Friday, December 23, 2011

VOA Burmese E-mail News Summary

ထိပ်တန်းသတင်း

ကင်ဂျုံအွန်းကို မြောက်ကိုရီးယား ခေါင်းဆောင်သစ်အဖြစ် ကြေညာ

မြောက်ကိုရီးယားမှာ ကွယ်လွန်သူ ကင်ဂျုံအီးလ်ရဲ့အငယ်ဆုံးသား ကင်ဂျုံအွန်း ဦးဆောင်တဲ့ခေတ် ​ရောက်ပြီလို့ မြောက် ကိုရီးယားက ကြေညာ လိုက်ပါပြီ။

ဘဂ္ဂဒက်မြို့ ဗုံးကွဲမှု လူ ၇၀ ခန့်သေဆုံး

အမေရိကန်တပ်ဖွဲ့တွေ ထွက်ခွာချိန်မှာပဲ အီရတ်နိုင်ငံတဝှန်းမှာ မနေ့က ဗုံးပေါက်ကွဲမှုတွေကြောင့် သေဆုံးသူ ၇၀ လောက် ရှိနေပါပြီ။

Iraqi security forces and people inspect the scene of a car bomb attack in Baghdad, Iraq, Thursday, Dec. 22, 2011.

အာရပ်အဖွဲ့ချုပ်အကဲခတ်အဖွဲ့ ဆီးရီးယားကိုရောက်

အစိုးရဆန့်ကျင်သူတွေကို သတ်ဖြတ်နှိမ်နင်းမှုတွေရှိနေတာကို စောင့်ကြည့်လေ့လာမယ့် ရှေ့ပြေးအဖွဲ့ ဆီးရီးယားနိုင်ငံကို ရောက်နေပါပြီ။

Syria's President Bashar al-Assad (C) meets a delegation of clan leaders from three cities in nation's northeastern region - Deir Ezzour, Raqqa and Hasaka - in Damascus, Syria, December 22, 2011.

အယ်လ်ကိုင်းဒါး ခေါင်းဆောင်ဖမ်းမိရေး ဒေါ်လာ ၁၀ သန်းဆုငွေထုတ်

အီရန်နိုင်ငံမှာရှိတယ်လို့ယူဆရတဲ့ အယ်လ်ကိုင်းဒါးအဖွဲ့ကို ငွေကြေးထောက်ပံ့သူအကြောင်း သတင်းပေးနိုင်သူ အမေရိကန်ဒေါ်လာ ဆယ်သန်း ဆုငွေထုတ်ထားသည်။

Ezedin Abdel Aziz Khalil

ပါတီဝင်ဟောင်းများ ပြန်လက်ခံရေး NLD စိစစ်မည်

အကြောင်းအမျိုးမျိုးကြောင့် ပါတီကနှုတ်ထွက်၊ ကင်းကွာနေသူတွေကို စည်းကမ်းထိမ်းသိန်းရေးအဖွဲ့က စိစစ်ပြီးမှ လက်ခံမည်။

စာ၊နယ်၊ဇင်းလွတ်လပ်ခွင့်အဆိုးဆုံးထဲ မြန်မာမပါတော့

လူထုအုံကြွမှုကြီးလာတဲ့အာရပ်နိုင်ငံတွေ ထိပ်တက်လာလို့ စာ၊နယ်၊ဇင်းလွတ်လပ်ခွင့် အဆိုးဆုံးစာရင်းမှာ မြန်မာပြည်မပါတော့ဘူးလို့ RSF က ပြောပါတယ်။

နိုင်ငံရေးပြုပြင်ပြောင်းလဲမှု ရုရှားသမ္မတအဆိုပြု

ရုရှားပြည်သူတိုင်း နိုင်ငံရေးလုပ်ငန်းစဉ်ထဲပါခွင့်ရစေမယ့် ဒီမိုကရေစီလိုအပ်ကြောင်းနဲ့ ပြုပြင်ပြောင်းလဲရေးအဆိုပြုချက်ကို ရုရှားသမ္မတကြေညာ

Russia's President Dmitry Medvedev makes his annual state of the nation address at the Kremlin in Moscow December 22, 2011.

တရုတ်ဓာတ်အားပေးစက်ရုံ ကန့်ကွက်ဆန္ဒပြမှုတင်းမာဆဲ

တရုတ်ပြည်တောင်ပိုင်းမြို့ဟိုင်းမန်းမှာ ဓာတ်အားပေးစက်ရုံတိုးချဲ့ရေး အခြေအနေတင်းမာနေပြီး အဓိကရုဏ်းနှိမ်နင်းရေးရဲတပ်ဖွဲ့ ကင်းလှည့်နေပါတယ်။

ဆီးရီးယားအစိုးရ နေဝင်ချိန် ရောက်လု နီးပြီ

၂ ရက်အတွင်း လူ ၂၀၀ ကျော် သတ်ဖြတ်ခဲ့တယ်ဆိုတဲ့ သတင်းတွေ ​နောက်မှာ အိမ်ဖြူတော်က ဆီးရီးယားအစိုးရကို နေဝင်ချိန်ရောက်ပြီလို့ ပြောပါတယ်။

Anti-government protesters attend the funeral of protesters killed in earlier clashes in the Damascus suburb of Zabadani, Syria, December 21, 2011.

တရားစွဲခံရတဲ့ အီရတ် ဒုသမ္မတ ဟာရှိမီ ကဒ်ဒေသမှာ ခိုလှုံ

အစိုးရအရာရှိတွေကိုသတ်ဖြတ်ဖို့ကြံစည်မှုနဲ့ ဖမ်းဝရမ်းထုတ်ခံထားရသူ အီရတ်ဒုသမ္မတဟာ မြောက်ပိုင်း ကဒ်ဒေသကို ထွက်ပြေးသွားခဲ့ပါတယ်။

Iraq's Vice President Tareq al-Hashemi speaks at a news conference in in Arbil, about 350 km (220 miles) north of Baghdad, December 20, 2011.
ဆက်ရန်

အီးမေးလ်

သတင်း
မြန်မာသတင်း
နိုင်ငံတကာသတင်း
သတင်းသုံးသပ်ချက်

သတင်းလွှာမှာကြားမှု ရပ်ဆိုင်းရန်

သတင်းလွှာမှာကြားမှု ရပ်ဆိုင်းလိုလျှင်

အကူအညီရယူရန်။

သိလိုသည်များကို အီးမေးပေးပို့ရန်။ burmese@voanews.com

သတင်းလွှာမှာကြားမှု ရပ်ဆိုင်းရန်

No comments:

Post a Comment