ဗွီအိုအေမြန်မာ နေ့စဉ် သတင်းလွှာ နိုဝင်ဘာလ ၁၂၊ ၂၀၁၃ ဗွီအိုအေမြန်မာသတင်းဌာန၏ နေ့စဉ် နောက်ဆုံးရ မြန်မာ နှင့် နိုင်ငံတကာ သတင်းများ၊ သတင်းဆောင်းပါးများ နဲ့ နေ့စဉ် တီဗွီမဂ္ဂဇင်း/သတင်းလွှာ အစီအစဉ်... |
| မြန်မာ တိုင်းရင်းသားအခွင့်အရေး ဥပဒေမူကြမ်း ပြည်သူ့လွှတ်တော်မှာ ပထမဆုံးတင်သွင်း တိုင်းရင်းသားတွေရဲ့ ကိုယ်ပိုင်ယဉ်ကျေးမှု၊ ဘာသာစကားတွေကို ကိုယ်ပိုင်ပြဌာန်းခွင့်ရဖို့နဲ့ ဥပဒေအရ ကာကွယ်စောင့်ရှောက်နိုင်ရေး အဓိက ရည်ရွယ်တဲ့ တိုင်းရင်းသားတွေရဲ့အခွင့်အရေး ဥပဒေအရ အကာအကွယ်ပေးနိုင်မယ့် မူကြမ်းကို ပြည်သူ့လွှတ်တော်မှာ ပထမဆုံး တင်သွင်းလိုက်ပါတယ်။ အပြည့်အစုံ EU-မြန်မာ ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေးမည် အပြည့်အစုံ OIC ကိုယ်စားလှယ်အဖွဲ့ အစိုးရ၊ ဒေါ်စုတို့နဲ့ တွေ့မည် OIC (ခေါ်) နိုင်ငံတကာအစ္စလာမ်ကောင်စီအဖွဲ့က နိုင်ငံ ၇ ခုက နိုင်ငံခြားရေးဝန်ကြီးတွေလိုက်ပါပြီး မြန်မာနိုင်ငံကို သွားမယ့်ခရီးစဉ်အတွင်း ရခိုင်ပြည်နယ်က ဒုက္ခသည်စခန်းတွေကို သွားရောက်မှာဖြစ်သလို အစိုးရခေါင်းဆောင်ပိုင်းနဲ့သာမက ဒေါ်အောင်ဆန်းစုကြည်ကိုလည်း တွေ့ဆုံဖို့ စီစဉ်ထားပါတယ်။ အပြည့်အစုံ လွတ်ငြိမ်းချမ်းသာခွင့် ဥပဒေကြမ်း ထိုင်းအထက်လွှတ်တော် ပယ်ချ အငြင်းပွားစရာ လွတ်ငြိမ်းချမ်းသာခွင့် မူကြမ်းကြောင့် ဝန်ကြီးချုပ် ယင်းလပ်ရှင်နာဝပ်ကို ဆန့်ကျင်ဆန္ဒပြမှုတွေ ဖြစ်ခဲ့သလို နိုင်ငံရေးတင်းမာမှုတွေ ရှိခဲ့ပြီးတဲ့နောက် အထက်လွှတ်တော်က မူကြမ်းကို ပယ်ချလိုက်ပါတယ်။ အပြည့်အစုံ အမေရိကန် စစ်မှုထမ်းဟောင်းများ အနစ်နာခံမှု သမ္မတဂုဏ်ပြု စစ်မှုထမ်းဟောင်းများနေ့မှာ စစ်မှုထမ်းဟောင်းတွေရဲ့ စွန့်လွှတ်အနစ်နာခံမှုတွေကို အမေရိကန်ပြည်သူတွေက ဘယ်တော့မှ မေ့ဖျောက်ထားမှာ မဟုတ်ကြောင်းနဲ့ အီရတ်နဲ့ အာဖဂန်စစ်ပွဲပြန် စစ်သည်တွေကို ထောက်ပံ့ဖို့လည်း ဆောင်ရွက်သွားမယ်လို့လည်း ကတိပေးလိုက်ပါတယ်။ အပြည့်အစုံ ဖိလစ်ပိုင်မုန်တိုင်းဘေး နိုင်ငံတကာ ကယ်ဆယ်ရေး အကူအညီစတင် ဖိလစ်ပိုင်နိုင်ငံ၊ မုန်တိုင်းဒဏ်ခံခဲ့ရတဲ့ဒေသတွေကို အမေရိကန်ပြည်ထောင်စုနဲ့ တခြားနိုင်ငံအတော်များများက ကူညီထောက်ပံ့ရေးပစ္စည်းတွေနဲ့ ကူညီကယ်ဆယ်ရေးပုဂ္ဂိုလ်တွေကို စေလွှတ်နေပြီး အမေရိကန်ရဲ့ ပထမဆုံး ထောက်ပံ့ရေးအဖွဲ့ဟာ မနီလာကနေ Tacloban မြို့ကို ထွက်ခွာသွားပြီ ဖြစ်ပါတယ်။ အပြည့်အစုံ Haiyan မုန်တိုင်း ဗီယက်နမ်မှာ ၀င်ရောက်အားပျော့ ဖိလစ်ပိုင်နိုင်ငံမှာ လူ ၁ သောင်းဝန်းကျင် သေကျေစေခဲ့တဲ့ Haiyan မုန်တိုင်းဟာ ဗီယက်နမ်နိုင်ငံကို တိုက်ခတ်ချိန်မှာ အားပျော့သွားပြီ ဖြစ်ပါတယ်။ အပြည့်အစုံ ဘုရားကျောင်းပိုင်နက် အငြင်းပွားမှု ကမ္ဘောဒီးယားအနိုင်ရ နှစ်ပေါင်း ၉၀၀ သက်တမ်းရှိနေတဲ့ ထိုင်းနဲ့ ကမ္ဘောဒီးယားနယ်စပ်က ရှေးဟောင်း ဟိန္ဒူဘုရားကျောင်းကို ကမ္ဘောဒီးယားပိုင်ဆိုင်ကြောင်း ကုလသမဂ္ဂက ဆုံးဖြတ်ချက်ကို ၂ နိုင်ငံလုံးက လိုက်နာဖို့ ပြောထားပေမဲ့ သွေးထွက်သံယိုမှုတွေ ဖြစ်မှာကို စိုးရိမ်မှုတွေလည်း ရှိနေကြပါတယ်။ အပြည့်အစုံ စစ်ပြန်များ အောက်မေ့ဖွယ် နေ့ ဗြိတိန်ဂုဏ်ပြု ပထမကမ္ဘာစစ်ပြီးဆုံးခဲ့တဲ့ ၁၉၁၈ ခုနှစ် နိုဝင်ဘာလ ၁၁ ရက် နေ့အကြို တနင်္ဂနွေနေ့က လန်ဒန်မြို့လယ်မှာ ထောင်နဲ့ချီတဲ့လူထုက ၂ မိနစ်တာ ငြိမ်သက်ပြီး စစ်တွင်းကျဆုံးသူတွေကို အလေးပြုခဲ့ကြသလို ဗြိတိန်ဘုရင်မကြီး Elizabeth ကလည်း စစ်ပြန်များအမှတ်တရ အောက်မေ့ဖွယ်နေ့မှာ ကျဆုံးစစ်သည်တွေကို ဂုဏ်ပြုခဲ့ပါတယ်။ အပြည့်အစုံ NLD အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ကျင်းပနေတဲ့ အခြေခံ ဥပဒေဆိုင်ရာ ပြည်သူ့ သဘောထား ရယူပွဲတွေအကြောင်း သတင်း၊ ဖိလစ်ပိုင်နိုင်ငံက မုန်တိုင်းဘေး ကယ်ဆယ်ရေး လုပ်ငန်းတွေ လုပ်နေတဲ့ အခြေအနေနဲ့ အမေရိကန် နိုင်ငံရေးမှာ အဓိက လွှမ်းမိုးနိုင်တဲ့ အီရန်နဲ့... အပြည့်အစုံ Gun စကားလုံးဆိုင်ရာ အီဒီယံအသုံးအနှုန်းများ နိုဝင်ဘာ ၂၊ ၂၀၁၃ - ဒီသတင်းပတ် idioms အသုံးများမှာ Jump the gun, Smoking gun နဲ့ Stick to your guns တို့ ဖြစ်ကြပါတယ်။ အပြည့်အစုံ NLD အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ကျင်းပနေတဲ့ အခြေခံ ဥပဒေဆိုင်ရာ ပြည်သူ့ သဘောထား ရယူပွဲတွေနဲ့ လူထုစစ်တမ်းတွေအကြောင်း သတင်း၊ မြန်မာနိင်ငံ အသွင်ကူးပြောင်းရေးကို အောင်မြင်အောင် ကူညီပံ့ပိုးဖို့ ဥရောပ သမဂ္ဂရဲ့ ကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံကို လာရောက်မယ့် သတင်းတွေ ပါဝင်ပါတယ်။ အပြည့်အစုံ အင်္ဂါနေ့တိုင်း ဗွီအိုအေသတင်းလွှာ အစီအစဉ်ကနေ ထုတ်လွှင့်တဲ့ မကြေးမုံရဲ့ အင်္ဂလိပ်စာ အစီအစဉ်ကို ရှုစားကြရမှာပါ။ အပြည့်အစုံ မြန်မာနိုင်ငံမှာ ဘုရင်စနစ် ပျောက်ကွယ်သွားခဲ့တာ နှစ်ပေါင်းများစွာ ရှိခဲ့ပြီဖြစ်တဲ့အတွက် ဘုရင့်မိသားစုတွေနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေလည်း လူတော်တော်များများ မသိကြတော့ပါဘူး။ သီပေါမင်းရဲ့မြေးတော် ထိပ်စုဘုရားကြီးရဲ့ အကြောင်း AFP သတင်းဆောင်းပါး တပုဒ်ကို ကိုဥာဏ်ဝင်းအောင် ပြောပြပေးပါလိမ့်မယ်။ အပြည့်အစုံ ဒီသီတင်းပတ်အတွင်း အမေရိကန် နိုင်ငံရေးမှာ အဓိက လွှမ်းမိုးနေတဲ့အကြောင်းအရာတွေနဲ့ ပတ်သက်ပြီး ကိုသိန်းထိုက်ဦးက တင်ပြပါလိမ့်မယ်။ အပြည့်အစုံ ကေအိုင်အို ဌာနချုပ်ရှိရာ လိုင်ဇာမြို့အနီးက ဂျယ်ယန်း ဒုက္ခသည်စခန်းမှာရှိနေတဲ့ ဒုက္ခသည်တွေရဲ့ အခြေအနေ စခန်းကို ကိုယ်တိုင်သွားရောက်ခဲ့တဲ့ ဗွီအိုအေ ၀ိုင်းတော်သား ကိုဇော်ဝင်းလှိုင်က တွေ့ဆုံ မေးမြန်ထားပါတယ်။ အပြည့်အစုံ VOA60 USA President Obama comments on chemical weapons in Syria during news conference- VOA60 America အပြည့်အစုံ |
| အကြံပေး၊ ဝေဖန်၊ မေးခွန်းများရှိပါက အီးမေးပေးပို့ရန်။ burmese@voanews.com
|
| Voice of America 330 Independence Ave. SW Suite 3166 Washington, D.C. 20237 USA |
တိုင်းရင်းသားအခွင့်အရေး ဥပဒေမူကြမ်း ပြည်သူ့လွှတ်တော်မှာ ပထမဆုံးတင်သွင်း
EU-မြန်မာ ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေးမည်
OIC ကိုယ်စားလှယ်အဖွဲ့ အစိုးရ၊ ဒေါ်စုတို့နဲ့ တွေ့မည်
လွတ်ငြိမ်းချမ်းသာခွင့် ဥပဒေကြမ်း ထိုင်းအထက်လွှတ်တော် ပယ်ချ
အမေရိကန် စစ်မှုထမ်းဟောင်းများ အနစ်နာခံမှု သမ္မတဂုဏ်ပြု
ဖိလစ်ပိုင်မုန်တိုင်းဘေး နိုင်ငံတကာ ကယ်ဆယ်ရေး အကူအညီစတင်
Haiyan မုန်တိုင်း ဗီယက်နမ်မှာ ၀င်ရောက်အားပျော့
ဘုရားကျောင်းပိုင်နက် အငြင်းပွားမှု ကမ္ဘောဒီးယားအနိုင်ရ
စစ်ပြန်များ အောက်မေ့ဖွယ် နေ့ ဗြိတိန်ဂုဏ်ပြု
Gun စကားလုံးဆိုင်ရာ အီဒီယံအသုံးအနှုန်းများ
VOA60 USA
No comments:
Post a Comment