တရုတ်၊ မြန်မာ၊ လာအိုနဲ့ထိုင်းနိုင်ငံက လုံခြုံရေးတပ်ဖွဲ့တွေ မဲခေါင်မြစ်လုံခြုံရေး ပူးပေါင်းကင်းလှည့်မှု မနေ့က စတင်ကြောင်း တရုတ်ကပြောပါတယ်။
လူ့အခွင့်အရေးနဲ့ အမျိုးသမီးအခွင့်အရေးတွေ အတွက် တိုက်ပွဲဝင်ခဲ့ကြတဲ့ အမျိုးသမီးသုံးဦးက ဒီနှစ် နိုဘဲလ်ငြိမ်းချမ်းရေးဆုကို ရရှိခဲ့ကြပါတယ်။
ရရှိနေတဲ့အခွင့်အရေးတွေကို ဆုပ်ကိုင်ပြီး ငြိမ်းချမ်းရေးရရှိအောင် ကြိုးစားကြဖို့ ဒေါ်အောင်ဆန်းစုကြည်က ဆော်သြလိုက်ပါတယ်။
ရွေးကောက်ပွဲမှာ မဲလိမ်မှုတွေရှိတယ်လို့ ယူဆပြီး ရုရှားဝန်ကြီးချုပ်နဲ့ သူ့ရဲ့ ပါတီကို ရုရှားနိုင်ငံတ၀ှမ်း ပြည်သူတွေ ဆန္ဒပြခဲ့ကြပါတယ်။
ပါကစ္စတန်အစိုးရနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေ လုပ်နေပြီလို့ ပါကစ္စတန် တာလီဘန်တပ်ဖွဲ့တွေရဲ့ ဒုတိယတပ်မှူးက ဒီကနေ့ ပြောလိုက်ပါတယ်။
မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ တုံ့ပြန် ဆောင်ရွက်မှုတွေကို မြန်မာ့အိမ်နီးချင်း နိုင်ငံတွေကို အသိပေးသွားမယ်လို့ အမေရိကန်က ဆိုပါတယ်။
မြန်မာနိုင်ငံက ကချင်ဒုက္ခသည်တွေကို အကူအညီတွေ ပေးနိုင်ဖို့အတွက် ကြိုးပမ်းလုပ်ဆောင်နေတယ်လို့ ကုလသမဂ္ဂက ပြောလိုက်ပါတယ်။
အစိုးရတစ်ခုချင်းစီရဲ့ အသုံးစရိတ်တွေကို ဗဟိုကနေထိန်းချုပ်မှု တိုးမြှင့်ပြီး လုပ်ဆောင်ဖို့ဆိုတဲ့ အစီအစဉ်သစ်ကို ဥရောပနိုင်ငံအများစု သဘောတူ။
ကွန်ဂိုနိုင်ငံမှာ ပြီးခဲ့တဲ့အပတ်ကကျင်းပခဲ့တဲ့ ရွေးကောက်ပွဲတွေမှာ လက်ရှိသမ္မတ Joseph Kabila အနိုင်ရတယ်လို့ ကြေညာပါတယ်။
အကျဉ်းကျနေတဲ့သူတွေထဲက နိုင်ငံ့အရေးဆောင်ရွက်မယ့်သူမျိုးကို ဦးစားပေးလွှတ်သွားဖို့ နီးပါပြီလို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးရွှေမန်းက ပြောပါတယ်။
သတင်း မြန်မာသတင်း နိုင်ငံတကာသတင်း သတင်းသုံးသပ်ချက်
သတင်းလွှာမှာကြားမှု ရပ်ဆိုင်းလိုလျှင်
သိလိုသည်များကို အီးမေးပေးပို့ရန်။ burmese@voanews.com
သတင်းလွှာမှာကြားမှု ရပ်ဆိုင်းရန်
No comments:
Post a Comment