါတယ်။ အပြည့်အစုံ နျူကလီယားအရေးစာချုပ် အီရန်ခေါင်းဆောင်တွေ ကြိုဆို အီရန်နဲ့ ကမ္ဘာ့အင်အားကြီးနိုင်ငံတွေအကြား နျူကလီယားဆိုင်ရာ အထင်ကရ သဘောတူလက်မှတ်ရေးထိုးနိုင်ခဲ့တာကို အီရန်ခေါင်းဆောင်တွေက ကြိုဆိုလိုက်ပြီး ဒါဟာ အီရန်ရဲ့ အနုမြူစွမ်းအင် ပိုင်ဆိုင်ခွင့်ကို အသိအမှတ်ပြုတာဖြစ်သလို နိုင်ငံတကာရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေအဆုံးသတ်စေမယ့် အစပျိုးမှုအဖြစ်လည်း ထုတ်ဖော်ပြောဆိုခဲ့ကြပါတယ်။ အပြည့်အစုံ အီရန်နျူကလီယားအရေး ယာယီသဘောတူညီမှုရ အီရန်နိုင်ငံရဲ့ အငြင်းပွားစရာ နျူကလီယားအစီအဉ်ကို ယာယီရပ်ထားပြီး စီးပွားရေးပိတ်ဆို့မှုဖြေလျှော့ရေး ကမ္ဘာ့အင်အားကြီး ၆ နိုင်ငံနဲ့ ဆွေးနွေးရာမှာ သဘောတူညီမှု ရခဲ့တဲ့အတွက် ၁၀ နှစ်ကျော် ရှေ့မတိုး နောက်မဆုတ်ဖြစ်နေခဲ့တဲ့ အခြေအနေကို ဖြေရှင်းနိုင်မယ့်လမ်းစအတွက် အချိန်ရစေခဲ့ပါတယ်။ အပြည့်အစုံ ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှုလျှော့ချဖို့ ဝါဆောညီလာခံ သဘောတူ ဖန်လုံအိမ်ဓာတ်ငွေ့ လျှော့ချဖြတ်တောက်ရေး ပမာဏသိတ်မှတ်ချက်အတွက် နိုင်ငံပေါင်း ၁၉၀ ကျော်က ကိုယ်စားလှယ်တွေ သဘောတူညီချက်တစ်ရပ်ကို စနေနေ့က အတည်ပြုခဲ့ကြပါတယ်။ အပြည့်အစုံ တောင်ကိုရီးယား လာအို သမ္မတ ၂ ယောက်တွေ့ဆုံ တောင်ကိုရီးယားနိုင်ငံကို ၃ ရက်ကြာခရီးစဉ်ရောက်နေတဲ့ လာအိုသမ္မတနဲ့ တောင်ကိုရီးယားသမ္မတတို့ နှစ်နိုင်ငံ စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုတွေ၊ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အခြေခံအဆောက်အအုံတွေ တိုးမြှင့်ဖို့ ကိစ္စတွေအပါအဝင် ကိစ္စရပ်များစွာကို ဆွေးနွေးခဲ့ကြပါတယ်။ အပြည့်အစုံ တူရကီသံအမတ် အီဂျစ်နှင်ထုတ် အီဂျစ်ခေါင်းဆောင်သစ်ကို ဝေဖန်ခဲ့တဲ့ တူရကီဝန်ကြီးချုပ် Recep Tayyip Erdogan ရဲ့ မှတ်ချက်စကားကြောင့် အီဂျစ်မှာရှိတဲ့ တူရကီသံအမတ်ကို နိုင်ငံကနှင်ထုတ်ဖို့ အီဂျစ်အစိုးရက အမိန့်ပေးခဲ့ပါတယ်။ အပြည့်အစုံ Twitter နဲ့ ရှယ်ယာဈေးကွက် အပြည့်အစုံ မြန်မာနိုင်ငံအတွက် ကမ္ဘောဒီးယား သင်ခန်းစာ နိုဝင်ဘာ ၂၄၊ ၂၀၁၃ - မြန်မာနိုင်ငံကို ကမ္ဘောဒီးယားလို နိုင်ငံတကာအပေါ် အမှီအခိုကြီးနေရတဲ့ အခြေအနေမရောက်စေချင်ကြောင်း ပါမောက္ခ Sophal Ear သုံးသပ်ပြောဆို ဆွေးနွေး.... အပြည့်အစုံ |
| အကြံပေး၊ ဝေဖန်၊ မေးခွန်းများရှိပါက အီးမေးပေးပို့ရန်။ burmese@voanews.com
|
| Voice of America 330 Independence Ave. SW Suite 3166 Washington, D.C. 20237 USA |
မြန်မာဒုက္ခသည်တွေအတွက် ထောက်ပံ့မှု EU တိုးမြှင့်
အပစ်ရပ်ရေး ကာချုပ်ပါဝင်ဖို့ တိုင်းရင်းသားတွေတောင်းဆို
ရှန်ဟိုင်းမြို့မှာ ၁၃ ပေါင်ခွဲအလေးချိန်ရှိ ကလေးမွေးဖွား
ထိုင်းအစိုးရထောက်ခံသူနဲ့ ကန့်ကွက်သူတွေ အပြိုင်ဆန္ဒပြ
နျူကလီယားအရေးစာချုပ် အီရန်ခေါင်းဆောင်တွေ ကြိုဆို
အီရန်နျူကလီယားအရေး ယာယီသဘောတူညီမှုရ
ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှုလျှော့ချဖို့ ဝါဆောညီလာခံ သဘောတူ
တောင်ကိုရီးယား လာအို သမ္မတ ၂ ယောက်တွေ့ဆုံ
တူရကီသံအမတ် အီဂျစ်နှင်ထုတ်
Twitter နဲ့ ရှယ်ယာဈေးကွက်
မြန်မာနိုင်ငံအတွက် ကမ္ဘောဒီးယား သင်ခန်းစာ
No comments:
Post a Comment