Tuesday, December 13, 2011

VOA Burmese E-mail News Summary

ထိပ်တန်းသတင်း

ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဇန်န၀ါရီလဆန်း မြန်မာပြည်သွားမည်

ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ၀ီလျံဟိတ်ဂ် (William Hague) က ရှေ့လထဲမှာ မြန်မာနိုင်ငံကို သူ သွားရောက်မယ်လို့ ပြောပါတယ်။

ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ၀ီလျံဟိတ်ဂ် (၀ဲ) နဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ကလင်တန် (ယာ) တို့ အမေရိကန် နိုင်ငံခြားရေးဌာနမှာ ပူးတွဲသတင်းစာ ရှင်းလင်းပွဲ ပြုလုပ်နေစဉ်။ (ဒီဇင်ဘာလ ၁၂၊ ၂၀၁၁)

ကလေးသူငယ် ကူးသန်းရောင်းဝယ်မှု လူသားမဆန်တဲ့ပြစ်မှု

ကလေးငယ်တွေ ရောင်းစားခံရမှုဟာ တစ်နှစ်ထက်တစ်နှစ် ပိုမိုးများပြားလာတယ်လို့ ကလေးငယ်တွေကို လူကုန်ကူးမှုဆန့်ကျင်ရေးနေ့မှာ သတိပေးပြောဆိုကြပါတယ်။

Tran Mai Hoa, 17, sits talking during an interview with AFP in the Vietnamese city of Ha Long, 25 September 2005 (file photo).

NLD ရွေးကောက်ပွဲ အမှတ်တံဆိပ်သစ် ကြေညာ

လာမယ့် ကြားဖြတ် ရွေးကောက်ပွဲမှာသုံးမယ့် ပါတီရဲ့ အမှတ်အသားသစ်ကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ကြေညာလိုက်ပါတယ်။

NLD ပါတီအမှတ်တံဆိပ်နဲ့ သင်္ကေတသစ်ကို ကြေးမုံသတင်းစာထဲတွင် ထည့်သွင်းကြေညာထားပုံ။ (ဒီဇင်ဘာလ ၁၁၊ ၂၀၁၁)

အီရတ်နဲ့ အမေရိကန် သမိုင်းသစ်ဖွင့်

အီရတ်က အမေရိကန်တပ်တွေ ရုပ်သိမ်းပြီးတဲ့နောက် ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းစဉ်တစ်ရပ်ကို အမေရိကန်သမ္မတနဲ့ အီရတ်ဝန်ကြီးချုပ်တို့ ဆွေးနွေး။

KIA အပေါ် ထိုးစစ်မဆင်ဖို့ သမ္မတညွှန်ကြား

မြန်မာအစိုးရတပ်တွေအနေနဲ့ လက်နက်ကိုင်ကချင်အဖွဲ့တွေကို ထိုးစစ်မဆင်ဖို့ သမ္မတဦးသိန်းစိန်က ညွှန်ကြားထားတယ်ဆိုပေမဲ့ တိုက်ပွဲတွေဆက်ဖြစ်နေပါတယ်

မဲခေါင်မြစ်တွင်း တိုက်ခိုက်ခံရမှု မြန်မာစစ်သား ၃ ဦးသေ

မဲခေါင်မြစ်ကြောင်း လုံခြုံရေးအတွက် ပူးတွဲကင်းလှည့်နေတုန်း လက်နက်ကိုင်အဖွဲ့တစ်ခုနဲ့ တိုက်ပွဲဖြစ်ပြီး မြန်မာစစ်သား ၃ ယောက် သေဆုံးခဲ့ပါတယ်။

China Police - Mekong River

ပဋိပက္ခတွေကြားက ဆီးရီးယားမှာ ဒေသန္တရ ရွေးကောက်ပွဲကျင်းပ

ဆီးရီးယားနိုင်ငံမှာ ဒေသကောင်စီဝင်နေရာ ၁၇,၀၀၀ အတွက် ရွေးကောက်ပွဲတွေ ကျင်းပနေပြီး ပြည်သူလူထုကို မဲပေးကြဖို့ အစိုးရက နိုးဆော်နေပါတယ်။

တောင်ကိုရီးယား ကမ်းခြေစောင့်အရာရှိ တရုတ်ငါးဖမ်း ကပ္ပတိန်လက်ချက်နဲ့ သေဆုံး

တရုတ်ငါးဖမ်းသင်္ဘောရဲ့ မာလိန်မှူးဟာ သူ့သင်္ဘောပေါ်တက်လာတဲ့ ကမ်းခြေစောင့်တပ်ဖွဲ့ အရာရှိတွေကို သတ်ပစ်လိုက်ပါတယ်။

An unidentified Chinese captain is taken by South Korean police officers to Incheon Coast Guard office after his arrest in Incheon, South Korea. A South Korean coast guard officer was killed and another injured Monday when they were stabbed by a Chinese c

ကချင်ဒေသ စစ်ပြေးဒုက္ခသည် ပိုများလာ

ကချင်ပြည်နယ်တွင်း တိုက်ပွဲတွေကြောင့် ဒုက္ခသည်အရေအတွက်ဟာ တနေ့တခြား ပိုတိုးလာနေပြီး လိုအပ်ချက်တွေလည်း ပိုများလာနေပါတယ်။

ဆီးရီးယားမှာ အထွေထွေသပိတ် စတင်

ဆီးရီးယားနိုင်ငံမှာ ပြည်သူတွေရဲ့ အာခံမှုနဲ့ အစိုးရကိုဖြုတ်ချဖို့ ရည်ရွယ်ပြီး အထွေထွေသပိတ်ကြီးကို တနင်္ဂနွေနေ့က စတင်ခဲ့ပါတယ်။

Demonstrators protesting against Syria's President Bashar al-Assad gather during a march through the streets after Friday prayers near Adlb December 9, 2011.
ဆက်ရန်

အီးမေးလ်

သတင်း
မြန်မာသတင်း
နိုင်ငံတကာသတင်း
သတင်းသုံးသပ်ချက်

သတင်းလွှာမှာကြားမှု ရပ်ဆိုင်းရန်

သတင်းလွှာမှာကြားမှု ရပ်ဆိုင်းလိုလျှင်

အကူအညီရယူရန်။

သိလိုသည်များကို အီးမေးပေးပို့ရန်။ burmese@voanews.com

သတင်းလွှာမှာကြားမှု ရပ်ဆိုင်းရန်

No comments:

Post a Comment