Wednesday, December 14, 2011

VOA Burmese E-mail News Summary

ထိပ်တန်းသတင်း

မြန်မာ့အရေး စိန်ခေါ်မှု အမေရိကန်နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ တရုတ်စိတ်ဝင်စား

မြန်မာနိုင်ငံပြုပြင်ပြောင်းလဲရေးနဲ့ လိုအပ်တဲ့အကူအညီတွေပေးရေးကို တရုတ်နိုင်ငံကလည်း စိတ်ဝင်တစားရှိနေတာတွေ့ရတယ်လို့ ဒဲရက်မစ်ချယ်ကပြောပါတယ်

အမေရိကန် ကာကွယ်ရေး ၀န်ကြီး အာဖဂန်နစ္စတန်ရောက်

အမေရိကန်ဦးဆောင်တဲ့ သူပုန်နှိမ်နင်းရေးလုပ်ငန်းတွေ တိုးတက်မှုရှိမရှိ စစ်ဆေးဖို့ ကာကွယ်ရေး ၀န်ကြီး Leon Panetta အာဖဂန်ကို ရောက်နေပါတယ်။

Defense Secretary Leon Panetta speaks to military personnel during his visit to Camp Lemonnier in Djibouti, December 13, 2011.

မလေးရှား အတိုက်အခံခေါင်းဆောင်အမှု အပြီးသတ်လျှောက်လဲချက်တင်

မလေးရှားအတိုက်အခံခေါင်းဆောင်အဏ္ဍဝါဟာ သူ့လက်ထောက်ကို အဓမ္မပြုကျင့်မှုမှာ သံသယအကျိုး ခံစားခွင့်မလိုအောင် သက်သေခိုင်လုံတယ်လို့ ပြောပါတယ်။

NLD ပါတီ ထူထောင်ခွင့်ရပြီ

NLD ပါတီမှတ်ပုံတင်ခွင့်ရသွားပြီဖြစ်လို့ မှတ်ပုံတင်ရေးလိုအပ်တာတွေ စလုပ်နေပြီး ရွေးကောက်ပွဲအတွက်လည်း ပြင်နေပြီလို့ ပြောခွင့်ရသူက ပြောပါတယ်

ကုလအရာရှိတချို့ လိုင်ဇာရောက်

KIA နဲ့ မြန်မာအစိုးရတပ်ရဲ့ ၆ လကျော်ကြာစစ်ပွဲအတွင်းက ဒေသခံ စစ်ဘေးဒုက္ခသည်တွေကို ကူညီဖို့ ကုလဝန်ထမ်းတချို့ လိုင်ဇာမြို့ကို ရောက်နေပါတယ်။

တရုတ်ဝန်ကြီးချုပ် မြန်မာပြည်သွားမည်

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးကလင်တန် ခရီးစဉ်အပြီး မဲခေါင်မြစ်လုံခြုံရေးအစည်းအဝေးတက်ဖို့ တရုတ်ဝန်ကြီးချုပ် မြန်မာပြည်ကို ရှေ့လထဲ သွားမည်

China's Premier Wen Jiabao, (File September 14, 2011).

ဆီးရီးယားနှိပ်ကွပ်မှု ICC စုံစမ်းဖို့ ကုလတင်ပြမည်

ဆီးရီးယားအဓိကရုဏ်းတွေအတွင်း စနစ်တကျစီစဉ်သတ်ဖြတ်နှိပ်စက်မှုတွေ အထောက်အထားတွေအရ ICC ကို လွှဲပေးဖို့ ကုလသမဂ္ဂက တင်ပြမည်။

Jordanian police stand guard in front of the Syrian Embassy in Amman, Jordan, Sunday, Dec. 11, 2011.

ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဇန်န၀ါရီလဆန်း မြန်မာပြည်သွားမည်

ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ၀ီလျံဟိတ်ဂ် (William Hague) က ရှေ့လထဲမှာ မြန်မာနိုင်ငံကို သူ သွားရောက်မယ်လို့ ပြောပါတယ်။

ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ၀ီလျံဟိတ်ဂ် (၀ဲ) နဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ကလင်တန် (ယာ) တို့ အမေရိကန် နိုင်ငံခြားရေးဌာနမှာ ပူးတွဲသတင်းစာ ရှင်းလင်းပွဲ ပြုလုပ်နေစဉ်။ (ဒီဇင်ဘာလ ၁၂၊ ၂၀၁၁)

ကလေးသူငယ် ကူးသန်းရောင်းဝယ်မှု လူသားမဆန်တဲ့ပြစ်မှု

ကလေးငယ်တွေ ရောင်းစားခံရမှုဟာ တစ်နှစ်ထက်တစ်နှစ် ပိုမိုးများပြားလာတယ်လို့ ကလေးငယ်တွေကို လူကုန်ကူးမှုဆန့်ကျင်ရေးနေ့မှာ သတိပေးပြောဆိုကြပါတယ်။

Tran Mai Hoa, 17, sits talking during an interview with AFP in the Vietnamese city of Ha Long, 25 September 2005 (file photo).

NLD ရွေးကောက်ပွဲ အမှတ်တံဆိပ်သစ် ကြေညာ

လာမယ့် ကြားဖြတ် ရွေးကောက်ပွဲမှာသုံးမယ့် ပါတီရဲ့ အမှတ်အသားသစ်ကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ကြေညာလိုက်ပါတယ်။

NLD ပါတီအမှတ်တံဆိပ်နဲ့ သင်္ကေတသစ်ကို ကြေးမုံသတင်းစာထဲတွင် ထည့်သွင်းကြေညာထားပုံ။ (ဒီဇင်ဘာလ ၁၁၊ ၂၀၁၁)
ဆက်ရန်

အီးမေးလ်

သတင်း
မြန်မာသတင်း
နိုင်ငံတကာသတင်း
သတင်းသုံးသပ်ချက်

သတင်းလွှာမှာကြားမှု ရပ်ဆိုင်းရန်

သတင်းလွှာမှာကြားမှု ရပ်ဆိုင်းလိုလျှင်

အကူအညီရယူရန်။

သိလိုသည်များကို အီးမေးပေးပို့ရန်။ burmese@voanews.com

သတင်းလွှာမှာကြားမှု ရပ်ဆိုင်းရန်

No comments:

Post a Comment