ဗွီအိုအေမြန်မာ နေ့စဉ် သတင်းလွှာ နိုဝင်ဘာလ ၁၁၊ ၂၀၁၃ ဗွီအိုအေမြန်မာသတင်းဌာန၏ နေ့စဉ် နောက်ဆုံးရ မြန်မာ နှင့် နိုင်ငံတကာ သတင်းများ၊ သတင်းဆောင်းပါးများ နဲ့ နေ့စဉ် တီဗွီမဂ္ဂဇင်း/သတင်းလွှာ အစီအစဉ်... |
| မြန်မာ မီတာခတိုးမြင့်မှု နိုင်ငံရေးပါတီတွေကို လျှပ်စစ်ဝန်ကြီးရှင်းလင်း မီတာခတွေ တိုးမြှင့်ကောက်ခံမှုကြောင့် ပြည်သူတွေ ဆန္ဒပြနေတာနဲ့တချိန်တည်းမှာ လျှပ်စစ်ဝန်ကြီး ဦးခင်မောင်စိုးက နိုင်ငံရေးပါတီခေါင်းဆောင်ပိုင်းနဲ့ မြန်မာ့ငြိမ်းချမ်းရေးစင်တာမှာ တနင်္ဂနွေနေ့က တွေ့ဆုံခဲ့ပါတယ်။ ဒါပေမဲ့ မီတာခ လျှော့ချပေးဖို့တော့ ယတိပြတ်မပြောခဲ့ပါဘူး။ အပြည့်အစုံ စစ်ပြန်များ အောက်မေ့ဖွယ် နေ့ ဗြိတိန်ဂုဏ်ပြု ပထမကမ္ဘာစစ်ပြီးဆုံးခဲ့တဲ့ ၁၉၁၈ ခုနှစ် နိုဝင်ဘာလ ၁၁ ရက် နေ့အကြို တနင်္ဂနွေနေ့က လန်ဒန်မြို့လယ်မှာ ထောင်နဲ့ချီတဲ့လူထုက ၂ မိနစ်တာ ငြိမ်သက်ပြီး စစ်တွင်းကျဆုံးသူတွေကို အလေးပြုခဲ့ကြသလို ဗြိတိန်ဘုရင်မကြီး Elizabeth ကလည်း စစ်ပြန်များအမှတ်တရ အောက်မေ့ဖွယ်နေ့မှာ ကျဆုံးစစ်သည်တွေကို ဂုဏ်ပြုခဲ့ပါတယ်။ အပြည့်အစုံ တိုင်ဖုံးမုန်တိုင်းမ၀င်ခင် ဗီယက်နမ်နဲ့တရုတ် ပြင်ဆင် ဖိလစ်ပိုင်မှာ လူသောင်းနဲ့ချီ သေဆုံးသွားစေတဲ့ တိုင်ဖုန်းမုန်တိုင်းဟာ တနင်္ဂနွေနှောင်းပိုင်းမှာ မုန်တိုင်းဗဟိုလေတိုက်နှုန်း ၈၆ မိုင်ရှိနေပြီး ဗီယက်နမ်ဘက်ကို ဦးတည်ရွေ့လျားနေတာကြောင့် အာဏာပိုင်တွေက လူ ၆ သိန်းကို ဘေးလွတ်ရာ အမိုးအကာအောက်ကို ရွှေ့ပြီး ပင်လယ်ပြင်က လှေ သင်္ဘောတွေကို ပြန်လာဖို့ အမိန့်ထုတ်ထားပါတယ် အပြည့်အစုံ အီရန် နျူကလီယား အရေး ဆွေးနွေးပွဲ သဘောတူညီချက်မရဘဲ ပြီးဆုံး ဆွဇ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့မှာ အီရန်နိုင်ငံနဲ့ ကမ္ဘာ့အဓိက အင်အားကြီးနိုင်ငံတွေကြား နျူကလီယားဆွေးနွေးပွဲဟာ ဘာသဘောတူညီချက်မှ မရဘဲ ပြီးသွားပေမဲ့ အီရန်ကတော့ ကျေနပ်မှုရှိကြောင်းနဲ့ ပါဝင်ဆွေးနွေးတဲ့ နိုင်ငံတွေမှာ ကိုယ်စီအလုပ်တွေ ပါသွားတယ်လို့ ပြောပါတယ်။ အပြည့်အစုံ ကမ္ဘာ့ရာသီဥတုပြောင်းလဲမှု ဝါဆောမှာဆွေးနွေးမည် လာမယ့်သီတင်းနှစ်ပတ်အတွင်း ပိုလန်နိုင်ငံ၊ ဝါဆောမြို့မှာကျင်းပမယ့် ကမ္ဘာကြီးပူနွေးမှုပြဿနာအတွက် လက်တွေ့ဆောင်ရွက်နိုင်မယ့်က လုပ်ငန်းပိုင်းဆိုင်ရာ ကိစ္စတွေကို ဆွေးနွေးကြမှာ ဖြစ်ပါတယ်။ အပြည့်အစုံ ဖိလစ်ပိုင်မုန်တိုင်း လူတသောင်းထိ သေဆုံးနိုင် ဖိလစ်ပိုင်နိုင်ငံကို တနာရီ မိုင် ၁၈၀ ကျော်နှုန်းနဲ့ တိုက်သွားတဲ့ Haiyan တိုင်ဖုန်းမုန်တိုင်းကြောင့် လူပေါင်း ၁ သောင်းလောက် ထိ သေဆုံးနိုင်ဖွယ်ရှိပြီး သမ္မတ အကီနိုက ကယ်ဆယ်ရေးလုပ်ငန်းတွေလုပ်ဖို့က အစိုးရရဲ့ အဓိက ဦးစားပေး အစီအစဉ်ပါ-လို့ ပြောကြားလိုက်ပါတယ်။ အပြည့်အစုံ နျူစွမ်းအင်သုံး အမေရိကန် လေယာဉ်တင်သင်္ဘောကြီး ရေချ အမေရိကန်သမ္မတဟောင်း Gerald Ford ရဲ့အမည်ပေးထားတဲ့ အမေရိကန်ဒေါ်လာ ၁၃ ဘီလျံနီးပါး တန်ဖိုးရှိ နျူကလီယားစွမ်းအင်သုံး လေယာဉ်တင်သင်္ဘောသစ်ကြီးကို စနေနေ့က ရေချခဲ့ပါတယ်။ အပြည့်အစုံ အိုလံပစ်မီးရှူးတိုင် အာကာသထဲရောက် ရုရှားအာကာသယာဉ်မှူးတွေဖြစ်တဲ့ Oleg Kotov နဲ့ Sergei Ryazansky တို့က Sochi Olympic မီးရှူးတိုင်ကို အာကာသယာဉ်ထဲကနေ လေဟာနယ်ထဲကို ယူဆောင်သွားခဲ့ကြပါတယ်။ အပြည့်အစုံ ငြိမ်းချမ်းရေးအတွက် ဒေါက်တာတူးဂျာရဲ့  အမြင်ခံယူချက် နိုဝင်ဘာ ၁၀၊ ၂၀၁၃ - လက်ရှိ ဆောင်ရွက်နေတဲ့ မြန်မာ့ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးမှုများအပေါ် ကချင်ခေါင်းဆောင် ဒေါက်တာတူးဂျာရဲ့  အမြင်ကို မေးမြန်းတင်ပြထားပါတယ်။ အပြည့်အစုံ |
| အကြံပေး၊ ဝေဖန်၊ မေးခွန်းများရှိပါက အီးမေးပေးပို့ရန်။ burmese@voanews.com
|
| Voice of America 330 Independence Ave. SW Suite 3166 Washington, D.C. 20237 USA |
မီတာခတိုးမြင့်မှု နိုင်ငံရေးပါတီတွေကို လျှပ်စစ်ဝန်ကြီးရှင်းလင်း
စစ်ပြန်များ အောက်မေ့ဖွယ် နေ့ ဗြိတိန်ဂုဏ်ပြု
တိုင်ဖုံးမုန်တိုင်းမ၀င်ခင် ဗီယက်နမ်နဲ့တရုတ် ပြင်ဆင်
အီရန် နျူကလီယား အရေး ဆွေးနွေးပွဲ သဘောတူညီချက်မရဘဲ ပြီးဆုံး
ကမ္ဘာ့ရာသီဥတုပြောင်းလဲမှု ဝါဆောမှာဆွေးနွေးမည်
ဖိလစ်ပိုင်မုန်တိုင်း လူတသောင်းထိ သေဆုံးနိုင်
နျူစွမ်းအင်သုံး အမေရိကန် လေယာဉ်တင်သင်္ဘောကြီး ရေချ
အိုလံပစ်မီးရှူးတိုင် အာကာသထဲရောက်
ငြိမ်းချမ်းရေးအတွက် ဒေါက်တာတူးဂျာရဲ့  အမြင်ခံယူချက်
No comments:
Post a Comment