ဗွီအိုအေမြန်မာ နေ့စဉ် သတင်းလွှာ နိုဝင်ဘာလ ၀၄၊ ၂၀၁၃ ဗွီအိုအေမြန်မာသတင်းဌာန၏ နေ့စဉ် နောက်ဆုံးရ မြန်မာ နှင့် နိုင်ငံတကာ သတင်းများ၊ သတင်းဆောင်းပါးများ နဲ့ နေ့စဉ် တီဗွီမဂ္ဂဇင်း/သတင်းလွှာ အစီအစဉ်... |
| မြန်မာ မြစ်ကြီးနားဆွေးနွေးပွဲ ဒေသခံတွေ မျှော်လင့်ချက်ထား တပြည်လုံးအတိုင်းအတာနဲ့ အပစ်ရပ်ဆိုင်းရေး ဆွေးနွေးကြဖို့ အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့၊ ကုလအတွင်းရေးမှူးချုပ်ရဲ့ မြန်မာပြည်ဆိုင်ရာ အထူးအကြံပေးနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ မြစ်ကြီးနားမြို့ကို ရောက်နေကြပါပြီ။ အပြည့်အစုံ လှေစီးပြေးဒုက္ခသည် အများအပြား ပျောက်ဆုံးဆဲ မြန်မာနိုင်ငံအနောက်ဖက်ကမ်းရိုးတန်းမှာ လှေတစ်စီးနစ်မြုပ်သွားခဲ့ပြီး လိုက်ပါလာသူ ရိုဟင်ဂျာ ၇၀ ထဲက ၆ ဦးကိုပဲ အသက်ရှင်လျက် ပြန်လည်ကယ်ဆယ်ထားနိုင်ပြီး အများအပြား ပျောက်ဆုံးနေဆဲဖြစ်ပါတယ်။ အပြည့်အစုံ နေပြည်တော် သာဝတ္တိတိုက်နယ် ရေကြီး မန္တလေးတိုင်း၊ နေပြည်တော် သာဝတ္ထိတိုက်နယ်မှာ ရေကြီးနေတာကြောင့် နေအိမ်တွေအပြင် လယ်ယာမြေပေါင်းများစွာ ဆုံးရှုံးပျက်စီးနေကြောင်း လူမှုကူညီရေးအသင်းတစ်ခုက ပြောပါတယ်။ အပြည့်အစုံ အီရန် ဘာသာရေး ခေါင်းဆောင် နျူကလီယား ညှိနှိုင်းပွဲ ထောက်ခံ အီရန်ဘာသာရေးခေါင်းဆောင် Ayatollah Ali Khamenei က သမ္မတသစ် Hassan Rouhani က နျူကလီယားအစီအစဉ်တွေကို အနောက်နိုင်ငံတွေနဲ့ ညှိနှိုင်းဆွေးနွေးနေမှုကို ထောက်ခံလိုက်ပါတယ်။ အပြည့်အစုံ နျူစွမ်းအင် အသုံးပြုရေး ထောက်ခံကြဖို့ သိပ္ပံပညာရှင်တွေ တိုက်တွန်း ကမ္ဘာကြီးပူနွေးမှုကို ဖြည့်ဆီးပေးနေတဲ့ ကျောက်ဖြစ်ရုပ်ကြွင်းလောင်စာတွေအစား နျူကလီယားစွမ်းအင်စံနစ် ထုတ်လုပ်ရေး ပတ်ဝန်းကျင်ထိန်းသိမ်းရေးလှုပ်ရှားသူတွေက ထောက်ခံကြဖို့ ရာသီဥတုဆိုင်ရာ သိပ္ပံပညာရှင် ၄ ဦးက တိုက်တွန်းလိုက်ပါတယ်။ အပြည့်အစုံ အီဂျစ်မဟာမိတ်အဖြစ် အမေရိကန် ဆက်လက်ရပ်တည် ရွေးကောက်ခံသမ္မတကို စစ်အာဏာသိမ်းပြီး ဖြုတ်ချခဲ့လို့ အမေရိကန်က စစ်ရေးအထောက်အပံ့တွေ ရပ်ဆိုင်းထားခဲ့ပေမဲ့ အီဂျစ်ရဲ့ မိတ်ဆွေကောင်းအဖြစ် ဆက်ရှိနေမှာဖြစ်ကြောင်း အီဂျစ်ရောက် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ကယ်ရီက ပြောလိုက်ပါတယ်။ အပြည့်အစုံ ဇင်ဂျန်းစစ်ဦးစီးချုပ် ရာထူးက ဖယ်ရှားခံရ Tiananmen ရင်ပြင်ကားတိုက်မှုဟာ ဇင်ဂျန်းပြည်နယ်က စစ်သွေးကြွတွေကြောင့်ဆိုတဲ့ သတင်းတွေထွက်ပေါ်ပြီးနောက်ပိုင်း တရုတ်အာဏာရပါတီက ဇင်ဂျန်းပြည်နယ် စစ်ဦးစီးချုပ်ကို အုပ်ချုပ်ရေးကောင်စီက ဖယ်ရှားလိုက်ပါတယ်။ အပြည့်အစုံ တာလီဘန် ခေါင်းဆောင် သေဆုံးမှု ပါကစ္စတန်က အမေရိကန်ကို ဝေဖန် အမေရိကန်ရဲ့ အဝေးထိန်းဒုံးယာဉ်နဲ့တိုက်ခိုက်မှုကြောင့် တာလီဘန်ခေါင်းဆောင်တဦးသေဆုံးခဲ့ရတာဟာ တာလီဘန်နဲ့ ပါကစ္စတန်အစိုးရကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေအပေါ် ထိခိုက်ကြောင်း ပြည်ထဲရေးဝန်ကြီး Khan က ပြောလိုက်ပါတယ်။ အပြည့်အစုံ Apple နဲ့ဖက်ရှင် အပြည့်အစုံ မကဒတ (၂၅) နှစ် ခရီးကြမ်း နဲ့ ရှေ့ အနာဂတ် နိုဝင်ဘာ ၃၊ ၂၀၁၃ - (၂၅) နှစ် တော်လှန်ရေးခရီးကြမ်း ဖြတ်သန်းခဲ့တဲ့ ABSDF အဖွဲ့ရဲ့  လက်ရှိ နဲ့ အနာဂတ်ဆိုင်ရာများကို ကျောင်းသားတပ်မတော် ဥက္ကဋ္ဌ ကို တွေ့ဆုံမေးမြန်း ... အပြည့်အစုံ အပစ်အခတ်ရပ်စဲရေး အမျိုးမျိုးတွေရှိပေမယ့် အရင်ကလို အပစ်အခတ်ရပ်စဲရေး ချိုးဖောက်တာမျိုး မဖြစ်စေဖို့ သူတို့အနေနဲ့တောင်းဆိုသွားမယ်ဆိုပြီး ကချင်ပြည်နယ်၊ လိုင်ဇာမြို့ KIO ဌာနချုပ်ရှိရာ လိုင်ဇာမှာကျင်းပတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းပေါင်းစုံ ညီလာခံ ၄ ရက်မြောက်၊ နောက်ဆုံးနေ့မှာ တိုင်းရင်းသား ခေါင်းဆောင်တွေက သဘောတူညီချက် တရပ်ကို ချမှတ်ခဲ့ပါတယ်။ မကြာခင်မိနစ်ပိုင်းတုန်းကပဲ ပြီးဆုံးသွားတဲ့ သတင်းစာရှင်းလင်းပွဲမှာ သွားရောက်ပြီး ကိုယ်တိုင်သတင်းယူခဲ့တဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။ အပြည့်အစုံ |
| အကြံပေး၊ ဝေဖန်၊ မေးခွန်းများရှိပါက အီးမေးပေးပို့ရန်။ burmese@voanews.com
|
| Voice of America 330 Independence Ave. SW Suite 3166 Washington, D.C. 20237 USA |
မြစ်ကြီးနားဆွေးနွေးပွဲ ဒေသခံတွေ မျှော်လင့်ချက်ထား
လှေစီးပြေးဒုက္ခသည် အများအပြား ပျောက်ဆုံးဆဲ
နေပြည်တော် သာဝတ္တိတိုက်နယ် ရေကြီး
အီရန် ဘာသာရေး ခေါင်းဆောင် နျူကလီယား ညှိနှိုင်းပွဲ ထောက်ခံ
နျူစွမ်းအင် အသုံးပြုရေး ထောက်ခံကြဖို့ သိပ္ပံပညာရှင်တွေ တိုက်တွန်း
အီဂျစ်မဟာမိတ်အဖြစ် အမေရိကန် ဆက်လက်ရပ်တည်
ဇင်ဂျန်းစစ်ဦးစီးချုပ် ရာထူးက ဖယ်ရှားခံရ
တာလီဘန် ခေါင်းဆောင် သေဆုံးမှု ပါကစ္စတန်က အမေရိကန်ကို ဝေဖန်
Apple နဲ့ဖက်ရှင်
မကဒတ (၂၅) နှစ် ခရီးကြမ်း နဲ့ ရှေ့ အနာဂတ်
No comments:
Post a Comment