Sunday, November 3, 2013

ဗွီအိုအေမြန်မာ နေ့စဉ် သတင်းလွှာ - နိုဝင်ဘာလ ၀၃၊ ၂၀၁၃

ဗွီအိုအေမြန်မာ နေ့စဉ် သတင်းလွှာ
 
ဗွီအိုအေမြန်မာ နေ့စဉ် သတင်းလွှာ
နိုဝင်ဘာလ ၀၃၊ ၂၀၁၃

ဗွီအိုအေမြန်မာသတင်းဌာန၏ နေ့စဉ် နောက်ဆုံးရ မြန်မာ နှင့် နိုင်ငံတကာ သတင်းများ၊ သတင်းဆောင်းပါးများ နဲ့ နေ့စဉ် တီဗွီမဂ္ဂဇင်း/သတင်းလွှာ အစီအစဉ်...

 
မြန်မာ

နေပြည်တော် သာဝတ္တိတိုက်နယ် ရေကြီး နေပြည်တော် သာဝတ္တိတိုက်နယ် ရေကြီး
မန္တလေးတိုင်း၊ နေပြည်တော် သာဝတ္ထိတိုက်နယ်မှာ ရေကြီးနေတာကြောင့် နေအိမ်တွေအပြင် လယ်ယာမြေပေါင်းများစွာ ဆုံးရှုံးပျက်စီးနေကြောင်း လူမှုကူညီရေးအသင်းတစ်ခုက ပြောပါတယ်။ အပြည့်အစုံ
 
လိုင်ဇာတိုင်းရင်းသား ညီလာခံ အောင်မြင်စွာ ပြီးဆုံး လိုင်ဇာတိုင်းရင်းသား ညီလာခံ အောင်မြင်စွာ ပြီးဆုံး
"တိုက်ပွဲအတွက် ပြင်ဆင်တဲ့ကာလမျိုး မဖြစ်အောင်၊ အားလုံးပါဝင်နိုင်တဲ့ အပစ်အခတ်ရပ်ဆိုင်းရေး စာချုပ်မျိုးဖြစ်အောင်၊ ရှေ့လုပ်ငန်းများကို ဖော်ပြပေးနိုင်တဲ့ အပစ်အခတ်ရပ်ဆိုင်းရေး စာချုပ်မျိုးဖြစ်အောင် ရည်မှန်းထားတယ်လို့ ပြောချင်ပါတယ်။" (ဗိုလ်ချုပ် ဂွမ်မော်) အပြည့်အစုံ
 
လှေစီးပြေးဒုက္ခသည် အရေး ဒေသတွင်း ပူးပေါင်းဆောင်ရွက်ဖို့ ကုလ တိုက်တွန်း လှေစီးပြေးဒုက္ခသည် အရေး ဒေသတွင်း ပူးပေါင်းဆောင်ရွက်ဖို့ ကုလ တိုက်တွန်း
လှေစီးပြေးဒုက္ခသည်တွေလျော့ပါးအောင် မြန်မာအစိုးရနဲ့ နိုင်ငံတကာအသိုင်းအ၀ိုင်းအနေနဲ့ ရခိုင်ပြည်နယ်မှာ စီးပွားရေးဖွံ့ဖြိုးဖို့နဲ့ ပြန်လည်သင့်မြတ်ရေးအတွက် တိုးပြီးကြိုးပမ်းကြဖို့ လိုအပ်တယ်လို့ UNHCR က ယုံကြည်တယ်လို့ပြောပါတယ်။ အပြည့်အစုံ
 
နိုင်ငံတကာ

တာလီဘန် ခေါင်းဆောင် သေဆုံးမှု ပါကစ္စတန်က အမေရိကန်ကို ဝေဖန် တာလီဘန် ခေါင်းဆောင် သေဆုံးမှု ပါကစ္စတန်က အမေရိကန်ကို ဝေဖန်
အမေရိကန်ရဲ့ အဝေးထိန်းဒုံးယာဉ်နဲ့တိုက်ခိုက်မှုကြောင့် တာလီဘန်ခေါင်းဆောင်တဦးသေဆုံးခဲ့ရတာဟာ တာလီဘန်နဲ့ ပါကစ္စတန်အစိုးရကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေအပေါ် ထိခိုက်ကြောင်း ပြည်ထဲရေးဝန်ကြီး Khan က ပြောလိုက်ပါတယ်။ အပြည့်အစုံ
 
ဂျပန်နဲ့ရုရှား လုံခြုံရေးတိုးမြှင့်ဖို့ သဘောတူ ဂျပန်နဲ့ရုရှား လုံခြုံရေးတိုးမြှင့်ဖို့ သဘောတူ
ဂျပန်နဲ့ရုရှား ကာကွယ်ရေးဝန်ကြီးတွေ ပထမဆုံးတွေ့ဆုံမှုမှာ အာရှ-ပစိဖိတ်ဒေသတွင်း လုံခြုံရေးပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး သဘောတူညီခဲ့ကြပါတယ်။ အပြည့်အစုံ
 
 ပါကစ္စတန် တာလီဘန် ခေါင်းဆောင်သေဆုံး ပါကစ္စတန် တာလီဘန် ခေါင်းဆောင်သေဆုံး
အမေရိကန်မောင်းသူမဲ့အဝေးထိန်းဒုံးယာဉ်နဲ့ တိုက်ခိုက်တာလို့ သံသယရှိတဲ့တိုက်ပွဲမှာ ပါကစ္စတန် တာလီဘန်ခေါင်းဆောင် Hakimullah Medsud အပါအဝင် ၃ ဦး မနေ့က သေဆုံးသွားပါတယ်။ အပြည့်အစုံ
 
လော့စ်အန်ဂျလိစ် နိုင်ငံတကာ လေဆိပ် ပစ်ခတ်မှု လူတဦးသေဆုံး လော့စ်အန်ဂျလိစ် နိုင်ငံတကာ လေဆိပ် ပစ်ခတ်မှု လူတဦးသေဆုံး
ကယ်လီဖိုးနီးယားပြည်နယ် လော့စ်အန်ဂျလိစ် မြို့နိုင်ငံတကာလေဆိပ်မှာ မနေ့က သောကြာနေ့ က မောင်းပြန် ရိုင်ဖယ်သေနတ် ကိုင်ဆောင်လာတဲ့ သေနတ်သမားတဦးရဲ့ ပစ်ခတ်မှုကြောင့် လူတဦးသေဆုံးခဲ့ပြီး အချို့ဒဏ်ရာရခဲ့ပါတယ်။ အပြည့်အစုံ
 
အပတ်စဉ် တီဗွီမဂ္ဂဇင်း

အပတ်စဉ် တီဗွီမဂ္ဂဇင်း အပတ်စဉ် တီဗွီမဂ္ဂဇင်း
တပတ်အတွင်း နောက်ဆုံးရ မြန်မာနဲ့ နိုင်ငံတကာ ထိပ်တန်းသတင်းများ။ ကျောင်းသားတပ်မတော် (ABSDF) တည်ထောင်ခြင်း (၂၅) နှစ်ပြည့် အခမ်းအနားမှာ ကျောင်းသားတပ်မတော် ဥက္ကဌ ရဲဘော်သံခဲနဲ့ သီးသန့်တွေ့ဆုံမေးမြန်းခန်း။ အမေရိကန် Halloween ပွဲတော်နဲ့ မြန်မာမိသားစုများ ပါဝင်ဆင်နွှဲမှု စတဲ့ အစီအစဉ်များကို တင်ဆက်ထားပါတယ်။ အပြည့်အစုံ
 
ဗွီဒီယိုသတင်း

လိုင်ဇာ တိုင်းရင်းသား ညီလာခံ အောင်မြင်စွာပြီးဆုံး လိုင်ဇာ တိုင်းရင်းသား ညီလာခံ အောင်မြင်စွာပြီးဆုံး
အပစ်အခတ်ရပ်စဲရေး အမျိုးမျိုးတွေရှိပေမယ့် အရင်ကလို အပစ်အခတ်ရပ်စဲရေး ချိုးဖောက်တာမျိုး မဖြစ်စေဖို့ သူတို့အနေနဲ့တောင်းဆိုသွားမယ်ဆိုပြီး ကချင်ပြည်နယ်၊ လိုင်ဇာမြို့ KIO ဌာနချုပ်ရှိရာ လိုင်ဇာမှာကျင်းပတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းပေါင်းစုံ ညီလာခံ ၄ ရက်မြောက်၊ နောက်ဆုံးနေ့မှာ တိုင်းရင်းသား ခေါင်းဆောင်တွေက သဘောတူညီချက် တရပ်ကို ချမှတ်ခဲ့ပါတယ်။ မကြာခင်မိနစ်ပိုင်းတုန်းကပဲ ပြီးဆုံးသွားတဲ့ သတင်းစာရှင်းလင်းပွဲမှာ သွားရောက်ပြီး ကိုယ်တိုင်သတင်းယူခဲ့တဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။ အပြည့်အစုံ
 
VOA60 USA

VOA60 USA VOA60 USA
President Obama comments on chemical weapons in Syria during news conference- VOA60 America အပြည့်အစုံ
 

အကြံပေး၊ ဝေဖန်၊ မေးခွန်းများရှိပါက အီးမေးပေးပို့ရန်။ burmese@voanews.com
Voice of America
330 Independence Ave. SW Suite 3166
Washington, D.C. 20237 USA

No comments:

Post a Comment