ကွယ်လွန်သွားတဲ့ ချက်သမ္မတဟောင်း ဟာဗဲလ်ရဲ့ဆောင်ရွက်မှုတွေကြောင့် မြန်မာ့အရေးဟာ လုံခြုံရေးကောင်စီအထိ ရောက်ခဲ့တယ်လို့ ရင်နှီးသူတွေကပြောပါတယ်။
ဟားမားစ်အဖွဲ့နဲ့ သဘောတူညီချက်အရ ဒုတိယအဆင့်အနေနဲ့ ပါလက်စတိုင်း အကျဉ်းသား ၅၀၀ ကို အစ္စရေးက လွှတ်ပေးလိုက်ပါတယ်။
ရုရှားနိုင်ငံ မော်စကိုနဲ့ စိန့်ပီတာစဘတ်ဂ် မြို့ကြီးတွေမှာ ပြီးခဲ့တဲ့ လွှတ်တော်ရွေးကောက်ပွဲကို ကန့်ကွက်ဆန္ဒပြမှုတွေ ဆက်လက် ဖြစ်ပွားနေပါတယ်။
မြန်မာ့ဒီမိုကရေစီရေးနဲ့ လူ့အခွင့်အရေး တိုးတက်ရေးအတွက် အစဉ်တစိုက် အားပေးလာခဲ့တဲ့ ချက်သမ္မတဟောင်း ဗားဆလပ်ဟာဗဲလ် ဒီကနေ့ ကွယ်လွန်သွားပါတယ်။
ဖိလစ်ပိုင်နိုင်ငံမှာ ပြင်းထန်တဲ့ မုန်တိုင်းကျပြီး ရေးကြီးမှု ဖြစ်ပွားခဲ့တာကြောင့် လူပေါင်း ၆၀၀ ကျော်သေဆုံးပြီး ပျောက်ဆုံးသူ ၈၀၀ ကျော်ရှိ။
အီရတ်မှာရှိနေတဲ့ အမေရိကန်တပ်ဖွဲ့တွေ ပြန်ရုပ်သိမ်းနေတာမှာ နောက်ဆုံးကားတန်းဟာ အီရတ်ကနေ ကူဝိတ်နိုင်ငံထဲကို ဒီကနေ့ပဲ ဖြတ်မောင်းသွားပါတယ်။
KNU ခေါင်းဆောင်တစ်ဦးဖြစ်သူ ဖဒိုမန်းငြိမ်းမောင်ဟာ မတရားအသင်းအဖွဲ့ ပုဒ်မ စွဲချက်တွေနဲ့ အင်းစိန်ထောင်မှာ အကျဉ်းကျခံနေရတယ်လို့ ဆိုပါတယ်။
အီဂျစ်နိုင်ငံ ကိုင်ရိုမြို့တော်မှာ ဒုတိယမြောက်နေ့အဖြစ် လုံခြုံရေးတပ်ဖွဲ့တွေနဲ့ ဆန္ဒပြသူတွေကြား တိုက်ခိုက်မှုတွေ ထပ်မံဖြစ်ပွားခဲ့ပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီကို ပြန်လည် ဖွဲ့စည်းတဲ့အခါမှာ ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌ ဖြစ်လာမယ့်အလားအလာ ရှိနေပါတယ်။
ထိုင်းဝန်ကြီးချုပ် ယင်းလပ်ရှင်န၀ပ်က မြန်မာနိုင်ငံကို ရှေ့သီတင်းပတ်ထဲ သွားရောက်တဲ့အခါ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့မယ်လို့ ဒီကနေ့ ပြောပါတယ်။
သတင်း မြန်မာသတင်း နိုင်ငံတကာသတင်း သတင်းသုံးသပ်ချက်
သတင်းလွှာမှာကြားမှု ရပ်ဆိုင်းလိုလျှင်
သိလိုသည်များကို အီးမေးပေးပို့ရန်။ burmese@voanews.com
သတင်းလွှာမှာကြားမှု ရပ်ဆိုင်းရန်
No comments:
Post a Comment