Friday, December 30, 2011

VOA Burmese E-mail News Summary

ထိပ်တန်းသတင်း

Kurt Campbell အရှေ့အာရှခရီးစဉ်အတွင်း မြန်မာ့အရေးဆွေးနွေးမည်

အမေရိကန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Kurt Campbell မြန်မာ့အရေးဆွေးနွေးဖို့ တရုတ်၊ ဂျပန်၊ တောင်ကိုရီးယားတို့ကို သွားဖို့ရှိပါတယ်။

ကင်ဂျုံအီးလ် ဈာပနဓာတ်ပုံ Photoshop နဲ့ ပြုပြင်ထား

ညီညီညာညာရပ် ငိုကြွေးနေသူတွေနောက်က မညီမညာရပ်နေသူတွေကို မြောက်ကိုရီးယားနိုင်ငံပိုင်သတင်းက Photoshop နဲ့ပြင်တာကို ကျွမ်းကျင်သူတွေ တွေ့

မင်္ဂလာတောင်ညွန့်ပေါက်ကွဲမှု သေဆုံးသူ ၂၀ ကျော်

မင်္ဂလာတောင်ညွန့် မီးလောင်ပေါက်ကွဲမှုကြောင့် သေဆုံးသူ ၂၀ ကျော်နေပြီး ၈၀ ထက်မနည်း ဒဏ်ရာရခဲ့ကြတယ်လို့ နောက်ဆုံးသတင်းတွေအရ သိရပါတယ်။

တရုတ်အလုပ်သမား ဆန္ဒပြမှု စက်ရုံပိုင်ရှင် လိုက်လျော

တရုတ်အလုပ်သမားတွေ ရဲ့ နှစ်ကုန်ဆုကြေားတိုးရရေး တောင်းဆိုချက် တောင်ကိုရီးယားကုမ္ပဏီက လိုက်လျောခဲ့လို့ ၃ ရက်ကြာ ဆန္ဒပြပွဲ အဆုံးသတ်ခဲ့ပါတယ်။

ခါဂျစ်စတန်မှာအမေရိကန်စစ်စခန်း ဆက်ထားတော့မည်မဟုတ်

ခါဂျစ်စတန်အရပ်ဘက်လေဆိပ်ကို စစ်ရေးအတွက်အသုံးခံနေရတာနဲ့စာရင် ရတဲ့ငွေကနည်းတဲ့အတွက် ဆက်မငှားတော့ဘူးလို့ သမ္မတ Atambayev ကပြောပါတယ်။

Kyrgyz President Almazbek Atambayev speaks during a news conference at the Ala-Archa state residence outside Bishkek December 29, 2011.

မင်္ဂလာတောင်ညွန့် မီးလောင်ပေါက်ကွဲမှုကြောင့် အနည်းဆုံးလူ ၁၀ ဦးသေဆုံး

မင်္ဂလာတောင်ညွန့်မြို့နယ်မှာ ပြင်းထန်တဲ့ ပေါက်ကွဲမှုကြောင့် မီးသတ်ဝန်ထမ်းတွေအပါအဝင် အနည်းဆုံး လူ ၁၀ ဦး သေဆုံးခဲ့ရပါတယ်။

အီရန် ရေလက်ကြားပိတ်ဆို့မှု အမေရိကန်သည်းခံမည်မဟုတ်

နျူကလီးယားအရေးကြောင့် အနောက်အုပ်စုက အီရန်ရေနံတင်ပို့မှုပိတ်ဆို့တာကို တုံ့ပြန်ဖို့ ဟော်မုဇ်ရေလက်ကြားကို ပိတ်မယ်လို့ အီရန်က ခြိမ်းခြောက်

Hormuz Strait

တရုတ်အရှေ့ပိုင်း အလုပ်သမားထောင်ချီ ဆန္ဒပြ

တရုတ်မှာဖွင့်ထားတဲ့ ကိုရီးယားလျှပ်စစ်ကုမ္ပဏီက နှစ်ကူးဆုကြေးပေးရာမှာ တရုတ်အလုပ်သမားတွေ ကိုရီးယားအလုပ်သမားလောက်မရတဲ့အတွက် ဆန္ဒပြနေကြပါတယ်။

နိုင်ငံရေးအကျဉ်းသားလွှတ်ရင် ပြုပြင်ပြောင်းလဲရေး အရှိန်မြှင့်မည်

မြန်မာနိုင်ငံမှာ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးရင် ပြုပြင်ပြောင်းလဲရေး အရှိန် မြှင့်နိုင်လို့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးပြော။

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး မာရ်တီ နာတာလီဂါဝါ။ ဒီဇင်ဘာ ၂၈၊ ၂၀၁၁

ကင်မ်ဂျုံအီးလ် နာရေးအခမ်းအနား ကျင်းပ

မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအီးလ်ရဲ့ အသုဘ အခမ်းအနားမှာ ပူဆွေး ငိုကြွေးကြသူ ထောင် သောင်းချီ ဂါရ၀ ပြုခဲ့ကြပါတယ်။

A limousine carrying a portrait of late North Korean leader Kim Jong-il leads his funeral procession past crowds on a street in Pyongyang in this still image taken from video, December 28, 2011.
ဆက်ရန်

အီးမေးလ်

သတင်း
မြန်မာသတင်း
နိုင်ငံတကာသတင်း
သတင်းသုံးသပ်ချက်

သတင်းလွှာမှာကြားမှု ရပ်ဆိုင်းရန်

သတင်းလွှာမှာကြားမှု ရပ်ဆိုင်းလိုလျှင်

အကူအညီရယူရန်။

သိလိုသည်များကို အီးမေးပေးပို့ရန်။ burmese@voanews.com

သတင်းလွှာမှာကြားမှု ရပ်ဆိုင်းရန်

No comments:

Post a Comment