ကချင်ပြည်နယ်တွင်း စစ်ပွဲတွေကြောင့် အိုးအိမ်ပစ်ထွက်ပြေးနေရတဲ့ ဒုက္ခသည်တွေအတွက် ဒေါ်အောင်ဆန်းစုကြည်က ကျပ်ငွေ သိန်း ၃၀၀ လှူဒါန်းခဲ့ပါတယ်။
ရုရှားနိုင်ငံက လွှတ်တော်ရွေးကောက်ပွဲမှာ မဲမသမာမှုတွေရှိတယ် ဆိုပြီး မကျေမနပ်ဖြစ်နေပြီး လူထု ထောင်သောင်းချီ မနေ့က ထပ်မံ ဆန္ဒပြခဲ့ကြပါတယ်။
ခရစ်ယာန်ဘာသာဝင်တွေ ခရစ်တော်မွေးနေ့ ကျင်းပနေကြချိန်မှာ ပုပ်ရဟန်းမင်းကြီး ဘန်းနဒစ်က စီးပွားရေးဆန်လွန်းတဲ့ခရစ္စမတ်ပွဲတွေကို ဝေဖန်လိုက်ပါတယ်။
NLD ပါတီ တရားဝင်မှတ်ပုံတင်ခွင့် အတည်ပြုချက်ရတာနဲ့ ပါတီဖွဲ့စည်းပုံ အသစ်ကို ကြေညာမယ်လို့ NLD ပါတီက ပြောပါတယ်။
ပါကစ္စတန်နဲ့ဆက်ဆံရေး ပြန်လည် ကောင်းမွန်ဖို့အတွက် ပါကစ္စတန်က စစ်သွေးကြွတွေအပေါ် Drone လေယာဉ်တိုက်ခိုက်မှု အမေရိကန်က ရပ်ဆိုင်းမယ်လို့ဆိုပါတယ်။
ကျူးဘားအစိုးရက လူသားချင်း စာနာထောက်ထားတဲ့ အကြောင်းပြချက်နဲ့ အကျဉ်းသားသုံးထောင်နီးပါးကို မကြာခင်ရက်ပိုင်းအတွင်း လွှတ်ပေးမယ်လို့ဆိုပါတယ်။
ဆီးရီးယားနိုင်ငံမြို့တော် ဒမားစကက်စ်မှာ မနေ့က အသေခံဗုံးခွဲမှုနှစ်ခုကြောင့် သေဆုံးသူ ၄၄ ဦးထက်မနည်းရှိပြီး လူ ၁၅၀ လောက် ဒဏ်ရာရခဲ့ပါတယ်။
ပါကစ္စတန်စစ်တပ်က နိုင်ငံရဲ့ အရပ်သားအစိုးရကို ဖြုတ်ချပြီး အာဏာသိမ်းဖို့ လုပ်နေတယ်ဆိုတဲ့ သတင်းကို ပါကစ္စတန်စစ်တပ်အကြီးအကဲက ငြင်းဆိုပါတယ်။
မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသားစာရင်း ကွဲပြားမှုတွေရှိနေတဲ့အပေါ် လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေ ရှိသင့်ကြောင်း အေအေပီပီအဖွဲ့တောင်းဆို။
ချက်သမ္မတဟောင်း ဗားဆလပ်ဟာဗဲလ် အတွက် ဈာပနကို မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားသူတွေလည်း တတ်ရောက် ဂါရ၀ပြုခဲ့ကြပါတယ်။
သတင်း မြန်မာသတင်း နိုင်ငံတကာသတင်း သတင်းသုံးသပ်ချက်
သတင်းလွှာမှာကြားမှု ရပ်ဆိုင်းလိုလျှင်
သိလိုသည်များကို အီးမေးပေးပို့ရန်။ burmese@voanews.com
သတင်းလွှာမှာကြားမှု ရပ်ဆိုင်းရန်
No comments:
Post a Comment