Tuesday, November 19, 2013

ဗွီအိုအေမြန်မာ နေ့စဉ် သတင်းလွှာ - နိုဝင်ဘာလ ၁၉၊ ၂၀၁၃

ဗွီအိုအေမြန်မာ နေ့စဉ် သတင်းလွှာ
 
ဗွီအိုအေမြန်မာ နေ့စဉ် သတင်းလွှာ
နိုဝင်ဘာလ ၁၉၊ ၂၀၁၃

ဗွီအိုအေမြန်မာသတင်းဌာန၏ နေ့စဉ် နောက်ဆုံးရ မြန်မာ နှင့် နိုင်ငံတကာ သတင်းများ၊ သတင်းဆောင်းပါးများ နဲ့ နေ့စဉ် တီဗွီမဂ္ဂဇင်း/သတင်းလွှာ အစီအစဉ်...

 
မြန်မာ

ကြေးနီစီမံကိန်းတောင်ယာရှိ ရဲကင်းတွေ အာဏာပိုင်ဖယ်ရှားပေး ကြေးနီစီမံကိန်းတောင်ယာရှိ ရဲကင်းတွေ အာဏာပိုင်ဖယ်ရှားပေး
လက်ပံတောင်းကြေးနီစီမံကိန်းက မိုင်းခွဲမှုတွေကြောင့် လယ်တီသိမ်ကျောင်း မပျက်စီးရေး ကာကွယ်တားဆီးတဲ့ အင်ကြင်းတောင်ပေါ်က သပိတ်စခန်းရှိရာဝန်းကျင်က ရဲကင်းတွေကို အာဏာပိုင်တွေက ဖယ်ရှားပေးလိုက်ပေမဲ့ ရဲတပ်ဖွဲ့ဝင်တွေကိုတော့ တပ်ဖြန့်ချထားဆဲဖြစ်တဲ့အတွက် ဒေသခံတွေ စိုးရိမ်မကင်း ဖြစ်နေကြဆဲဖြစ်ပါတယ်။ အပြည့်အစုံ
 
ဖွဲ့စည်းပုံ ဟန်ပြပြောင်းလဲသူတွေကို မဲမပေးဖို့ ဒေါ်စုတိုက်တွန်း ဖွဲ့စည်းပုံ ဟန်ပြပြောင်းလဲသူတွေကို မဲမပေးဖို့ ဒေါ်စုတိုက်တွန်း
နေပြည်တော်မှာ ကျင်းပတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ လူထုဆန္ဒသဘောထား ရယူတဲ့အခမ်းအနားမှာ ဒေါ်အောင်ဆန်းစုကြည်က ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို စစ်မှန်တဲ့ ပြုပြင်ပြောင်းလဲမှု မလုပ်လိုတဲ့ ပါတီနဲ့ လူပုဂ္ဂိုလ်တွေကို မဲမပေးကြဖို့ တိုက်တွန်းလိုက်ပါတယ်။ အပြည့်အစုံ
 
မြန်မာလူသားချင်းစာနာမှု အထောက်အကူ ဒေါ်လာ ၂၅ သန်း အမေရိကန်လှူ မြန်မာလူသားချင်းစာနာမှု အထောက်အကူ ဒေါ်လာ ၂၅ သန်း အမေရိကန်လှူ
မြန်မာနိုင်ငံ လူနည်းစုတိုင်းရင်းသားဒေသတွေမှာ ပဋိပက္ခတွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတဲ့ ဒုက္ခသည်တွေအတွက် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီ ဒေါ်လာ ၂၅ သန်း ထောက်ပံ့ပေးဖို့ အမေရိကန်ပြည်ထောင်စုက ကြေညာလိုက်ပါတယ်။ အပြည့်အစုံ
 
တိုက်ပွဲတွေကြောင့် ငြိမ်းချမ်းရေးကို အထိခိုက်ခံမှာမဟုတ် - ဗိုလ်ချုပ်ဂွမ်မော် တိုက်ပွဲတွေကြောင့် ငြိမ်းချမ်းရေးကို အထိခိုက်ခံမှာမဟုတ် - ဗိုလ်ချုပ်ဂွမ်မော်
လတ်တလောဖြစ်နေတဲ့ KIA နဲ့အစိုးရတပ်ကြားက တိုက်ပွဲတွေကြောင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ထိုခိုက်မှာ မဟုတ်တဲ့အကြောင်း တပြည်လုံးအပစ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးပွဲလုပ်ငန်းနဲ့ ရန်ကုန်မြို့ကို ရောက်နေတဲ့ KIA ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်က သတင်းထောက်တွေကို ပြောပါတယ်။ အပြည့်အစုံ
 
KIA နဲ့ အစိုးရတပ်ကြား တိုက်ပွဲဆက်ဖြစ်ဆဲ KIA နဲ့ အစိုးရတပ်ကြား တိုက်ပွဲဆက်ဖြစ်ဆဲ
မန်စီမြို့နယ်၊ နန့်လင်းပါရွာမှာ ကချင်လွတ်လပ်ရေးတပ်ဖွဲ့ KIA နဲ့ မြန်မာအစိုးရကြား တိုက်ပွဲ ၂ ကြိမ်ဖြစ်ပွားခဲ့ပြီး ဒေသခံရွာသား ၂ ထောင်ကျော် ထွက်ပြေးခဲ့ကြပြီး ဒီကနေ့မနက်လည်း တိုက်ပွဲဆက်ဖြစ်နေတဲ့အကြောင်း KIA တာဝန်ရှိသူတစ်ဦးက ဗွီအိုအေကို အတည်ပြု ပြောကြားထားပါတယ်။ အပြည့်အစုံ
 
နိုင်ငံတကာ

ဖိလစ်ပိုင် မုန်တိုင်းဒဏ်သင့်ဒေသ နိုင်ငံတကာ အထောက်အကူရောက် ဖိလစ်ပိုင် မုန်တိုင်းဒဏ်သင့်ဒေသ နိုင်ငံတကာ အထောက်အကူရောက်
ဖိလစ်ပိုင်နိုင်ငံကို မုန်တိုင်းတိုက်ခတ်ခံရပြီး ၁၀ ရက်အကြာမှာ အစွန်အဖျားဒေသတွေအထိ နိုင်ငံတကာ အကူအညီတွေ စတင်ရောက်ရှိနေသလို သမ္မတအကွီနိုကိုယ်တိုင်လည်း တနင်္လာနေ့ကအထိ ဒုက္ခသည်တွေဆီကို လှည့်လည်ကြည့်ရှုနေဆဲဖြစ်ပါတယ်။ အပြည့်အစုံ
 
သြစတြေးလျနိုင်ငံဆိုင်ရာ သံအမတ် အင်ဒိုနီးရှား ပြန်ခေါ် သြစတြေးလျနိုင်ငံဆိုင်ရာ သံအမတ် အင်ဒိုနီးရှား ပြန်ခေါ်
အင်ဒိုနီးရှား သမ္မတနဲ့ အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေရဲ့ဖုန်းတွေကို သြစတြေးလျဘက်က ခိုးနားထောင်တယ်ဆိုတဲ့ စွပ်စွဲချက်ထွက်ပေါ်လာပြီးတဲ့နောက် သြစတြေးလျဆိုင်ရာ အင်ဒိုသံအမတ်ကို တိုင်ပင်စရာရှိတဲ့အတွက် အင်ဒိုနီးရှားနိုင်ငံက ပြန်လည်ခေါ်ယူခဲ့ပါတယ်။ အပြည့်အစုံ
 
တီဗွီ

နေ့စဉ်တီဗွီသတင်းလွှာ (၁၁-၁၉ -၂၀၁၃) နေ့စဉ်တီဗွီသတင်းလွှာ (၁၁-၁၉ -၂၀၁၃)
ဒီကနေ့အစီအစဉ်မှာ မြန်မာနိုင်ငံ တိုင်းရင်းသားဒေသတွေက အိုးမဲ့အိမ်မဲ့ ဒုက္ခရောက်သူတွေကို အကူအညီပေးဖို့အတွက် အမေရိကန် ပြည်ထောင်စုက ဒေါ်လာ ၂၅ သန်း ကူညီပေးမယ့်သတင်း မြန်မာနိုင်ငံအတွင်း ငွေကြေးဖေါင်းပွမှုနဲ့ မိသားစုတွေရဲ့ အသုံးစရိတ် မြင့်တက်လာမှု အခြေအနေ... အပြည့်အစုံ
 
ဗွီဒီယိုသတင်း

ဒီသီတင်းပတ် အမေရိကန်နိုင်ငံရေး ဒီသီတင်းပတ် အမေရိကန်နိုင်ငံရေး
ဗွီအိုအေ တီဗွီသတင်းလွှာ အစီအစဉ်ကို ဆက်လက်ထုတ်လွှင့်နေပါတယ်။ ဒီသီတင်းပတ်အတွင်း အမေရိကန် နိုင်ငံရေးမှာ အဓိက လွှမ်းမိုးနေတဲ့အကြောင်းအရာတွေနဲ့ ပတ်သက်လို့တော့ ကိုသိန်းထိုက်ဦးက တင်ပြပါလိမ့်မယ်။ အပြည့်အစုံ
 
အင်္ဂါနေ့မြန်မာတီဗွီသတင်းများ အင်္ဂါနေ့မြန်မာတီဗွီသတင်းများ
တိုင်းရင်းသားဒေသ အိုးမဲ့အိမ်မဲ့ ဒုက္ခရောက်သူတွေအတွက် အမေရိကန် ပြည်ထောင်စုက ဒေါ်လာ ၂၅ သန်း ကူညီပေးမယ့်သတင်း၊ မြန်မာငွေကြေးဖေါင်းပွမှုအခြေအနေသတင်းနဲ့ KIO ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်မော် ရန်ကုန်မှာကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲ အကြောင်း သတင်းတွေ ပါဝင်ပါတယ်။ အပြည့်အစုံ
 
မကြေးမုံရဲ့ အင်္ဂလိပ်စာ မကြေးမုံရဲ့ အင်္ဂလိပ်စာ
VOA ကနေ အပတ်စဉ် အဂါင်္နေ့ တိုင်း ထုတ်လွှင့်နေတဲ့ မကြေးမုံရဲ့ အင်္ဂလိပ်စာ အစီအစဉ်ကို ရှု့စားကြပါ။ အပြည့်အစုံ
 
Baltimore ရဲ့ ဓလေ့ဟောင်း Baltimore ရဲ့ ဓလေ့ဟောင်း
မြင်းလှည်းပေါ်မှာ သစ်သီးဝလံ ဟင်းသီးဟင်းရွက်တွေ တင်ပြီး ဈေးလိုက်ရောင်းတဲ့ ဓလေ့ဟောင်းတွေ အမေရိကန်ပြည်ထောင်စုရဲ့ အခြားမြို့ အတော်များများမှာ ကွယ်ပျောက်လာပြီဖြစ်ပေမယ့် Baltimore မြို့မှာတော့ ခုထိ ရှင်သန်နေဆဲဖြစ်ပါတယ်။ VOA သတင်းထောက် Zlatica Hoke ရဲ့ သတင်းကို ကိုဥာဏ်ဝင်းအောင်က ပြောပြပါမယ်။ အပြည့်အစုံ
 
တောင်ကိုရီးယား လက်နက်တင်ပို့မှု တောင်ကိုရီးယား လက်နက်တင်ပို့မှု
ကမ္ဘာပေါ်က လက်နက်ထုတ်လုပ်တဲ့ နိုင်ငံတွေထဲမှာ ထိပ်တန်းရောက် နိုင်ငံတခု ဖြစ်လာဖို့အတွက် တောင်ကိုရီးယား နိုင်ငံ က ရည်မှန်းချက် ကြီးကြီးမားမားနဲ့ ဆောင်ရွက်နေပါတယ်။ ဒါပေမဲ့ လက်နက်တွေကို ဘယ်လိုနေရာတွေအတွက် ဦးတည် ထုတ်လုပ်မှာလဲ ဆိုတာကို စိုးရိမ်မှုတွေ ရှိနေတဲ့အကြောင်း မခင်ဖြူထွေးက တင်ပြထားပါတယ်။ အပြည့်အစုံ
 
ကမ္ဘာ့သတင်း စက္ကန့် ၆၀

VOA60 World VOA60 World
VOA60 World အပြည့်အစုံ
 
VOA60 USA

VOA60 USA VOA60 USA
President Obama comments on chemical weapons in Syria during news conference- VOA60 America အပြည့်အစုံ
 

အကြံပေး၊ ဝေဖန်၊ မေးခွန်းများရှိပါက အီးမေးပေးပို့ရန်။ burmese@voanews.com
Voice of America
330 Independence Ave. SW Suite 3166
Washington, D.C. 20237 USA

No comments:

Post a Comment